လီဗာပူးအဝတ်လဲခန်းဟာ အသင်းဖော် ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို အတော်လေး စိတ်မချမ်းမြေ့ ဖြစ်ခဲ့ကြပြီး သူ့အတွက် စိတ်ပူခဲ့ကြတာကြောင့် အိပ်တောင် မပျော်ခဲ့ကြပါဘူးလို့ ဝိုက်နယ်ဒမ်က ထုတ်ပြောလိုက်ပါတယ်။

အဲဗာတန် ကစားသမားတွေက မလုပ်သင့်တဲ့ ဥပဒေပ ကစားမှုတွေကို လုပ်ခဲ့သလို ဒိုင်လူကြတွေးကလည်း အဆိုပါ အခြေအနေကို အကူအညီ မဖြစ်စေခဲ့ဘူး။ ပိုဆိုးတာကတော့ ပွဲအပြီးမှာလည်း ဘာလို့ ဒီလို ဆုံးဖြတ်ခဲ့ကြပါတယ်ဆိုတာကို ရေရာတဲ့ အဖြေတွေ မပေးခဲ့ကြဘဲ လက်သင့်ခံလို့မရတဲ့ အကြောင်းပြချက်တွေပဲ ပေးခဲ့ကြပါတယ်။

ကလော့ပ်ကတော့ ပြစ်ဒဏ် ကျူးလွန်ခံရသူက ငါ့တို့အသင်းဖြစ်ပြီး ခံစားလိုက်ရတာကလည်း ငါ့တို့အသင်းပဲ ဖြစ်ခဲ့တယ်ဆိုတဲ့ စကားနဲ့အတူ ဗန်ဒိုက်ဖြစ်ရပ်ကို ထိန်းထိန်းသိမ်းသိမ်းပဲ ဆက်ပြောခဲ့ပါတယ်။

ဝိုက်နယ်ဒမ်ကတော့ ပစ်ဖိုဒ့်ကို အတော်လေး ဒေါသထွက်နေခဲ့ပြီး သူကလည်း စကားတွေကို ထိန်းသိမ်း ပြောခဲ့တယ်။ ၉ လထိ ဗန်ဒိုက် အနားယူရနိုင်တဲ့ ကိစ္စတွေက ဖြစ်သွားခဲ့ပြီဖြစ်သလို ဒီကိစ္စကို ရှေ့ဆက်မယ်ဆိုရင်လည်း ဘာအကြောင်းမှ ထူးလာတော့မှာ မဟုတ်တာကို သူတို့ နားလည်ထားကြဟန် ရှိပါတယ်။

ဝိုက်နယ်ဒမ်က ” ဒါက ပုံမှန်နဲ့ ခြားနားတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖြစ်သွားတဲ့ ကိစ္စက ကျနေ်ာတို့အတွက် လက်ခံဖို့ ခက်ခဲပါတယ်။ အဲ့အတွက်လည်း လူတိုင်းက အခုထိ ခံစားချက်တွေ မကောင်းပါဘူး။ အသင်းဖော်တွေ တစ်ယောက်မှ မအိပ်နိုင်ခဲ့ဘူး။ ဗန်ဒိုက် ဒဏ်ရာရသွားတာက လက်ခံဖို့ ခက်ခဲခဲ့တယ်၊ အသင်းအတွက်လည်း လက်ခံဖို့ ခက်ခဲတဲ့ ကိစ္စပဲလေ။

အသင်းအတွက် ဗန်ဒိုက်က အရေးပါတဲ့ ကစားသမားပါ။ ဒါကို အသင်းကို ရောက်လာပြီးတည်းက သူ ပြသထားခဲ့တယ်။ သူက ခေါင်းဆောင်တစ်ယောက်ပါ။ ဗန်ဒိုက် မပါဘဲ ကျနေ်ာတို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်သေးတယ်ဆိုတာကို လုပ်ပြဖို့က ကျနေ်ာတို့ အားလုံးအပေါ် မူတည်လာပါတယ်။ ကျနေ်ာတို့ လုပ်ပြနိုင်ပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအဝတ္လဲခန္းဟာ အသင္းေဖာ္ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာကို အေတာ္ေလး စိတ္မခ်မ္းေျမ႔ ျဖစ္ခဲ့ၾကျပီး သူ႔အတြက္ စိတ္ပူခဲ့ၾကတာေၾကာင့္ အိပ္ေတာင္ မေပ်ာ္ခဲ့ၾကပါဘူးလို႔ ဝိုက္နယ္ဒမ္က ထုတ္ေျပာလိုက္ပါတယ္။

အဲဗာတန္ ကစားသမားေတြက မလုပ္သင့္တဲ့ ဥပေဒပ ကစားမႈေတြကို လုပ္ခဲ့သလို ဒိုင္လူၾကေတြးကလည္း အဆိုပါ အေျခအေနကို အကူအညီ မျဖစ္ေစခဲ့ဘူး။ ပိုဆိုးတာကေတာ့ ပြဲအျပီးမွာလည္း ဘာလို႔ ဒီလို ဆံုးျဖတ္ခဲ့ၾကပါတယ္ဆိုတာကို ေရရာတဲ့ အေျဖေတြ မေပးခဲ့ၾကဘဲ လက္သင့္ခံလို႔မရတဲ့ အေၾကာင္းျပခ်က္ေတြပဲ ေပးခဲ့ၾကပါတယ္။

ကေလာ့ပ္ကေတာ့ ျပစ္ဒဏ္ က်ဴးလြန္ခံရသူက ငါ့တို႔အသင္းျဖစ္ျပီး ခံစားလိုက္ရတာကလည္း ငါ့တို႔အသင္းပဲ ျဖစ္ခဲ့တယ္ဆိုတဲ့ စကားနဲ႔အတူ ဗန္ဒိုက္ျဖစ္ရပ္ကို ထိန္းထိန္းသိမ္းသိမ္းပဲ ဆက္ေျပာခဲ့ပါတယ္။

ဝိုက္နယ္ဒမ္ကေတာ့ ပစ္ဖိုဒ့္ကို အေတာ္ေလး ေဒါသထြက္ေနခဲ့ျပီး သူကလည္း စကားေတြကို ထိန္းသိမ္း ေျပာခဲ့တယ္။ ၉ လထိ ဗန္ဒိုက္ အနားယူရႏုိင္တဲ့ ကိစၥေတြက ျဖစ္သြားခဲ့ျပီျဖစ္သလို ဒီကိစၥကို ေရွ႔ဆက္မယ္ဆိုရင္လည္း ဘာအေၾကာင္းမွ ထူးလာေတာ့မွာ မဟုတ္တာကို သူတို႔ နားလည္ထားၾကဟန္ ရွိပါတယ္။

ဝိုက္နယ္ဒမ္က ” ဒါက ပံုမွန္နဲ႔ ျခားနားတဲ့ကိစၥ ျဖစ္ပါတယ္။ ျဖစ္သြားတဲ့ ကိစၥက က်ေန္ာတို႔အတြက္ လက္ခံဖို႔ ခက္ခဲပါတယ္။ အဲ့အတြက္လည္း လူတိုင္းက အခုထိ ခံစားခ်က္ေတြ မေကာင္းပါဘူး။ အသင္းေဖာ္ေတြ တစ္ေယာက္မွ မအိပ္ႏုိင္ခဲ့ဘူး။ ဗန္ဒိုက္ ဒဏ္ရာရသြားတာက လက္ခံဖို႔ ခက္ခဲခဲ့တယ္၊ အသင္းအတြက္လည္း လက္ခံဖို႔ ခက္ခဲတဲ့ ကိစၥပဲေလ။

အသင္းအတြက္ ဗန္ဒိုက္က အေရးပါတဲ့ ကစားသမားပါ။ ဒါကို အသင္းကို ေရာက္လာျပီးတည္းက သူ ျပသထားခဲ့တယ္။ သူက ေခါင္းေဆာင္တစ္ေယာက္ပါ။ ဗန္ဒိုက္ မပါဘဲ က်ေန္ာတို႔က ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏုိင္ေသးတယ္ဆိုတာကို လုပ္ျပဖို႔က က်ေန္ာတုိ႔ အားလံုးအေပၚ မူတည္လာပါတယ္။ က်ေန္ာတို႔ လုပ္ျပႏုိင္ပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။