ဗန်ဒိုက်ဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ ဒူးခေါင်းအရွတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားနေရမှာဖြစ်ကာ ကွင်းဘေးမှာ ကာလရှည်ကြာ အနားယူရဖို့တော့ ရှိနေတာပါ။

ဗန်ဒိုက်ကို ဆုံးရှုံးရတာက လီဗာပူးအတွက် ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်ကြောင်း ဟန်ဒါဆန်က ဝန်ခံခဲ့ပေမယ့် အသင်းဖော်ဟာ ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လို့ ကလပ်ကတော့ ဆက်သွားရမှာဖြစ်လို့ ဝမ်းနည်းပူဆွေးနေမယ့်အစား အကောင်းဆုံး တိုက်ခိုက်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်ပါတယ်။

ဟန်ဒါဆန်က “ဒါက ခက်ခဲတဲ့ပြဿနာပါပဲ၊ သူဒဏ်ရာရတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိခိုက်မှုပါ၊ သူ့အတွက်ဆို ပိုဆိုးတာပေါ့၊ အသင်းတစ်သင်းအနေနဲ့ အတော်နစ်နာပါတယ်၊ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်၊ တကယ်ကို ခက်ခဲတဲ့ရက်တွေ ဖြစ်ခဲ့ပါတယ်။

မနေ့က ကျွန်တော် သူနဲ့ စကားပြောခဲ့တယ်၊ ခက်ခဲတဲ့ အချိန်ကို ရင်ဆိုင်နေရပေမယ့် ဒါက တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့အချိန်မှာ ဘေးမှာ ရှိနေရမှာပဲလေ၊ သူ့အတွက် တတ်နိုင်သလောက် ကူညီပေးမှာပါ၊ အသင်းဖော်တွေကလဲ အလားတူ အားပေးနေမှာ သေချာပါတယ်၊သူ့မိသားစုကလဲ ဒီခရီးကြမ်းကို သူကျော်ဖြတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်၊ ဒါပေမယ့် ပိုတောင့်တင်းတဲ့ပုံစံနဲ့ သေချာပေါက် သူပြန်လာမှာပါ။

ဒီအတောအတွင်း ကျွန်တော်တို့က အသင်းအင်အားတောင့်တင်းအောင် တတ်နိုင်သလောက် အရာအားလုံး လုပ်ရမှာပါ၊ ပွဲတွေအများကြီး အနိုင်ရဖို့ပေါ့၊ သူပြန်လာတဲ့အခါ ကျွန်တော်တို့က ဆုဖလားတွေအတွက် အောင်မြင်မှုအတွက် တိုက်ပွဲဝင်နေဆဲဆိုတာ သေချာအောင် လုပ်ရမှာပါ၊ ဒီလိုအချိန်တွေကို ပိုပြီးအင်အားတောင့်တင်းဖို့အတွက် အသုံးချရမယ်၊ ကိုယ့်အတွက် အကျိုးရှိမယ့်နည်းနဲ့ ကုန်ဆုံးရမယ်။

အခုအချိန် ဒီစကားပြောတာ ရယ်စရာကေင်းမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အဲ့လိုလုပ်နိုင်အောင် ကြိုးစားရမှာပါပဲ၊ ဗန်ဒိုက်မရှိပေမယ့်လဲ ကျွန်တော်တို့က ရှေ့ကိုကြည့်ပြီး အသင်းကို ကူညီနိုင်အောင် ကြိုးစားဖို့ လိုပါတယ်၊ သူလိုအပ်တဲ့ အချိန်တွေမှာ ကျွန်တော်တို့က သူ့နား ရှိနေရမယ်၊ ဒါပေမယ့် သူက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပါ၊ သေချာပေါက် ပြန်လာမှာဖြစ်ပြီး အကြာကြီးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဗန္ဒိုက္ဟာ အဲဗာတန္နဲ႔ သေရက်ခဲ့တဲ့ မာေဆးဆိုဒ္ဒါဘီမွာ ဒူးေခါင္းအ႐ြတ္ဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာဖို႔ ႀကိဳးစားေနရမွာျဖစ္ကာ ကြင္းေဘးမွာ ကာလရွည္ၾကာ အနားယူရဖို႔ေတာ့ ရွိေနတာပါ။

ဗန္ဒိုက္ကို ဆုံးရႈံးရတာက လီဗာပူးအတြက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈ ျဖစ္ေၾကာင္း ဟန္ဒါဆန္က ဝန္ခံခဲ့ေပမယ့္ အသင္းေဖာ္ဟာ ပိုေကာင္းတဲ့ပုံစံနဲ႔ ျပန္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ဒါေပမယ့္လို႔ ကလပ္ကေတာ့ ဆက္သြားရမွာျဖစ္လို႔ ဝမ္းနည္းပူေဆြးေနမယ့္အစား အေကာင္းဆံုး တိုက္ခိုက္ၾကဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္ပါတယ္။

ဟန္ဒါဆန္က “ဒါက ခက္ခဲတဲ့ျပႆနာပါပဲ၊ သူဒဏ္ရာရတာက ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ ထိခိုက္မႈပါ၊ သူ႔အတြက္ဆို ပိုဆိုးတာေပါ့၊ အသင္းတစ္သင္းအေနနဲ႔ အေတာ္နစ္နာပါတယ္၊ ကြၽန္ေတာ္ သူ႔အတြက္ စိတ္မေကာင္းျဖစ္မိတယ္၊ တကယ္ကို ခက္ခဲတဲ့ရက္ေတြ ျဖစ္ခဲ့ပါတယ္။

မေန႔က ကြၽန္ေတာ္ သူနဲ႔ စကားေျပာခဲ့တယ္၊ ခက္ခဲတဲ့ အခ်ိန္ကို ရင္ဆိုင္ေနရေပမယ့္ ဒါက တစ္ေယာက္နဲ႔ တစ္ေယာက္ လိုအပ္တဲ့အခ်ိန္မွာ ေဘးမွာ ရွိေနရမွာပဲေလ၊ သူ႔အတြက္ တတ္ႏိုင္သေလာက္ ကူညီေပးမွာပါ၊ အသင္းေဖာ္ေတြကလဲ အလားတူ အားေပးေနမွာ ေသခ်ာပါတယ္၊သူ႔မိသားစုကလဲ ဒီခရီးၾကမ္းကို သူေက်ာ္ျဖတ္ႏိုင္ေအာင္ ကူညီေပးပါလိမ့္မယ္၊ ဒါေပမယ့္ ပိုေတာင့္တင္းတဲ့ပုံစံနဲ႔ ေသခ်ာေပါက္ သူျပန္လာမွာပါ။

ဒီအေတာအတြင္း ကြၽန္ေတာ္တို႔က အသင္းအင္အားေတာင့္တင္းေအာင္ တတ္ႏိုင္သေလာက္ အရာအားလုံး လုပ္ရမွာပါ၊ ပြဲေတြအမ်ားႀကီး အႏိုင္ရဖို႔ေပါ့၊ သူျပန္လာတဲ့အခါ ကြၽန္ေတာ္တို႔က ဆုဖလားေတြအတြက္ ေအာင္ျမင္မႈအတြက္ တိုက္ပြဲဝင္ေနဆဲဆိုတာ ေသခ်ာေအာင္ လုပ္ရမွာပါ၊ ဒီလိုအခ်ိန္ေတြကို ပိုၿပီးအင္အားေတာင့္တင္းဖို႔အတြက္ အသုံးခ်ရမယ္၊ ကိုယ့္အတြက္ အက်ိဳးရွိမယ့္နည္းနဲ႔ ကုန္ဆုံးရမယ္။

အခုအခ်ိန္ ဒီစကားေျပာတာ ရယ္စရာေကင္းမယ္ဆိုတာ သိပါတယ္၊ ဒါေပမယ့္ အဲ့လိုလုပ္ႏိုင္ေအာင္ ႀကိဳးစားရမွာပါပဲ၊ ဗန္ဒိုက္မရွိေပမယ့္လဲ ကြၽန္ေတာ္တို႔က ေရွ႕ကိုၾကည့္ၿပီး အသင္းကို ကူညီႏိုင္ေအာင္ ႀကိဳးစားဖို႔ လိုပါတယ္၊ သူလိုအပ္တဲ့ အခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔က သူ႔နား ရွိေနရမယ္၊ ဒါေပမယ့္ သူက စိတ္ဓာတ္ႀကံ့ခိုင္တဲ့သူပါ၊ ေသခ်ာေပါက္ ျပန္လာမွာျဖစ္ၿပီး အၾကာႀကီးမျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။