လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းကို ခံစစ်မှူးသစ် တစ်ဦးအား အမြန်ရှာဖွေပြီး ဇန်နဝါရီ အစောပိုင်းမှာတင် အားဖြည့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ခေါ်ယူမှုကလည်း လီဗာပူးရဲ့ အကြပ်အတည်းကြောင့် ဈေးပိုပေးရမယ့် ခံစစ်သမား ဖြစ်လာမယ်လို့ သူမြင်တယ်။ အထူးသဖြင့် လီဗာပူးအတွက် ဈေးကြီးတဲ့ လက်မှတ်ထိုးမှု ဖြစ်လာမယ်လို့ ယူနေပါတယ်။

” လီဗာပူးရဲ့ နောက်ထပ် ခေါ်ယူမှုကြီးက ဗဟိုခံစစ်သမား ဖြစ်လာပါလိမ်မယ့်။ နောက်ဈေးကွက်မှာ လီဗာပူးခေါ်မယ့် ကစားသမားအကြောင်းကို ပြောနေတာပါ။ လိုဗရန် ထွက်သွားတော့ သူတို့ လိုဗရန်နေရာကို ပြန်မဖြည့်ခဲ့ဘူး။ အခုဆိုရင် ခံစစ်သမားက သုံးယောက်ပဲ ရှိတော့တာ ဖြစ်ပါတယ်။

မာတစ်က အမြဲတမ်း ဒဏ်ရာရှိနေတယ်။ ဂျိုးဂိုးမက်စ်နဲ့ ပက်သက်ပြီး ပြောဖို့ကလည်း အမြဲတမ်း ချွင်းချက်ဆိုတာတွေရှိတယ်။ ဒီတော့ လီဗာပူးက နောက်ထပ် ဈေးကွက်ထဲ ဝင်ရောက်ရာမှာ လှုပ်ရှားမှုကြီး ရှိလာမယ်ဆိုတာ သံသယမရှိဘူး။ နောက်ထပ် ခေါ်ယူမှုက ဗဟိုခံစစ်မှူးပဲ ဖြစ်လိမ့်မယ်။

ဇန်နဝါရီအစမှာပဲ သူတို့ ကစားသမား ခေါ်ယူသင့်တယ်။ ဇန်နဝါရီ အကုန်မှာ မဟုတ်ပါဘူး။ အခုလုပ်ရမှာက နောက်နွေမှာ ခေါ်ယူမယ့် ကစားသမားအတွက် ညိနှိုင်းမှုတွေ လုပ်နေဖို့ မဟုတ်ဘဲ ဆောင်းရာသီ ဈေးကွက်မှာတင် တန်းခေါ်ရမှာ ဖြစ်ပါတယ် ” လို့ ကာရေဂါက ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ခံစစ်သမားတွေ အများအပြားရှိပြီး ကာရေဂါကတော့ အူပါမီကာနိုက အသင်း ခေါ်ယူနိုင်တဲ့ ခံစစ်သမားလို့ ထင်မြင်နေတယ်။ ပြင်သစ်သားကိုလည်း သက်မှတ်ဈေးထက် ပိုပေးပြီး ဈေးကွက် အစမှာတင် ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ကာရေဂါက ” လူတိုင်း စကားပြောနေရတဲ့ ငယ်ရွယ်တဲ့ ခံစစ်သမားတွေ ရှိပါတယ်။ လိုက်ဇစ်က အူပါမီကာနိုလိုပေါ့။ သူ့အကြောင်း ပြောနေကြတာရှိတယ်။

သူက ဗန်ဒိုက်လို မှတ်တမ်းတွေတော့ မရှိဘူး။ သူက ၆ ပေ ကျော်ကျော်လေးပဲ ရှိမယ့်သူဖြစ်တယ်။ ဒါပေမယ့် သူက နောက်နှစ်နွေမှာ လီဗာပူးခေါ်ယူလိုသူဆိုရင် ရှေ့တိုးပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာတင် ခေါ်ယူနိုင်ဖို့ လုပ်ရမှာပါ။ ကြေးပိုပေးရမယ်ဆိုရင် ပိုပေးလိုက်တာမျိုးပေါ့။

ဒါဆိုရင်တော့ လီဗာပူးက လာမယ့် အမှတ်ပေးပွဲ ၁၁ ပွဲမှာ ဗန်ဒိုက်ကို လက်လွတ်ရမှာဖြစ်ပြီး ဇန်နဝါရီမှာတော့ ခံစစ်မှူးသစ်နဲ့ ရှေ့ဆက်ရမှာဖြစ်တယ်။ လီဗာပူးက လက်မှတ်ထိုး ခေါ်ယူမှုကြီးကို လုပ်လိမ့်မယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အသင္းေဟာင္းကို ခံစစ္မွဴးသစ္ တစ္ဦးအား အျမန္ရွာေဖြျပီး ဇန္နဝါရီ အေစာပိုင္းမွာတင္ အားျဖည့္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

အဆိုပါ ေခၚယူမႈကလည္း လီဗာပူးရဲ႕ အၾကပ္အတည္းေၾကာင့္ ေစ်းပိုေပးရမယ့္ ခံစစ္သမား ျဖစ္လာမယ္လို႔ သူျမင္တယ္။ အထူးသျဖင့္ လီဗာပူးအတြက္ ေစ်းၾကီးတဲ့ လက္မွတ္ထိုးမႈ ျဖစ္လာမယ္လို႔ ယူေနပါတယ္။

” လီဗာပူးရဲ႕ ေနာက္ထပ္ ေခၚယူမႈၾကီးက ဗဟိုခံစစ္သမား ျဖစ္လာပါလိမ္မယ့္။ ေနာက္ေစ်းကြက္မွာ လီဗာပူးေခၚမယ့္ ကစားသမားအေၾကာင္းကို ေျပာေနတာပါ။ လိုဗရန္ ထြက္သြားေတာ့ သူတို႔ လိုဗရန္ေနရာကို ျပန္မျဖည့္ခဲ့ဘူး။ အခုဆိုရင္ ခံစစ္သမားက သံုးေယာက္ပဲ ရွိေတာ့တာ ျဖစ္ပါတယ္။

မာတစ္က အျမဲတမ္း ဒဏ္ရာရွိေနတယ္။ ဂ်ိဳးဂိုးမက္စ္နဲ႔ ပက္သက္ျပီး ေျပာဖို႔ကလည္း အျမဲတမ္း ခၽြင္းခ်က္ဆိုတာေတြရွိတယ္။ ဒီေတာ့ လီဗာပူးက ေနာက္ထပ္ ေစ်းကြက္ထဲ ဝင္ေရာက္ရာမွာ လႈပ္ရွားမႈၾကီး ရွိလာမယ္ဆိုတာ သံသယမရွိဘူး။ ေနာက္ထပ္ ေခၚယူမႈက ဗဟိုခံစစ္မွဴးပဲ ျဖစ္လိမ့္မယ္။

ဇန္နဝါရီအစမွာပဲ သူတို႔ ကစားသမား ေခၚယူသင့္တယ္။ ဇန္နဝါရီ အကုန္မွာ မဟုတ္ပါဘူး။ အခုလုပ္ရမွာက ေနာက္ေႏြမွာ ေခၚယူမယ့္ ကစားသမားအတြက္ ညိႏိႈင္းမႈေတြ လုပ္ေနဖို႔ မဟုတ္ဘဲ ေဆာင္းရာသီ ေစ်းကြက္မွာတင္ တန္းေခၚရမွာ ျဖစ္ပါတယ္ ” လို႔ ကာေရဂါက ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ ခံစစ္သမားေတြ အမ်ားအျပားရွိျပီး ကာေရဂါကေတာ့ အူပါမီကာႏိုက အသင္း ေခၚယူႏုိင္တဲ့ ခံစစ္သမားလို႔ ထင္ျမင္ေနတယ္။ ျပင္သစ္သားကိုလည္း သက္မွတ္ေစ်းထက္ ပိုေပးျပီး ေစ်းကြက္ အစမွာတင္ ေခၚယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

ကာေရဂါက ” လူတိုင္း စကားေျပာေနရတဲ့ ငယ္ရြယ္တဲ့ ခံစစ္သမားေတြ ရွိပါတယ္။ လိုက္ဇစ္က အူပါမီကာႏိုလိုေပါ့။ သူ႔အေၾကာင္း ေျပာေနၾကတာရွိတယ္။

သူက ဗန္ဒိုက္လို မွတ္တမ္းေတြေတာ့ မရွိဘူး။ သူက ၆ ေပ ေက်ာ္ေက်ာ္ေလးပဲ ရွိမယ့္သူျဖစ္တယ္။ ဒါေပမယ့္ သူက ေနာက္ႏွစ္ေႏြမွာ လီဗာပူးေခၚယူလိုသူဆိုရင္ ေရွ႔တိုးျပီး ဇန္နဝါရီလ ၁ ရက္ေန႔မွာတင္ ေခၚယူႏုိင္ဖို႔ လုပ္ရမွာပါ။ ေၾကးပိုေပးရမယ္ဆိုရင္ ပိုေပးလုိက္တာမ်ိဳးေပါ့။

ဒါဆိုရင္ေတာ့ လီဗာပူးက လာမယ့္ အမွတ္ေပးပြဲ ၁၁ ပြဲမွာ ဗန္ဒိုက္ကို လက္လြတ္ရမွာျဖစ္ျပီး ဇန္နဝါရီမွာေတာ့ ခံစစ္မွဴးသစ္နဲ႔ ေရွ႔ဆက္ရမွာျဖစ္တယ္။ လီဗာပူးက လက္မွတ္ထိုး ေခၚယူမႈၾကီးကို လုပ္လိမ့္မယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။