ဘာစီလိုနာဟာ မန်ယူအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါ ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေးသည် မန်ချက်စတာယူနိုက်တက်၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ကာဒစ်ဖ်နှင့်ပွဲတွင် ၇၄ မိနစ်၌ လူစားဝင်ကစားခွင့်ရခဲ့သလို၊ အဆိုပါပွဲသည်လည်း ထိုကစားသမားအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်သည်။

မန်ယူအသင်းရဲ့ လူငယ်အသင်းမှာတော့ ဂိုးမက်စ်ဟာ (၁၆) ပွဲ ကစားထားရာမှာ (၈) ဂိုး အထိသွင်းယူထားတာကြောင့် သူဟာ စီနီယာအဆင့်ကို တိုးတက်လာမယ့် ကစားသမားအဖြစ် အလေးပေးခံလာရတာပါ။ နည်းပြဆိုးရှားဟာ လာမယ့်ရာသီ ယူရိုပါလိဂ်လိုပြိုင်ပွဲမှာ လူငယ်ကစားသမားတွေကို ပိုမိုအခွင့်အရေးပေးသွားဖို့ ရှိတယ်လို့ ပြောကြားထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်ဆိုးရှားက ဂိုးမက်စ်ဟာ အလားအလာရှိသည် လူငယ်ကစားသမားလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သူရဲ့ ကိုယ်လုံးကိုယ်ထည်အရ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားဖို့အတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့တာကြောင့် ဒီစကားတွေဟာ ဂိုးမက်စ်အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့သည်။

စပိန်က ဘာစီလိုနာရဲ့ ကင်းထောက်အဖွဲ့တွေဟာ ကစားသမားရဲ့ တိုးတက်လာမှုအပေါ် အထင်ကြီးနေပြီး လူသစ်စုဆောင်းမှုမှာ ခေါ်ယူဖို့ မျက်စိကျလာခဲ့တယ်။ ကစားသမားရဲ့ တိုးတက်မှု အခြေအနေကိုလည်း ဆက်တိုက် စောင့်ကြည့်နေတယ်လို့ သိရတယ်။