လီဗာပူးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးညမှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် နယ်သာလန်ကလပ် အေဂျက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်။ မြန်မာစံတော်ချိန်အားဖြင့် ကြာသပတေးနေ့မနက် ၁း၃၀ နာရီ ဖြစ်ပါတယ်။

ဒီပွဲဟာ ဒီရာသီ ချန်ပီယံလိဂ်အတွက် လီဗာပူးရဲ့ ပထမဆုံးပွဲဖြစ်သလို နယ်သာလန်သား ခံစစ်မှူး ဗန်ဒိုက် မပါဘဲ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဖြစ်တယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာနဲ့ ကိုဗစ် ပြဿနာတွေ ရှုပ်ထွေးနေပြီး အခုချိန်ထိ ပါဝင်နိုင်မယ့် ကစားသမားများ စာရင်းက အတည်မပြုနိုင်ဘဲ သီယာဂိုနဲ့ မာတစ် အခြေအနေက စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပက်သက်လို့ မိုင်ကယ်အိုဝင်ကတော့ ” အမ်စတာဒမ်မှာ လီဗာပူးနဲ့ အေဂျက်တို့ ရင်ဆိုင်တွေ့ကြမယ့် ဖျော်ဖြေမှုပေးနိုင်စွမ်းရှိတဲ့ ပွဲဟာ ချန်ပီယံလိဂ် ဟယ်ဗီးဝိတ်နှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာသင့်ပါတယ်။

စနေနေ့တုန်းက လီဗာပူးက ရမှတ်အပြည့်ရဖို့ ကံမကောင်းခဲ့ပါဘူး။ ဒီပွဲကတော့ နှစ်သင်း သိပ်ကွာသွားမယ့် ပွဲမဟုတ်ဘူးလို့ ထင်တယ်။ လီဗာပူးကတော့ အိမ်ရှင်အသင်းထက်စာရင် ပိုမို အားကောင်းနေဆဲလို့ ကျနော် မြင်တယ် ” လို့ ပွဲကို သုံးသပ်ခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ပထမဆုံးပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ အေဂျက် ၁-၂ လီဗာပူးလို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ဗုဒၶဟူးညမွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ နယ္သာလန္ကလပ္ ေအဂ်က္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္တယ္။ ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ၾကာသပေတးေန႔မနက္ ၁း၃၀ နာရီ ျဖစ္ပါတယ္။

ဒီပြဲဟာ ဒီရာသီ ခ်န္ပီယံလိဂ္အတြက္ လီဗာပူးရဲ႕ ပထမဆံုးပြဲျဖစ္သလို နယ္သာလန္သား ခံစစ္မွဴး ဗန္ဒိုက္ မပါဘဲ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ျဖစ္တယ္။ လီဗာပူးအသင္းဟာ ဒဏ္ရာျပႆနာနဲ႔ ကိုဗစ္ ျပႆနာေတြ ရႈပ္ေထြးေနျပီး အခုခ်ိန္ထိ ပါဝင္ႏုိင္မယ့္ ကစားသမားမ်ား စာရင္းက အတည္မျပဳႏုိင္ဘဲ သီယာဂိုနဲ႔ မာတစ္ အေျခအေနက ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ မိုင္ကယ္အိုဝင္ကေတာ့ ” အမ္စတာဒမ္မွာ လီဗာပူးနဲ႔ ေအဂ်က္တို႔ ရင္ဆိုင္ေတြ႔ၾကမယ့္ ေဖ်ာ္ေျဖမႈေပးႏုိင္စြမ္းရွိတဲ့ ပြဲဟာ ခ်န္ပီယံလိဂ္ ဟယ္ဗီးဝိတ္ႏွစ္သင္းၾကား ထိပ္တိုက္ေတြ႔ဆံုမႈလည္း ျဖစ္ပါတယ္။ ဒီပြဲက ပြဲေကာင္းတစ္ပြဲ ျဖစ္လာသင့္ပါတယ္။

စေနေန႔တုန္းက လီဗာပူးက ရမွတ္အျပည့္ရဖို႔ ကံမေကာင္းခဲ့ပါဘူး။ ဒီပြဲကေတာ့ ႏွစ္သင္း သိပ္ကြာသြားမယ့္ ပြဲမဟုတ္ဘူးလို႔ ထင္တယ္။ လီဗာပူးကေတာ့ အိမ္ရွင္အသင္းထက္စာရင္ ပိုမို အားေကာင္းေနဆဲလို႔ က်ေနာ္ ျမင္တယ္ ” လို႔ ပြဲကို သံုးသပ္ခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ပထမဆံုးပြဲအတြက္ မိုင္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ေအဂ်က္ ၁-၂ လီဗာပူးလို႔ ျဖစ္ပါတယ္။