ဘိုင်ယန်မြူးနစ်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို နွေမှာခ်ါယူဖို့ ကလပ်အသင်းတွေ အခွင့်အရေးရလာပြီး မန်ယူလည်း တူညီတဲ့အခွင့်အရေး ရလိမ့်မယ်လို့ သိရပါတယ်။

ဂျိမ်းစ်ဟာ ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်ကနေ အငှားစာချုပ်နဲ့ ဘိုင်ယန်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်က နှစ်ရာသီ အငှားခေါ်ယူမှုက ဒီနွေမှာ စာချုပ်ပြည့်ပါပြီ။ ဒါပေမယ့် ဘိုင်ယန်ဘက်က အပြီးသတ်ခေါ်ယူမှု မလုပ်သလို ရီးရဲလ်ဘက်ကလည်း ကလပ်အသင်းအနာဂတ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။

လက်ရှိမှာ ဂျိမ်းစ်ကို ခေါ်ယူခွင့်အား ဥရောပ ထိပ်တန်းကလပ်တွေ တန်းစီလာဖို့ရှိပြီး အာဆင်နယ်၊ လီဗာပူးနဲ့ ဂျူဗင်တပ်စ် နည်းတူ မန်ယူကလည်း အခွင့်အရေး ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နွေမှာတော့ ဂျိမ်းစ်ဟာ ရီးရဲလ်ကို ပြန်ရမှာပါ။ အဲ့သည်ကနေမှ အနာဂတ်တစ်သင်းကို ဆုံးဖြတ်ရမှာဖြစ်တယ်။

ဂျိမ်းစ်ဟာ မန်ယူနဲ့မကြာခဏဆိုသလို သတင်းတွေထွက်ပေါ်လေ့ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူဟာ တိုက်စစ်မှာ နေရာစုံကစားနိုင်သူပါ။ ဒါဟာ တိုက်စစ်မှာပြဿနာအနည်းငယ်ရှိနေတဲ့ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးဖြည့်တင်းမှုတစ်ခု ဖြစ်လိမ့်မယ်လို့လည်း သတင်းတွေက ဆိုထားပါသေးတယ်။

သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၃၈ သန်းဖြစ်တယ်လို့လည်း သိရပါတယ်။ မန်ယူဟာ ဒီရာသီမှာ ကျရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတာမို့ အသင်းကို အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်ဖွယ်ရှိနေတာပါ။ အခု မန်ယူကြားဖြတ်ဝင်လာမှုက ဘယ်လိုအခြေအနေရှိမလဲ စောင့်ကြည့်ရမှာပါ။