ဗန်ဒိုက်ကို ကာလရှည် လက်လွတ်ရမှာဖြစ်ခြင်းကြောင့် ဗဟိုခံစစ်မှာ ပြဿနာတွေ ပေါ်လာတဲ့ လီဗာပူးဟာ ပထမရာသီဝက် လူစာရင်းမှာတော့ ဗန်ဒိုက်ကို လုံးဝ ထုတ်ပယ်လိုက်ပါပြီ။

ဗန်ဒိုက်ရဲ့ ဒဏ်ရာက ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲ မသိသေးပေမယ့်လို့ သူဟာ ပထမရာသီဝက်မှာ ပြန်ကစားနိုင်မှာ မဟုတ်ဘူး။ ဒုတိယရာသီဝက်မှာတောင်မှ ရာသီ နှောင်းပိုင်းမှ ပြန်ကစားနိုင်မှာဖြစ်တယ်။ ဒါကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှာတင် အသင်းကို ခံစစ်သမားသစ် ရောက်လာခဲ့ရင်လည်း ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ ၆ ပွဲတို့မှာ လက်ရှိ အသင်းက ကစားသမားတွေနဲ့ပဲ ရှေ့ဆက်ရပါမယ်။

ဒီတော့ မန်နေဂျာကလော့ပ်မှာ ခံစစ်အတွက် ဘယ်လို ကစားသမားတွေ ရှိနေလဲ? သူသုံးလို့ရနိုင်မယ့် ဝှက်ဖဲပါမကျန် ခံစစ်သမားများစာရင်းကို The Aheletic က ဖော်ပြပါတယ်။

လိုဗရန် ထွက်ခွာသွားပြီဖြစ်ကာ ဗန်ဒိုက်လည်း ဒဏ်ရာရနေခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ ပထမဦးစားပေး ခံစစ်အတွဲက ဂိုးမက်စ်နဲ့ မာတစ် ဖြစ်လာပါမယ်။ ကြံ့ခိုင်မှု ကောင်းနေချိန်မှာ သူတို့ နှစ်ဦးကိုပဲ အဓိက ထုတ်သုံးမှာဖြစ်တယ်။ အကယ်လို့ သူတို့ထဲက တစ်ဦးဦး မကစားနိုင်ရင် (သို့) နှစ်ဦးလုံး မကစားနိုင်ဘူးဆိုရင်တော့ …

ပလန် – B

ဖာဘင်ညို ဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်သမားက အေဂျက်နဲ့ပွဲမှာ ဂိုးမက်စ်ရဲ့ ပါတနာအဖြစ် တာဝန်ယူမှာဖြစ်တယ်။ ဒီခံစစ်အတွဲကို ဒီရာသီမှာ မကြာခဏ မြင်ရဖို့လည်း ရှိနေပြီး ချယ်ဆီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဖာဘင်ညိုက ထူးချွန်တဲ့ ခံစစ်စွမ်းရည်တွေ ပြသထားတယ်။ သူဟာ လီဗာပူးခံစစ်ရဲ့ နောက်ဆုံးခံစစ်သမားအဖြစ် တာဝန်ယူ ကစားတတ်သူဖြစ်ပါတယ်။

ပလန် – C

ရိုင်စ် ဝီလီယမ်။ ၁၉ နှစ်အရွယ် အင်္ဂလန်သားဟာ ယူ-၂၁ အသင်းမှာပါ ရွေးချယ်ခံထားရပါပြီ။ မန်နေဂျာကလော့ပ်က ဒီရာသီမှာ လူငယ်နှစ်ဦးဖြစ်တဲ့ ရိုင်စ် ဝီလီယမ်နဲ့ ဘီလီ ကိုမတ်တီယိုတို့ နှစ်ဦးမှာ ရိုင်စ်ကို ပိုနှစ်သက်မှု ရှိတယ်။ ခံစစ်သမားတွေကို မြေတောင်မြှောက်ပေးတာက ကလော့ပ်အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဂျာမနီလက်ရွေးစင် မတ် ဟမ်းမယ်ဟာ ကလော့ပ် လက်ထွက်ပဲ ဖြစ်ပါတယ်။

ရိုင်စ်ဟာ ဗန်ဒိုက်နဲ့ ဆင်တူတဲ့ ပုံစံတွေ ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပိုသန်မာဖို့ လိုအပ်နေသေးပေမယ့် သူက ဘောလုံးကိုင်ကစားနိုင်တယ်၊ ပေးမှုကောင်းတယ်၊ အမြင့်ဘော အားသန်တယ်။ အကယ်ဒမီထွက်ဖြစ်ကာ စီနီယာအသင်း လိုအပ်တဲ့ ပုံစံတွေကို ဆင့်ပွှားသင်ကြားပေးမှုတွေကို ရရှိထားသူဖြစ်ပါတယ်။

ပလန် – D

ဂျော်ဒန် ဟန်ဒါဆန်။ ဟန်ဒါဆန်ဟာ ကလော့ပ်ရဲ့ ဝှက်ဖဲဖြစ်ပါတယ်။ ကလပ် ကမ္ဘာဖလား ဆီမီးဖိုင်နယ်မှာ ဗန်ဒိုက် ဖျားနေခဲ့စဉ် အသင်းခေါင်းဆောင်ကို ဗဟိုခံစစ်သမားအဖြစ် ကလော့ပ်က ထုတ်သုံးခဲ့တယ်။ သူဟာလည်း ဖာဘင်ညိုလို ခံစစ်သမားအဖြစ် ကစားနိုင်သူဖြစ်တယ်။ ဟန်ဒါဆန်လိုပဲ ဝိုက်နယ်ဒမ်ကလည်း ဗဟိုခံစစ်မှူးအဖြစ် ကစားဖူးပါတယ်။ ဒါပေမယ့်လို့ နည်းစနစ်ပိုင်းမှာ စည်းကမ်းရှိတဲ့ ဟန်ဒါဆန်ကပဲ ကလော့ပ်ရဲ့ ခံစစ်အတွက် နောက်ဆုံး ထုတ်မယ့် ကဒ်ဖြစ်ပါတယ်။

ပလန် – E

အသက် ၂၃ နှစ်အရွယ် နက်ဖီးလစ်ဟာ ချန်ပီယံရှစ်ကလပ်တွေက စိတ်ဝင်စားပေမယ့် အသင်းမှာပဲ ကျန်နေခဲ့တယ်။ ဇန်နဝါရီမှာတော့ သူ အသင်းပြောင်းဖွယ်ရှိပြီး ကလော့ပ်ဟာ ပွဲကြိုတွေမှာ နက်ဖီးလစ်အကြောင်း သိပ်ပြောလေ့ မရှိပါဘူး။ နက်ဖီလစ်ကတော့ အခွင့်အရေးအတွက် တိုက်ခိုက်မယ် ဆိုထားခဲ့တယ်။

ပလန် – F

ဘီလီ ကိုမတ်တီယို။ ရာသီကြိုမှာတုန်းက မန်နေဂျာကလော့ပ်က ဘီလီကို အတော်လေး အထင်ကြီးတဲ့ စကားတွေ ပြောဆိုခဲ့တယ်။ ဒါပေမယ့် ၁၇ နှစ်အရွယ် ခံစစ်မှူးက အတွေ့အကြုံပိုင်း အတော်လေး နုနယ်သေးတာကြောင့် စီနီယာအဆင့်ပွဲတွေမှာ ထုတ်သုံးပြီး ကစားသမားကို ဖိအားကြီးတွေ ခံစားရတာမျိုး လုပ်မယ်လို့ မထင်ရပါဘူး။

ပလန် – G

ဆပ် ဗန်ဒန်ဘယ်ရာ။ ၁၉ နှစ်သား နယ်သာလန် လူငယ်လေးဟာ မနှစ်တုန်းက လီဗာပူးကို ပြောင်းလာခဲ့သူပါ။ သူဟာ တိုးတက်ဖို့ အများကြီး လိုသေးတဲ့ ကစားသမားဖြစ်ပြီး လာမယ့် ၁ နှစ် (သို့) ၂ နှစ်အတွင်း စီနီယာအဆင့်ကို ရောက်လာဦးမှာ မဟုတ်ဘူးလို့ သိထားရပါတယ်။

ZAWGYI

ဗန္ဒိုက္ကို ကာလရွည္ လက္လြတ္ရမွာျဖစ္ျခင္းေၾကာင့္ ဗဟိုခံစစ္မွာ ျပႆနာေတြ ေပၚလာတဲ့ လီဗာပူးဟာ ပထမရာသီဝက္ လူစာရင္းမွာေတာ့ ဗန္ဒိုက္ကို လံုးဝ ထုတ္ပယ္လိုက္ပါျပီ။

ဗန္ဒိုက္ရဲ႕ ဒဏ္ရာက ဘယ္အခ်ိန္မွာ ျပန္ေကာင္းလာမလဲ မသိေသးေပမယ့္လို႔ သူဟာ ပထမရာသီဝက္မွာ ျပန္ကစားႏုိင္မွာ မဟုတ္ဘူး။ ဒုတိယရာသီဝက္မွာေတာင္မွ ရာသီ ေႏွာင္းပိုင္းမွ ျပန္ကစားႏိုင္မွာျဖစ္တယ္။ ဒါေၾကာင့္ ဇန္နဝါရီလ ၁ ရက္ေန႔မွာတင္ အသင္းကို ခံစစ္သမားသစ္ ေရာက္လာခဲ့ရင္လည္း ပရီးမီးယားလိဂ္ပြဲ ၁၁ ပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲ ၆ ပြဲတို႔မွာ လက္ရွိ အသင္းက ကစားသမားေတြနဲ႔ပဲ ေရွ႔ဆက္ရပါမယ္။

ဒီေတာ့ မန္ေနဂ်ာကေလာ့ပ္မွာ ခံစစ္အတြက္ ဘယ္လို ကစားသမားေတြ ရွိေနလဲ? သူသံုးလို႔ရႏုိင္မယ့္ ဝွက္ဖဲပါမက်န္ ခံစစ္သမားမ်ားစာရင္းကို The Aheletic က ေဖာ္ျပပါတယ္။

လိုဗရန္ ထြက္ခြာသြားျပီျဖစ္ကာ ဗန္ဒိုက္လည္း ဒဏ္ရာရေနခဲ့တာေၾကာင့္ လီဗာပူးအသင္းရဲ႕ ပထမဦးစားေပး ခံစစ္အတြဲက ဂိုးမက္စ္နဲ႔ မာတစ္ ျဖစ္လာပါမယ္။ ၾကံ႕ခိုင္မႈ ေကာင္းေနခ်ိန္မွာ သူတို႔ ႏွစ္ဦးကိုပဲ အဓိက ထုတ္သံုးမွာျဖစ္တယ္။ အကယ္လို႔ သူတို႔ထဲက တစ္ဦးဦး မကစားႏုိင္ရင္ (သို႔) ႏွစ္ဦးလံုး မကစားႏုိင္ဘူးဆိုရင္ေတာ့ …

ပလန္ – B

ဖာဘင္ညိဳ ျဖစ္ပါတယ္။ ကြင္းလယ္ခံစစ္သမားက ေအဂ်က္နဲ႔ပြဲမွာ ဂိုးမက္စ္ရဲ႕ ပါတနာအျဖစ္ တာဝန္ယူမွာျဖစ္တယ္။ ဒီခံစစ္အတြဲကို ဒီရာသီမွာ မၾကာခဏ ျမင္ရဖို႔လည္း ရွိေနျပီး ခ်ယ္ဆီးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဖာဘင္ညိဳက ထူးခၽြန္တဲ့ ခံစစ္စြမ္းရည္ေတြ ျပသထားတယ္။ သူဟာ လီဗာပူးခံစစ္ရဲ႕ ေနာက္ဆံုးခံစစ္သမားအျဖစ္ တာဝန္ယူ ကစားတတ္သူျဖစ္ပါတယ္။

ပလန္ – C

ရိုင္စ္ ဝီလီယမ္။ ၁၉ ႏွစ္အရြယ္ အဂၤလန္သားဟာ ယူ-၂၁ အသင္းမွာပါ ေရြးခ်ယ္ခံထားရပါျပီ။ မန္ေနဂ်ာကေလာ့ပ္က ဒီရာသီမွာ လူငယ္ႏွစ္ဦးျဖစ္တဲ့ ရိုင္စ္ ဝီလီယမ္နဲ႔ ဘီလီ ကိုမတ္တီယိုတို႔ ႏွစ္ဦးမွာ ရိုင္စ္ကို ပိုႏွစ္သက္မႈ ရွိတယ္။ ခံစစ္သမားေတြကို ေျမေတာင္ေျမွာက္ေပးတာက ကေလာ့ပ္အတြက္ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ဂ်ာမနီလက္ေရြးစင္ မတ္ ဟမ္းမယ္ဟာ ကေလာ့ပ္ လက္ထြက္ပဲ ျဖစ္ပါတယ္။

ရိုင္စ္ဟာ ဗန္ဒိုက္နဲ႔ ဆင္တူတဲ့ ပံုစံေတြ ရွိပါတယ္။ ရုပ္ပိုင္းဆိုင္ရာ ပိုသန္မာဖို႔ လိုအပ္ေနေသးေပမယ့္ သူက ေဘာလံုးကိုင္ကစားႏုိင္တယ္၊ ေပးမႈေကာင္းတယ္၊ အျမင့္ေဘာ အားသန္တယ္။ အကယ္ဒမီထြက္ျဖစ္ကာ စီနီယာအသင္း လိုအပ္တဲ့ ပံုစံေတြကို ဆင့္ပႊားသင္ၾကားေပးမႈေတြကို ရရွိထားသူျဖစ္ပါတယ္။

ပလန္ – D

ေဂ်ာ္ဒန္ ဟန္ဒါဆန္။ ဟန္ဒါဆန္ဟာ ကေလာ့ပ္ရဲ႕ ဝွက္ဖဲျဖစ္ပါတယ္။ ကလပ္ ကမၻာဖလား ဆီမီးဖိုင္နယ္မွာ ဗန္ဒိုက္ ဖ်ားေနခဲ့စဥ္ အသင္းေခါင္းေဆာင္ကို ဗဟိုခံစစ္သမားအျဖစ္ ကေလာ့ပ္က ထုတ္သံုးခဲ့တယ္။ သူဟာလည္း ဖာဘင္ညိဳလို ခံစစ္သမားအျဖစ္ ကစားႏုိင္သူျဖစ္တယ္။ ဟန္ဒါဆန္လိုပဲ ဝိုက္နယ္ဒမ္ကလည္း ဗဟိုခံစစ္မွဴးအျဖစ္ ကစားဖူးပါတယ္။ ဒါေပမယ့္လို႔ နည္းစနစ္ပိုင္းမွာ စည္းကမ္းရွိတဲ့ ဟန္ဒါဆန္ကပဲ ကေလာ့ပ္ရဲ႕ ခံစစ္အတြက္ ေနာက္ဆံုး ထုတ္မယ့္ ကဒ္ျဖစ္ပါတယ္။

ပလန္ – E

အသက္ ၂၃ ႏွစ္အရြယ္ နက္ဖီးလစ္ဟာ ခ်န္ပီယံရွစ္ကလပ္ေတြက စိတ္ဝင္စားေပမယ့္ အသင္းမွာပဲ က်န္ေနခဲ့တယ္။ ဇန္နဝါရီမွာေတာ့ သူ အသင္းေျပာင္းဖြယ္ရွိျပီး ကေလာ့ပ္ဟာ ပြဲၾကိဳေတြမွာ နက္ဖီးလစ္အေၾကာင္း သိပ္ေျပာေလ့ မရွိပါဘူး။ နက္ဖီလစ္ကေတာ့ အခြင့္အေရးအတြက္ တိုက္ခိုက္မယ္ ဆိုထားခဲ့တယ္။

ပလန္ – F

ဘီလီ ကိုမတ္တီယို။ ရာသီၾကိဳမွာတုန္းက မန္ေနဂ်ာကေလာ့ပ္က ဘီလီကို အေတာ္ေလး အထင္ၾကီးတဲ့ စကားေတြ ေျပာဆိုခဲ့တယ္။ ဒါေပမယ့္ ၁၇ ႏွစ္အရြယ္ ခံစစ္မွဴးက အေတြ႔အၾကံဳပိုင္း အေတာ္ေလး ႏုနယ္ေသးတာေၾကာင့္ စီနီယာအဆင့္ပြဲေတြမွာ ထုတ္သံုးျပီး ကစားသမားကို ဖိအားၾကီးေတြ ခံစားရတာမ်ိဳး လုပ္မယ္လို႔ မထင္ရပါဘူး။

ပလန္ – G

ဆပ္ ဗန္ဒန္ဘယ္ရာ။ ၁၉ ႏွစ္သား နယ္သာလန္ လူငယ္ေလးဟာ မႏွစ္တုန္းက လီဗာပူးကို ေျပာင္းလာခဲ့သူပါ။ သူဟာ တိုးတက္ဖို႔ အမ်ားၾကီး လိုေသးတဲ့ ကစားသမားျဖစ္ျပီး လာမယ့္ ၁ ႏွစ္ (သို႔) ၂ ႏွစ္အတြင္း စီနီယာအဆင့္ကို ေရာက္လာဦးမွာ မဟုတ္ဘူးလို႔ သိထားရပါတယ္။