ဗန်ဒိုက်နေရာ အစားထိုးဖို့အတွက် လီဗာပူးအသင်းက စတင် လှုပ်ရှားနေပြီဆိုတာကို The Athletic မှ သတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ဖော်သွားပါတယ်။

ဒီနွေမှာတည်းက လီဗာပူးအသင်းက ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘရိုက်တန်က ဘန်ဝိုက်ကို ဆက်ထိန်းသွားခြင်းနဲ့အတူ အဆင်မပြေခဲ့ဘူး။ ကလပ်ဘက်က ဆန္ဒရှိတဲ့ ခံစစ်သမားတွေကို ခေါ်ယူဖို့ အဆင်မပြေတာကြောင့် လာမယ့် နွေမှ ခေါ်ယူမယ်ဆိုပြီး အစီအစဉ် ဆွဲခဲ့တာဖြစ်တယ်။

သို့သော်လည်း ဗန်ဒိုက်ကို ကာလရှည် လက်လွတ်ရမှာဖြစ်လို့ အသင်းဟာ အဆင်သင့် သုံးလိုရနိုင်မယ့် အတွေ့အကြုံရှိ ခံစစ်သမားသစ် တစ်ဦးကို ဇန်နဝါရီဈေးကွက် ပထမဆုံးရက်မှာတင် လက်မှတ်ထိုးနိုင်ဖို့ စတင်ကြိုးစားနေပြီလို့ လီဗာပူးသတင်းထောက်က ဆိုခဲ့တာပါ။

ဂျိမ်းပီရက်စ်က ” ဇန်နဝါရီမှာ အသင်းက ခံစစ်သမားသစ် တစ်ဦးဦးကို လက်မှတ်မထိုးရင်သာ ကျနော် အရမ်း အံ့သြသင့်မိမှာပါ။ ဒီနွေမှာ လက်လွတ်လိုက်ရတဲ့ လိုဗရန်နေရာ ဗဟိုခံစစ်မှူးတစ်ဦးကို အစားမထိုးခဲ့တာက စွန့်စားတဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။

အန်ဖီးက လီဗာပူးကင်းထောက်တွေက လာမယ့် သီတင်းပတ်တွေအတွင်း ခံစစ်သမားသစ်ကို ရှာဖွေဖို့အတွက် ကြိုးစား လုပ်ဆောင်နေကြတော့မှာ ဖြစ်ပါတယ်။ ဥရောပကလပ်တွေက လီဗာပူးအသင်းက ခံစစ်မှူးတစ်ဦးကို အရေးတကြီး လိုအပ်နေပြီဆိုတာ နားလည်ကြပါတယ်။ ဒါကြောင့် ဇန်နဝါရီမှာ အသင်းခေါ်ယူမယ့် ဗဟိုခံစစ်သမားအတွက် ပြောင်းရွှေ့ကြေးက အတော်လေးကို မြင့်သွားဖို့ ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နွေဈေးကွက်အတွင်းမှာ လီဗာပူးအသင်းဟာ ရှော်ကေးမှ ကာဘက်နဲ့ ဘရိုက်တန်မှ ဘန်ဝိုက်တို့ နှစ်ဦးကို ချိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အသင်းက လိုက်ဇစ်အသင်းမှ ခံစစ်မှူး အူပါမီကာနိုကိုလည်း စောင့်ကြည့်လာနေခဲ့ပြီး ပြင်သစ်သားက ဘွန်ဒက်လီဂါကလပ်နဲ့ စာချုပ်ပါကြေးတစ်ခု ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ဗန္ဒိုက္ေနရာ အစားထိုးဖို႔အတြက္ လီဗာပူးအသင္းက စတင္ လႈပ္ရွားေနျပီဆိုတာကို The Athletic မွ သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေဖာ္သြားပါတယ္။

ဒီေႏြမွာတည္းက လီဗာပူးအသင္းက ဗဟိုခံစစ္မွဴးသစ္ ေခၚယူဖို႔ ဆႏၵရွိခဲ့ေပမယ့္ ဘရိုက္တန္က ဘန္ဝိုက္ကို ဆက္ထိန္းသြားျခင္းနဲ႔အတူ အဆင္မေျပခဲ့ဘူး။ ကလပ္ဘက္က ဆႏၵရွိတဲ့ ခံစစ္သမားေတြကို ေခၚယူဖို႔ အဆင္မေျပတာေၾကာင့္ လာမယ့္ ေႏြမွ ေခၚယူမယ္ဆိုျပီး အစီအစဥ္ ဆြဲခဲ့တာျဖစ္တယ္။

သို႔ေသာ္လည္း ဗန္ဒိုက္ကို ကာလရွည္ လက္လြတ္ရမွာျဖစ္လို႔ အသင္းဟာ အဆင္သင့္ သံုးလိုရႏုိင္မယ့္ အေတြ႔အၾကံဳရွိ ခံစစ္သမားသစ္ တစ္ဦးကို ဇန္နဝါရီေစ်းကြက္ ပထမဆံုးရက္မွာတင္ လက္မွတ္ထိုးႏုိင္ဖို႔ စတင္ၾကိဳးစားေနျပီလို႔ လီဗာပူးသတင္းေထာက္က ဆိုခဲ့တာပါ။

ဂ်ိမ္းပီရက္စ္က ” ဇန္နဝါရီမွာ အသင္းက ခံစစ္သမားသစ္ တစ္ဦးဦးကို လက္မွတ္မထိုးရင္သာ က်ေနာ္ အရမ္း အံ့ၾသသင့္မိမွာပါ။ ဒီေႏြမွာ လက္လြတ္လိုက္ရတဲ့ လိုဗရန္ေနရာ ဗဟိုခံစစ္မွဴးတစ္ဦးကို အစားမထိုးခဲ့တာက စြန္႔စားတဲ့ ကိစၥ ျဖစ္ခဲ့ပါတယ္။

အန္ဖီးက လီဗာပူးကင္းေထာက္ေတြက လာမယ့္ သီတင္းပတ္ေတြအတြင္း ခံစစ္သမားသစ္ကို ရွာေဖြဖို႔အတြက္ ၾကိဳးစား လုပ္ေဆာင္ေနၾကေတာ့မွာ ျဖစ္ပါတယ္။ ဥေရာပကလပ္ေတြက လီဗာပူးအသင္းက ခံစစ္မွဴးတစ္ဦးကို အေရးတၾကီး လိုအပ္ေနျပီဆိုတာ နားလည္ၾကပါတယ္။ ဒါေၾကာင့္ ဇန္နဝါရီမွာ အသင္းေခၚယူမယ့္ ဗဟိုခံစစ္သမားအတြက္ ေျပာင္းေရႊ႔ေၾကးက အေတာ္ေလးကို ျမင့္သြားဖို႔ ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေႏြေစ်းကြက္အတြင္းမွာ လီဗာပူးအသင္းဟာ ေရွာ္ေကးမွ ကာဘက္နဲ႔ ဘရိုက္တန္မွ ဘန္ဝိုက္တို႔ ႏွစ္ဦးကို ခ်ိတ္ဆက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ အသင္းက လိုက္ဇစ္အသင္းမွ ခံစစ္မွဴး အူပါမီကာႏိုကိုလည္း ေစာင့္ၾကည့္လာေနခဲ့ျပီး ျပင္သစ္သားက ဘြန္ဒက္လီဂါကလပ္နဲ႔ စာခ်ဳပ္ပါေၾကးတစ္ခု ရွိေနတာျဖစ္ပါတယ္။