လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ဖီဖာက ပံ့ပိုးပေးမယ့် ဂလိုဘယ်အဆင့် ပြိုင်ပွဲကြီးတစ်ခုကို အခြားသော ဥရောပ အထင်ကရကလပ်တွေနဲ့အတူ ပါဝင်သွားကြဖို့ စတင်နေပါပြီ။

ဒေါ်လာ ၆ ဘီလီယံထိ ရန်ပုံငွေထားရှိမယ့် အဆိုပါ ပြိုင်ပွဲကြီးကိုတော့ European Premier League လို့ နာမည်ပေးမှာဖြစ်ပါတယ်။ အင်္ဂလန်၊ ပြင်သစ်၊ ဂျျာမနီ။ အီတလီနဲ့ စပိန်တို့က တစ်ဒါဇင်လောက်ရှိမယ့် ကလပ်တွေက အဆိုပါ ပြိုင်ပွဲကြီးရဲ့ တည်ထောင်သူ အဖွဲ့ဝင်ကလပ်တွေအဖြစ် ပါဝင်သွားဖို့ စကားပြောထားပါတယ်။

အင်္ဂလန်ကလပ် ၅ သင်းထိ ဝင်ရောက်နိုင်မယ့် အဆိုပါပြိုင်ပွဲ စတင် ယှဉ်ပြိုင်မယ့် ရက်စွဲဟာ ၂၀၂၂ ခုနှစ် မတိုင်ခင်မှာ ကြေညာဖွယ်ရှိတယ်။ ဒီပြိုင်ပွဲကိုတော့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ဦးဆောင်မှာဖြစ်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဦးဆောင်နေတဲ့ ယူအီးအက်ဖ်အေနဲ့ တိုက်ရိုက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲကြီးတစ်ရပ်ကို ဖော်ထုတ်မှု ဖြစ်လာပါမယ်။

ပြိုင်ပွဲရဲ့ ကျင်းပမယ့် ပုံစံကို မသိရသေးပေမယ့် ပုံမှန် ဥရောပကလပ်တွေရဲ့ ပွဲစဉ်တွေအတွင်းမှာပဲ သူတို့ရဲ့ ပွဲတွေကိုလည်း ပါဝင် ယှဉ်ပြိုင်ရမယ့် အနေအထားပါ။ လိဂ်ရဲ့ ထိပ်တန်းအသင်းတွေနဲ့အတူ ရံှူးထွက်အဆင့်တွေလည်း ပါဝင်မယ်၊ အနိုင်ရတဲ့အသင်းက တစ်နှစ်ကို ပေါင် သန်း ၁၀၀ လောက်ရမယ်လို့ သိရတယ်။

ဒီလအကုန်မှာတော့ ပြိုင်ပွဲနဲ့ ပက်သက်တဲ့ အစီအစဉ်တွေ အရေးပါတဲ့ အချက်တွေကို သိရမယ်။ အထူးသဖြင့် ဘယ်ကလပ်တွေ ပါမလဲဆိုတာကို သိရပါမယ်။ ဆယ်စုနှစ်အတွင်း ကမ္ဘာဘောလုံးလောကရဲ့ အတိုးတက်ဆုံးကိစ္စ ဖြစ်လာဖို့ ရှိနေပါတယ်။

ဒိကိစ္စဟာ လီဗာပူး၊ ယူနိုက်တက်တို့ရဲ့ Big Project ဖြစ်တဲ့ ပွဲစဉ်ဇယားတွေ လျော့ချဖို့အတွက် လိဂ်ဖလားကနေ ထွက်ခွင့်ရရေး၊ ပရီးမီးယားလိဂ်ကို ကလပ် ၂၀ ကနေ ၁၈ သင်းထိ လျော့ချရေး ကြိုးစားနေမှုနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ယူႏိုက္တက္တို႔ဟာ ဖီဖာက ပံ့ပိုးေပးမယ့္ ဂလိုဘယ္အဆင့္ ျပိဳင္ပြဲၾကီးတစ္ခုကို အျခားေသာ ဥေရာပ အထင္ကရကလပ္ေတြနဲ႔အတူ ပါဝင္သြားၾကဖို႔ စတင္ေနပါျပီ။

ေဒၚလာ ၆ ဘီလီယံထိ ရန္ပံုေငြထားရွိမယ့္ အဆိုပါ ျပိဳင္ပြဲၾကီးကိုေတာ့ European Premier League လို႔ နာမည္ေပးမွာျဖစ္ပါတယ္။ အဂၤလန္၊ ျပင္သစ္၊ ဂ််ာမနီ။ အီတလီနဲ႔ စပိန္တို႔က တစ္ဒါဇင္ေလာက္ရွိမယ့္ ကလပ္ေတြက အဆိုပါ ျပိဳင္ပြဲၾကီးရဲ႕ တည္ေထာင္သူ အဖြဲ႔ဝင္ကလပ္ေတြအျဖစ္ ပါဝင္သြားဖို႔ စကားေျပာထားပါတယ္။

အဂၤလန္ကလပ္ ၅ သင္းထိ ဝင္ေရာက္ႏုိင္မယ့္ အဆိုပါျပိဳင္ပြဲ စတင္ ယွဥ္ျပိဳင္မယ့္ ရက္စြဲဟာ ၂၀၂၂ ခုႏွစ္ မတိုင္ခင္မွာ ေၾကညာဖြယ္ရွိတယ္။ ဒီျပိဳင္ပြဲကိုေတာ့ ကမၻာေဘာလံုးအဖြဲ႔ခ်ဳပ္ ဖီဖာက ဦးေဆာင္မွာျဖစ္လို႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ဦးေဆာင္ေနတဲ့ ယူအီးအက္ဖ္ေအနဲ႔ တိုက္ရိုက္ ယွဥ္ျပိဳင္တဲ့ ျပိဳင္ပြဲၾကီးတစ္ရပ္ကို ေဖာ္ထုတ္မႈ ျဖစ္လာပါမယ္။

ျပိဳင္ပြဲရဲ႕ က်င္းပမယ့္ ပံုစံကို မသိရေသးေပမယ့္ ပံုမွန္ ဥေရာပကလပ္ေတြရဲ႕ ပြဲစဥ္ေတြအတြင္းမွာပဲ သူတို႔ရဲ႕ ပြဲေတြကိုလည္း ပါဝင္ ယွဥ္ျပိဳင္ရမယ့္ အေနအထားပါ။ လိဂ္ရဲ႕ ထိပ္တန္းအသင္းေတြနဲ႔အတူ ရံွဴးထြက္အဆင့္ေတြလည္း ပါဝင္မယ္၊ အႏုိင္ရတဲ့အသင္းက တစ္ႏွစ္ကို ေပါင္ သန္း ၁၀၀ ေလာက္ရမယ္လို႔ သိရတယ္။

ဒီလအကုန္မွာေတာ့ ျပိဳင္ပြဲနဲ႔ ပက္သက္တဲ့ အစီအစဥ္ေတြ အေရးပါတဲ့ အခ်က္ေတြကို သိရမယ္။ အထူးသျဖင့္ ဘယ္ကလပ္ေတြ ပါမလဲဆိုတာကို သိရပါမယ္။ ဆယ္စုႏွစ္အတြင္း ကမၻာေဘာလံုးေလာကရဲ႕ အတုိးတက္ဆံုးကိစၥ ျဖစ္လာဖို႔ ရွိေနပါတယ္။

ဒိကိစၥဟာ လီဗာပူး၊ ယူႏိုက္တက္တို႔ရဲ႕ Big Project ျဖစ္တဲ့ ပြဲစဥ္ဇယားေတြ ေလ်ာ့ခ်ဖို႔အတြက္ လိဂ္ဖလားကေန ထြက္ခြင့္ရေရး၊ ပရီးမီးယားလိဂ္ကို ကလပ္ ၂၀ ကေန ၁၈ သင္းထိ ေလ်ာ့ခ်ေရး ၾကိဳးစားေနမႈနဲ႔ တိုက္ရိုက္ ဆက္ႏြယ္ေနပါတယ္။