အဲဗာတန်နဲ့ပွဲမှာ စိတ်မချမ်းမြေ့စရာတွေ များခဲ့ပေမယ့် အသင်းဖော်တွေ ပြသခဲ့တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ အသင်းရဲ့ ကစားပုံကြောင့် ဟန်ဒါဆန်က အားတက်နေဆဲ ဖြစ်ပါတယ်။

ဟန်ဒါဆန်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးဟာ လူကျွံဘောအဖြစ် အံ့အားသင့်ဖွယ် သတ်မှတ်ခံခဲ့ရတာကြောင့် လီဗာပူးဟာ စနေနေ့က ဂူဒီဆင်မှာ ၂ဂိုးစီ သရေကျခဲ့ရာကနေ တစ်မှတ်သာ ရရှိခဲ့တာပါ။ သို့သော်လည်း စွမ်းဆောင်ရည်က ချီးကျူးစရာဖြစ်ကြောင်း အားလုံးက အသိအမှတ်ပြု ထားကြရတယ်။

ဟန်ဒါဆန်က “ အသင်းရဲ့ကစားပုံက တကယ်ကို ကောင်းမွန်ခဲ့တယ် ထင်ပါတယ်၊ အထူးသဖြင့် ပြီးခဲ့တဲ့ပွဲက တုံ့ပြန်မှုပေါ့၊ ကျွန်တော်တို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်၊ အရှိန်အဟုန်နဲ့ ပတ်သက်လို့ တကယ် ပျော်ရပါတယ်။

ဂူဒီဆင်ပက်ခ်က လွယ်ကူတဲ့နေရာ မဟုတ်ခဲ့ဘူး။ သူတို့ကို ရင်ဆိုင်ခဲ့တဲ့ ကျနေ်ာတို့ရဲ့ ကစားပုံက ကျေနပ်စရာ ကောင်းပါတယ်၊ တစ်ရာသီလုံး ဒီလို စွမ်းဆောင်ရည်တွေ ပြသမှုနဲ့ပဲ ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် သယ်ဆောင်သွားဖို့ လိုပါတယ်” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဟန်ဒါဆန်နဲ့ အသင်းဖော်တွေရဲ့ နောက်ထပ်ခရီးကတော့ နယ်သာလန်က အမ်စတာဒန်ကိုဖြစ်ပြီး လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အေဂျက်နဲ့ စတင်တွေ့ဆုံရမှာပါ။

၂၀၁၉ တုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ စပါးကိုမရှုံးခင် ဗိုလ်လုပွဲမှာ လီဗာပူးနဲ့ တွေ့ဆုံဖို့ နီးစပ်ခဲ့ဖူးတဲ့ အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ခက်ခဲလိမ့်မယ်လို့ ဟန်ဒါဆန်က မျှော်လင့်ထားပေမယ့် သူတို့ဟာ ယုံကြည်မှုအပြည့်နဲ့ နယ်သာလန်ကို သွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်က “ ဒါက ခက်ခဲတဲ့ပွဲဖြစ်မှာပါ၊ ချန်ပီယံလိဂ်ဆိုတာ အမြဲ ဒီလိုပါပဲ၊ အေဂျက်က အသင်းကောင်းတစ်သင်းပါ၊ အဲ့ဒီ့ကိုသွားပြီး ရင်ဆိုင်ရတာက တကယ်ခက်ခဲမှာပါ၊ ဘောလုံးပွဲဆိုတာကတော့ တတ်နိုင်သလောက် အစွမ်းကုန် ပေးဆပ်ကစားရတာပါပဲ။

အေဂျက်နဲ့ပွဲမှာ ၃မှတ် ရဖို့က ကျွန်တော်တို့အတွက် အရေးကြီးတာမို့ ဒါကိုပဲ အာရုံစိုက်သွားမှာပါ၊ ကျွန်တော်တို့ အဲဗာတန်ပွဲကလို တူညီတဲ့ စွမ်းဆောင်ရည်အဆင့်မျိး ပြသနိုင်ရင် ၃မှတ်ရယူနိုင်မယ်လို့ ထင်ပါတယ်၊ အရင်ပွဲကထက် ပိုပြီးခြေစွမ်းပြနိုင်ရင်တော့ အတိုင်းအထက် အလွန်ပေါ့”လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

အဲဗာတန္နဲ႔ပြဲမွာ စိတ္မခ်မ္းေျမ့စရာေတြ မ်ားခဲ့ေပမယ့္ အသင္းေဖာ္ေတြ ျပသခဲ့တဲ့ စိတ္ပိုင္းျဖတ္မႈနဲ႔အတူ အသင္းရဲ႕ ကစားပုံေၾကာင့္ ဟန္ဒါဆန္က အားတက္ေနဆဲ ျဖစ္ပါတယ္။

ဟန္ဒါဆန္ရဲ႕ နာက်င္အခ်ိန္ပို သြင္းဂိုးဟာ လူကြၽံေဘာအျဖစ္ အံ့အားသင့္ဖြယ္ သတ္မွတ္ခံခဲ့ရတာေၾကာင့္ လီဗာပူးဟာ စေနေန႔က ဂူဒီဆင္မွာ ၂ဂိုးစီ သေရက်ခဲ့ရာကေန တစ္မွတ္သာ ရရွိခဲ့တာပါ။ သို႔ေသာ္လည္း စြမ္းေဆာင္ရည္က ခ်ီးက်ဴးစရာျဖစ္ေၾကာင္း အားလံုးက အသိအမွတ္ျပဳ ထားၾကရတယ္။

ဟန္ဒါဆန္က “ အသင္းရဲ႕ကစားပုံက တကယ္ကို ေကာင္းမြန္ခဲ့တယ္ ထင္ပါတယ္၊ အထူးသျဖင့္ ၿပီးခဲ့တဲ့ပြဲက တုံ႔ျပန္မႈေပါ့၊ ကြၽန္ေတာ္တို႔ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္၊ အရွိန္အဟုန္နဲ႔ ပတ္သက္လို႔ တကယ္ ေပ်ာ္ရပါတယ္။

ဂူဒီဆင္ပက္ခ္က လြယ္ကူတဲ့ေနရာ မဟုတ္ခဲ့ဘူး။ သူတို႔ကို ရင္ဆိုင္ခဲ့တဲ့ က်ေန္ာတို႔ရဲ႕ ကစားပုံက ေက်နပ္စရာ ေကာင္းပါတယ္၊ တစ္ရာသီလုံး ဒီလို စြမ္းေဆာင္ရည္ေတြ ျပသမႈနဲ႔ပဲ ကြၽန္ေတာ္တို႔ေတြ လမ္းေၾကာင္းမွန္ေပၚ သယ္ေဆာင္သြားဖို႔ လိုပါတယ္” လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ဟန္ဒါဆန္နဲ႔ အသင္းေဖာ္ေတြရဲ႕ ေနာက္ထပ္ခရီးကေတာ့ နယ္သာလန္က အမ္စတာဒန္ကိုျဖစ္ၿပီး လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ေအဂ်က္နဲ႔ စတင္ေတြ႕ဆုံရမွာပါ။

၂၀၁၉ တုန္းက ဆီမီးဖိုင္နယ္အဆင့္မွာ စပါးကိုမရႈံးခင္ ဗိုလ္လုပြဲမွာ လီဗာပူးနဲ႔ ေတြ႕ဆုံဖို႔ နီးစပ္ခဲ့ဖူးတဲ့ အသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲဟာ ခက္ခဲလိမ့္မယ္လို႔ ဟန္ဒါဆန္က ေမွ်ာ္လင့္ထားေပမယ့္ သူတို႔ဟာ ယုံၾကည္မႈအျပည့္နဲ႔ နယ္သာလန္ကို သြားမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ဟန္ဒါဆန္က “ ဒါက ခက္ခဲတဲ့ပြဲျဖစ္မွာပါ၊ ခ်န္ပီယံလိဂ္ဆိုတာ အၿမဲ ဒီလိုပါပဲ၊ ေအဂ်က္က အသင္းေကာင္းတစ္သင္းပါ၊ အဲ့ဒီ့ကိုသြားၿပီး ရင္ဆိုင္ရတာက တကယ္ခက္ခဲမွာပါ၊ ေဘာလုံးပြဲဆိုတာကေတာ့ တတ္ႏိုင္သေလာက္ အစြမ္းကုန္ ေပးဆပ္ကစားရတာပါပဲ။

ေအဂ်က္နဲ႔ပြဲမွာ ၃မွတ္ ရဖို႔က ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတာမို႔ ဒါကိုပဲ အာ႐ုံစိုက္သြားမွာပါ၊ ကြၽန္ေတာ္တို႔ အဲဗာတန္ပြဲကလို တူညီတဲ့ စြမ္းေဆာင္ရည္အဆင့္မ်ိး ျပသႏိုင္ရင္ ၃မွတ္ရယူႏိုင္မယ္လို႔ ထင္ပါတယ္၊ အရင္ပြဲကထက္ ပိုၿပီးေျခစြမ္းျပႏိုင္ရင္ေတာ့ အတိုင္းအထက္ အလြန္ေပါ့”လို႔ ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။