ချန်ပီယံလိဂ်ပွဲကြို မဲဝုဒ်က လေ့ကျင့်ရေးမှာတော့ ဗန်ဒိုက်၊ အယ်လီဆန်၊ မာတစ်၊ ချိန်ဘာလိန်၊ သီယာဂိုတို့ မပါခဲ့ပေမယ့် ကျန် ကစားသမားအားလုံး ပါဝင်ခဲ့တယ်။

သီယာဂိုနဲ့ မာတစ်တို့ ဒဏ်ရာ အနည်းငယ် ရှိနေတယ်လို့ နာမည်ထွက်နေပြီး ကိုဗစ်ပိုးတွေ့ထားတဲ့ ကိတ်တာနဲ့ တစ်ကြိမ် ကိုဗစ်ပိုးတွေ့ခဲ့တဲ့ ရှာကွီရီတို့ လေ့ကျင့်ရေးထဲ ပြန်လည် ပါဝင်လာနိုင်တယ်။ ဒါ့အပြင် နက်ဖီးလစ်နဲ့ ရိုင်စ် ဝီလီယမ်တို့ကိုလည်း လေ့ကျင့်ရေးမှာ တွေ့ခဲ့ရပါတယ်။

မန်နေဂျာကလောပ့်က “ သီယာဂိုက ခပ်ပြင်းပြင်း ထိမိတာပါ။ ဗန်ဒိုက်လိုတော့ ကြီးမားတဲ့ အခြေအနေ မဟုတ်ခဲ့ပေမယ့် အေဂျက်နဲ့ပွဲမှာ သူ့ကို ထည့်သုံးနိုင်မလား ကြည့်ရမှာပါ ” လို့ သီယာဂိုရဲ့ အခြေအနေကို ဆိုခဲ့ပါတယ်။

ကိတ်တာ၊ အလီ၊ ချိန်ဘာလိန်တို့နဲ့ ပက်သက်ပြီးလည်း “ အားလုံးကောင်းပါတယ်။ တကယ်ကို ကောင်းပါတယ်။ နာဘီက လေ့ကျင့်ရေး ဆင်းထားတယ်။ ဒါက အကောင်းမြင်စရာပေါ့။ ချိန်ဘာလိန်က ကာလှည် ပြန်လည် ထူထောင်မှု လုပ်နေတာပါ။ ဒါပေမယ့် အခြေအနေ ကောင်းပါတယ်။ ခံစားချက်တွေ ကောင်းနေတယ်။

အလီကလည်း အခြေအနေ ကောင်းတယ်။ ဘောလုံးဖမ်းတာတွေ ဘာတွေတောင် လုပ်နေပြီး ဒါပေမယ့် ခပ်ကြမ်းကြမ်းတွေ လုပ်ခွင့်ပေးဦးမှာ မဟုတ်ပါဘူး။ အလီကို နေ့တိုင်း ဘယ်လိုပဲလို့ မေးတော့ သူက တိုးတက်လာကြောင်း ပြုံးပြီး ဖြေပါတယ်။

ကိတ်တာကိစ္စက လေ့လာနေဆဲပါ။ ဗိုင်းရပ် ကူးစက်ခံရတဲ့ လက္ခဏာ မရှိတော့ပေမယ့် ဒီလို ကိစ္စမျိုးကို ကျနေ်ာတို့ သင်ယူနေဆဲ ဖြစ်ပါတယ်။ မနေ့က လေ့ကျင့်ရေးမှာ ကိတ်တာ သိပ်ကောင်းခဲ့တာကို ရိုးရိုးသားသား ပြောလိုပါတယ်။ သူပါနိုင်ဖို့ မျှော်လင့်ထားတယ် ဒါပေမယ့် မသိသေးပါဘူး ” လို့ ဆိုခဲ့ပါတယ်။

ခံစစ်မှူး မာတစ်ကတော့ မပါနိုင်တဲ့ အခြေအနေ မဟုတ်သေးဘဲ အသေးစား ကြွက်သား ဒဏ်ရာကို အခြေအနေ စောင့်ကြည့်ပေးနေဆဲဖြစ်ပြီး စိုးရိမ်စရာ မရှိရင်တော့ အေဂျက်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ပြဲၾကိဳ မဲဝုဒ္က ေလ့က်င့္ေရးမွာေတာ့ ဗန္ဒိုက္၊ အယ္လီဆန္၊ မာတစ္၊ ခ်ိန္ဘာလိန္၊ သီယာဂိုတို႔ မပါခဲ့ေပမယ့္ က်န္ ကစားသမားအားလံုး ပါဝင္ခဲ့တယ္။

သီယာဂိုနဲ႔ မာတစ္တို႔ ဒဏ္ရာ အနည္းငယ္ ရွိေနတယ္လို႔ နာမည္ထြက္ေနျပီး ကိုဗစ္ပိုးေတြ႔ထားတဲ့ ကိတ္တာနဲ႔ တစ္ၾကိမ္ ကိုဗစ္ပိုးေတြ႔ခဲ့တဲ့ ရွာကီြရီတို႔ ေလ့က်င့္ေရးထဲ ျပန္လည္ ပါဝင္လာႏုိင္တယ္။ ဒါ့အျပင္ နက္ဖီးလစ္နဲ႔ ရိုင္စ္ ဝီလီယမ္တုိ႔ကိုလည္း ေလ့က်င့္ေရးမွာ ေတြ႔ခဲ့ရပါတယ္။

မန္ေနဂ်ာကေလာပ့္က “ သီယာဂိုက ခပ္ျပင္းျပင္း ထိမိတာပါ။ ဗန္ဒိုက္လိုေတာ့ ၾကီးမားတဲ့ အေျခအေန မဟုတ္ခဲ့ေပမယ့္ ေအဂ်က္နဲ႔ပြဲမွာ သူ႔ကို ထည့္သံုးႏုိင္မလား ၾကည့္ရမွာပါ ” လို႔ သီယာဂိုရဲ႕ အေျခအေနကို ဆိုခဲ့ပါတယ္။

ကိတ္တာ၊ အလီ၊ ခ်ိန္ဘာလိန္တို႔နဲ႔ ပက္သက္ျပီးလည္း “ အားလံုးေကာင္းပါတယ္။ တကယ္ကို ေကာင္းပါတယ္။ နာဘီက ေလ့က်င့္ေရး ဆင္းထားတယ္။ ဒါက အေကာင္းျမင္စရာေပါ့။ ခ်ိန္ဘာလိန္က ကာလွည္ ျပန္လည္ ထူေထာင္မႈ လုပ္ေနတာပါ။ ဒါေပမယ့္ အေျခအေန ေကာင္းပါတယ္။ ခံစားခ်က္ေတြ ေကာင္းေနတယ္။

အလီကလည္း အေျခအေန ေကာင္းတယ္။ ေဘာလံုးဖမ္းတာေတြ ဘာေတြေတာင္ လုပ္ေနျပီး ဒါေပမယ့္ ခပ္ၾကမ္းၾကမ္းေတြ လုပ္ခြင့္ေပးဦးမွာ မဟုတ္ပါဘူး။ အလီကို ေန႔တိုင္း ဘယ္လိုပဲလို႔ ေမးေတာ့ သူက တိုးတက္လာေၾကာင္း ျပံဳးျပီး ေျဖပါတယ္။

ကိတ္တာကိစၥက ေလ့လာေနဆဲပါ။ ဗိုင္းရပ္ ကူးစက္ခံရတဲ့ လကၡဏာ မရွိေတာ့ေပမယ့္ ဒီလို ကိစၥမ်ိဳးကို က်ေန္ာတို႔ သင္ယူေနဆဲ ျဖစ္ပါတယ္။ မေန႔က ေလ့က်င့္ေရးမွာ ကိတ္တာ သိပ္ေကာင္းခဲ့တာကို ရိုးရိုးသားသား ေျပာလိုပါတယ္။ သူပါႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္ ဒါေပမယ့္ မသိေသးပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

ခံစစ္မွဴး မာတစ္ကေတာ့ မပါႏုိင္တဲ့ အေျခအေန မဟုတ္ေသးဘဲ အေသးစား ၾကြက္သား ဒဏ္ရာကို အေျခအေန ေစာင့္ၾကည့္ေပးေနဆဲျဖစ္ျပီး စိုးရိမ္စရာ မရွိရင္ေတာ့ ေအဂ်က္ကို ေခၚယူသြားမွာ ျဖစ္ပါတယ္။