လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ ဖီဖာက ပံ့ပိုးပေးမယ့် ဂလိုဘယ်အဆင့် ပြိုင်ပွဲကြီးတစ်ခုကို အခြားသော ဥရောပ အထင်ကရကလပ်တွေနဲ့အတူ ပါဝင်သွားကြဖို့ စတင်နေပါပြီ။

ဟန်ဒါဆန်နဲ့ အသင်းဖော်တွေရဲ့ နောက်ထပ်ခရီးကတော့ နယ်သာလန်က အမ်စတာဒန်ကိုဖြစ်ပြီး ဥရောပ သမိုင်းကြောင်းတွေရှိတဲ့ နယ်သာလန် ချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ခက်ခဲလိမ့်မယ်လို့ ဟန်ဒါဆန်က မျှော်လင့်ထားပေမယ့် ကလပ်က ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်မှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်နေရာ အစားထိုးဖို့အတွက် လီဗာပူးအသင်းက စတင် လှုပ်ရှားနေပြီဆိုတာကို The Athletic မှ သတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ဖော်သွားပါတယ်။

ကာရေဂါက ဗန်ဒိုက်နေရာ အစားဝင်ဖို့ ကလော့ပ်က မင်းကို အလိုရှိနေတယ်လို့ ဝုဗ်အသင်းခေါင်းဆောင် ကုတ်ဒီကို အတည်ပေါက်နဲ့ စလိုက်တာကြောင့် လီဗာပူးကစားသမားဟောင်းက ရုတ်တရတ် အပြောင်းအရွှေ့အကြောင်း ကြားရာမှာ အတော်လေး ထိတ်လန့်သွားခဲ့တယ်။

မာဆေးဆိုဒ်ဒါဘီကို VAR ဒိုင်လူကြီးအဖြစ် တာဝန်ယူတဲ့ ဒေးဗစ်ကိုတီဟာ လူကျွံဘောကို အာရုံစိုက်နေရတာကြောင့် ဗန်ဒိုက်ဖြစ်ရပ်ကို အရေးမယူဘဲ ဆက်ကစားစေခဲ့တာ ဖြစ်သလို မာနေးကလည်း ၁ မီလီမီတာလောက် လူကျွံတယ်လို့ ပရော်ဖက်ရှင်နယ် ဒိုင်ဘုတ်အဖွဲ့က လီဗာပူးအသင်းကို အကြောင်းပြန်ပါတယ်။

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းကို ခံစစ်မှူးသစ် တစ်ဦးအား အမြန်ရှာဖွေပြီး ဇန်နဝါရီ အစောပိုင်းမှာတင် အားဖြည့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ပွဲကြို မဲဝုဒ်က လေ့ကျင့်ရေးမှာတော့ အယ်လီဆန်၊ မာတစ်၊ ချိန်ဘာလိန်၊ သီယာဂိုတို့ မပါခဲ့ပေမယ့် ကျန် ကစားသမားအားလုံး ပါဝင်ခဲ့တယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူမယ်ဆိုရင် လူစာရင်း ရှင်းထုတ်မှုကို အရင် လုပ်ရပါမယ်။ လက်ရှိ လီဗာပူးအသင်းမှာ non homegrown ကစားသမား ၁၇ ဦး ပြည့်နေပြီဖြစ်ပါတယ်။

Adidas က ဟာ ဆာလက်ရဲ့ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ Adidas limited x ghosted ဖိနပ်ကို ဆာလက်နာမည် ရေးထိုးပြီး လက်ဆောင်ပေးခဲ့ပါတယ်။ အဆိုပါ ဖိနပ်ကိုတော့ ဆာလက်ဟာ အေဂျက်နဲ့ပွဲမှာ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ယူႏိုက္တက္တို႔ဟာ ဖီဖာက ပံ့ပိုးေပးမယ့္ ဂလိုဘယ္အဆင့္ ျပိဳင္ပြဲၾကီးတစ္ခုကို အျခားေသာ ဥေရာပ အထင္ကရကလပ္ေတြနဲ႔အတူ ပါဝင္သြားၾကဖို႔ စတင္ေနပါျပီ။

ဟန္ဒါဆန္နဲ႔ အသင္းေဖာ္ေတြရဲ႕ ေနာက္ထပ္ခရီးကေတာ့ နယ္သာလန္က အမ္စတာဒန္ကိုျဖစ္ၿပီး ဥေရာပ သမိုင္းေၾကာင္းေတြရွိတဲ့ နယ္သာလန္ ခ်န္ပီယံအသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲဟာ ခက္ခဲလိမ့္မယ္လို႔ ဟန္ဒါဆန္က ေမွ်ာ္လင့္ထားေပမယ့္ ကလပ္က ယုံၾကည္မႈအျပည့္ျဖင့္ ယွဥ္ျပိဳင္မွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္ေနရာ အစားထိုးဖို႔အတြက္ လီဗာပူးအသင္းက စတင္ လႈပ္ရွားေနျပီဆိုတာကို The Athletic မွ သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေဖာ္သြားပါတယ္။

ကာေရဂါက ဗန္ဒိုက္ေနရာ အစားဝင္ဖို႔ ကေလာ့ပ္က မင္းကို အလိုရွိေနတယ္လို႔ ဝုဗ္အသင္းေခါင္းေဆာင္ ကုတ္ဒီကို အတည္ေပါက္နဲ႔ စလိုက္တာေၾကာင့္ လီဗာပူးကစားသမားေဟာင္းက ရုတ္တရတ္ အေျပာင္းအေရႊ႔အေၾကာင္း ၾကားရာမွာ အေတာ္ေလး ထိိတ္လန္႔သြားခဲ့တယ္။

မာေဆးဆိုဒ္ဒါဘီကို VAR ဒိုင္လူၾကီးအျဖစ္ တာဝန္ယူတဲ့ ေဒးဗစ္ကိုတီဟာ လူကၽြံေဘာကို အာရံုစိုက္ေနရတာေၾကာင့္ ဗန္ဒိုက္ျဖစ္ရပ္ကို အေရးမယူဘဲ ဆက္ကစားေစခဲ့တာ ျဖစ္သလို မာေနးကလည္း ၁ မီလီမီတာေလာက္ လူကၽြံတယ္လို႔ ပေရာ္ဖက္ရွင္နယ္ ဒိုင္ဘုတ္အဖြဲ႔က လီဗာပူးအသင္းကို အေၾကာင္းျပန္ပါတယ္။

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အသင္းေဟာင္းကို ခံစစ္မွဴးသစ္ တစ္ဦးအား အျမန္ရွာေဖြျပီး ဇန္နဝါရီ အေစာပိုင္းမွာတင္ အားျဖည့္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ခ်န္ပီယံလိဂ္ပြဲၾကိဳ မဲဝုဒ္က ေလ့က်င့္ေရးမွာေတာ့ အယ္လီဆန္၊ မာတစ္၊ ခ်ိန္ဘာလိန္၊ သီယာဂိုတို႔ မပါခဲ့ေပမယ့္ က်န္ ကစားသမားအားလံုး ပါဝင္ခဲ့တယ္။

လီဗာပူးအသင္းဟာ ဇန္နဝါရီမွာ ဗဟိုခံစစ္မႉးတစ္ဦးကို ေခၚယူမယ္ဆိုရင္ လူစာရင္း ရွင္းထုတ္မႈကို အရင္ လုပ္ရပါမယ္။ လက္ရွိ လီဗာပူးအသင္းမွာ non homegrown ကစားသမား ၁၇ ဦး ျပည့္ေနၿပီျဖစ္ပါတယ္။

Adidas က ဟာ ဆာလက္ရဲ႕ လီဗာပူးကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္မႈကို ဂုဏ္ျပဳတဲ့ အေနနဲ႔ Adidas limited x ghosted ဖိနပ္ကို ဆာလက္နာမည္ ေရးထိုးၿပီး လက္ေဆာင္ေပးခဲ့ပါတယ္။ အဆိုပါ ဖိနပ္ကိုေတာ့ ဆာလက္ဟာ ေအဂ်က္နဲ႔ပြဲမွာ ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။