ဝုဗ်က လိဒ်ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ စကိုင်းစပေါ့ စတူဒီယိုမှာ ရှိနေတဲ့ ကာရေဂါက ဗန်ဒိုက်နေရာ အစားဝင်ဖို့ ကလော့ပ်က မင်းကို အလိုရှိနေတယ်လို့ ဝုဗ်အသင်းခေါင်းဆောင် ကုတ်ဒီကို ပြောခဲ့တယ်။

ကာရေဂါက ဗန်ဒိုက်နေရာ အစားထိုးဖို့ လီဗာပူးမန်နေဂျာ ကလော့ပ်က မင်းကို စိတ်ဝင်စားနေတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ မင်းကို အရခေါ်မယ်လို့ ကလော့ပ်က မီဒီယာကနေ ကြေညာသွားတယ်လို့ အရွှန်းဖောက်ခဲ့တာပါ။ ကာရေဂါက ကုတ်ဒီကို အတည်ပေါက်နဲ့ စလိုက်တာဖြစ်ပြီး ကုတ်ဒီက ရုတ်တရတ်ဆိုတဲ့ လန့်သွားခဲ့တယ်။

သူကပဲ ” ဝုဗ်အသင်းရဲ့ ပွဲအပြီး ဖြေဆိုမှု လုပ်ပေးဖို့ ရှိနေတုန်း ကျနော်ကို ဒီလိုကြီး မေးလိုက်တာကတော့ မယုံနိုင်လောက်အောင်ပါပဲ။ မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူးဗျာ ” လို့ ရယ်မောပြီး ငြင်းဆန်ခဲ့တယ်။

ဝုဗ်အသင်းခေါင်းဆောင်က ” ဝုဗ်အသင်းအတွက် ကစားပေးရတာကို ကျနော် နှစ်သက်ပါတယ်။ လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တာကလည်း သိပ်ကောင်းပါတယ်၊ သိပ်ကောင်းတဲ့ ပွဲပါပဲ။ ကျနော်က ဘယ်လို ကစားသမားလဲဆိုတာ ခင်ဗျား (ကာရေဂါကို ရည်ရွယ်) သိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကုတ်ဒီရဲ့ ပြာသလဲလဲ ငြင်းဆန်မှုကို စကိုင်းစပေါ့ အဖွဲ့သားတွေ ပွဲကျခဲ့ပြီး သူတို့ကလည်း ကာရေဂါက နောက်ပြောင်နေတဲ့ အကြောင်းကို ဖော်ပေးခဲ့ပါတယ်။ တစ်မြို့တည်းသား နှစ်ဦးကတော့ ၂၀၁၃ တုန်းက ကာရေဂါ မထွက်သွားခင် လီဗာပူးမှာပါ အတူ ရှိခဲ့ကြဖူးတာဖြစ်တယ်။

အသက် ၂၇ နှစ်အရွယ် ခံစစ်သမားဟာ မာဆေးဆိုဒ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူပါ။ ၂၀၁၄ ခုနှစ်တုန်းက လီဗာပူးက သူ့ကို မရောင်းထုတ်ခင်မှာ အသင်းအတွက် တစ်ပွဲ ပွဲထွက် ကစားပေးခဲ့သေးတာဖြစ်တယ်။

ကုတ်ဒီဟာ ဝုဗ်အသင်းနဲ့ ကာလရှည် စာချုပ်ရှိထားသူဖြစ်ပြီး အန်ဖီးထံ သူပြန်လာတာကို လီဗာပူးပရိသတ်တွေကလည်း အလိုရှိနေကြတာဖြစ်ပါတယ်။

ZAWGYI

ဝုဗ္က လိဒ္ယူႏိုက္တက္ကို အႏုိင္ရတဲ့ပြဲမွာ စကိုင္းစေပါ့ စတူဒီယိုမွာ ရွိေနတဲ့ ကာေရဂါက ဗန္ဒိုက္ေနရာ အစားဝင္ဖို႔ ကေလာ့ပ္က မင္းကို အလိုရွိေနတယ္လို႔ ဝုဗ္အသင္းေခါင္းေဆာင္ ကုတ္ဒီကို ေျပာခဲ့တယ္။

ကာေရဂါက ဗန္ဒိုက္ေနရာ အစားထိုးဖို႔ လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္က မင္းကို စိတ္ဝင္စားေနတယ္။ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာပဲ မင္းကို အရေခၚမယ္လို႔ ကေလာ့ပ္က မီဒီယာကေန ေၾကညာသြားတယ္လို႔ အရႊန္းေဖာက္ခဲ့တာပါ။ ကာေရဂါက ကုတ္ဒီကို အတည္ေပါက္နဲ႔ စလိုက္တာျဖစ္ျပီး ကုတ္ဒီက ရုတ္တရတ္ဆိုတဲ့ လန္႔သြားခဲ့တယ္။

သူကပဲ ” ဝုဗ္အသင္းရဲ႕ ပြဲအျပီး ေျဖဆိုမႈ လုပ္ေပးဖို႔ ရွိေနတုန္း က်ေနာ္ကို ဒီလိုၾကီး ေမးလိုက္တာကေတာ့ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ မဟုတ္ပါဘူး။ မျဖစ္ႏုိင္ပါဘူးဗ်ာ ” လို႔ ရယ္ေမာျပီး ျငင္းဆန္ခဲ့တယ္။

ဝုဗ္အသင္းေခါင္းေဆာင္က ” ဝုဗ္အသင္းအတြက္ ကစားေပးရတာကို က်ေနာ္ ႏွစ္သက္ပါတယ္။ လိဒ္ယူႏုိက္တက္ကို အႏုိင္ရခဲ့တာကလည္း သိပ္ေကာင္းပါတယ္၊ သိပ္ေကာင္းတဲ့ ပြဲပါပဲ။ က်ေနာ္က ဘယ္လို ကစားသမားလဲဆိုတာ ခင္ဗ်ား (ကာေရဂါကို ရည္ရြယ္) သိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကုတ္ဒီရဲ႕ ျပာသလဲလဲ ျငင္းဆန္မႈကို စကိုင္းစေပါ့ အဖြဲ႔သားေတြ ပြဲက်ခဲ့ျပီး သူတို႔ကလည္း ကာေရဂါက ေနာက္ေျပာင္ေနတဲ့ အေၾကာင္းကို ေဖာ္ေပးခဲ့ပါတယ္။ တစ္ျမိဳ႕တည္းသား ႏွစ္ဦးကေတာ့ ၂၀၁၃ တုန္းက ကာေရဂါ မထြက္သြားခင္ လီဗာပူးမွာပါ အတူ ရွိခဲ့ၾကဖူးတာျဖစ္တယ္။

အသက္ ၂၇ ႏွစ္အရြယ္ ခံစစ္သမားဟာ မာေဆးဆိုဒ္မွာ ေမြးဖြားခဲ့သူျဖစ္ျပီး လီဗာပူးအကယ္ဒမီကေန ေပၚထြက္လာခဲ့သူပါ။ ၂၀၁၄ ခုႏွစ္တုန္းက လီဗာပူးက သူ႔ကို မေရာင္းထုတ္ခင္မွာ အသင္းအတြက္ တစ္ပြဲ ပြဲထြက္ ကစားေပးခဲ့ေသးတာျဖစ္တယ္။

ကုတ္ဒီဟာ ဝုဗ္အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္ရွိထားသူျဖစ္ျပီး အန္ဖီးထံ သူျပန္လာတာကို လီဗာပူးပရိသတ္ေတြကလည္း အလိုရွိေနၾကတာျဖစ္ပါတယ္။