လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အတွက် ‘List A’ အဆင့် ကစားသမား ၂၄ ဦးကို တင်ခဲ့ပြီဖြစ်ပြီး ဗန်ဒိုက်ကို ထုတ်ပယ်ကာ ၂၂ နှစ်သား တိုက်စစ်သမား ဂျိုးဟာဒီကို အစားထိုးခဲ့တယ်။

ဆက်ပြီးလည်း ‘List B’ အဖြစ် အသက် ၂၁ နှစ်အာက် ကစားသမား ၁၂ ဦးကို ထပ်မံ အားဖြည့်ခဲ့ပြီ ဖြစ်ပါတယ်။ လူစာရင်းကိုတော့ ဒီည အေဂျက်နဲ့ပွဲမတိုင်ခင်ထိ အပြောင်းအလဲ ပြုလုပ်နိုင်သေးကာ အဆိုပါ လူငယ် ၁၂ ဦးထဲက ၅ ဦးကတော့ အမ်စတာဒမ်ကို သွားရောက်တဲ့ ခရီးကို လိုက်ပါသွားခဲ့တယ်။

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အေဂျက်နဲ့ လီဗာပူးပွဲအတွက် လိုက်ပါသွားတဲ့ လူငယ် ၅ ဦးကတော့ ကာတစ်ဂျုံး၊ နီကိုး ဝီလီယမ်နဲ့ တတိယ ဦးစားပေး ခံစစ်မှူးအဖြစ် အရန်စာရင်းမှာ ပါဝင်သွားမယ့် ရိုင်စ် ဝီလီယမ်တို့ ဖြစ်ပါတယ်။ ကျန် ၂ ဦးကတော့ လူငယ်ဂိုးသမား ဂျာရိုစ့်ဖြစ်ပြီး သူက တတိယ ဂိုးသမားအဖြစ် လိုက်ပါသွားခဲ့ကာ နောက်ဆုံး တစ်ဦးကတော့ ကွင်းလယ်ကစားသမား ဂျိတ်ကိန်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ် ခရီးစဉ်မှာ ခံစစ်သမား နက်ဖီးလစ်၊ ဘီလီ ကိုမတ်တီယိုနဲ့ ဗန်ဒန်ဘယ်ရာတို့ကို ခေါ်ယူသွားခဲ့ခြင်း မရှိဘူးလို့ သိရတယ်။ ဂျာရိုစ့်ကို ခေါ်ယူခဲ့တာက အတ်ဒရီယန် ဂိုးပေါက်ကို တာဝန်ယူပြီး ဂလယ်ဟာ အရန်ဂိုးသမားအဖြစ် ရှိမှာဖြစ်ကာ အရေးပေါ် အခြေအနေတွေအတွက် တတိယဂိုးသမား လိုအပ်ချက်အရ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ရဲ့ လူငယ် စာရင်းမှာတော့ အထက်ပါ ၅ ဦးအပြင် ဘယ်အစွန်လူ လာရိုစီ၊ ကွင်းလယ်လူ လိုက်သန် ဂလာဆန်၊ ဒီဇွန်ဘွန်နာ၊ တိုက်စစ်သမားတွေဖြစ်တဲ့ မီလာ၊ ပေါလ်ဂလေဇာနဲ့ လောင်းစတပ်နဲ့ လေသန် စတီးဝပ်တို့ဖြစ်ပါတယ်။

အဆိုပါ ၇ ဦးထဲမှာတော့ တိုက်စစ်သမား စတီးဝပ်က ဒီရာသီမှာ အတော်လေး နာမည်ထွက်လာတဲ့ တိုက်စစ်သမားဖြစ်တယ်။ သူဟာ hat-trick ၂ ကြိမ်အပါအဝင် ဒီရာသီ လူငယ်ပွဲ ၄ ပွဲမှာ သွင်းဂိုး ၈ ဂိုးထိ ရရှိထားသူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္အတြက္ ‘List A’ အဆင့္ ကစားသမား ၂၄ ဦးကို တင္ခဲ့ျပီျဖစ္ျပီး ဗန္ဒိုက္ကို ထုတ္ပယ္ကာ ၂၂ ႏွစ္သား တိုက္စစ္သမား ဂ်ိဳးဟာဒီကို အစားထိုးခဲ့တယ္။

ဆက္ျပီးလည္း ‘List B’ အျဖစ္ အသက္ ၂၁ ႏွစ္အာက္ ကစားသမား ၁၂ ဦးကို ထပ္မံ အားျဖည့္ခဲ့ျပီ ျဖစ္ပါတယ္။ လူစာရင္းကိုေတာ့ ဒီည ေအဂ်က္နဲ႔ပြဲမတိုင္ခင္ထိ အေျပာင္းအလဲ ျပဳလုပ္ႏုိင္ေသးကာ အဆိုပါ လူငယ္ ၁၂ ဦးထဲက ၅ ဦးကေတာ့ အမ္စတာဒမ္ကို သြားေရာက္တဲ့ ခရီးကို လိုက္ပါသြားခဲ့တယ္။

ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ ေအဂ်က္နဲ႔ လီဗာပူးပြဲအတြက္ လိုက္ပါသြားတဲ့ လူငယ္ ၅ ဦးကေတာ့ ကာတစ္ဂ်ဳံး၊ နီကိုး ဝီလီယမ္နဲ႔ တတိယ ဦးစားေပး ခံစစ္မွဴးအျဖစ္ အရန္စာရင္းမွာ ပါဝင္သြားမယ့္ ရိုင္စ္ ဝီလီယမ္တို႔ ျဖစ္ပါတယ္။ က်န္ ၂ ဦးကေတာ့ လူငယ္ဂိုးသမား ဂ်ာရိုစ့္ျဖစ္ျပီး သူက တတိယ ဂိုးသမားအျဖစ္ လိုက္ပါသြားခဲ့ကာ ေနာက္ဆံုး တစ္ဦးကေတာ့ ကြင္းလယ္ကစားသမား ဂ်ိတ္ကိန္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ခရီးစဥ္မွာ ခံစစ္သမား နက္ဖီးလစ္၊ ဘီလီ ကိုမတ္တီယိုနဲ႔ ဗန္ဒန္ဘယ္ရာတို႔ကို ေခၚယူသြားခဲ့ျခင္း မရွိဘူးလို႔ သိရတယ္။ ဂ်ာရိုစ့္ကို ေခၚယူခဲ့တာက အတ္ဒရီယန္ ဂိုးေပါက္ကို တာဝန္ယူျပီး ဂလယ္ဟာ အရန္ဂိုးသမားအျဖစ္ ရွိမွာျဖစ္ကာ အေရးေပၚ အေျခအေနေတြအတြက္ တတိယဂိုးသမား လိုအပ္ခ်က္အရ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ရဲ႕ လူငယ္ စာရင္းမွာေတာ့ အထက္ပါ ၅ ဦးအျပင္ ဘယ္အစြန္လူ လာရိုစီ၊ ကြင္းလယ္လူ လိုက္သန္ ဂလာဆန္၊ ဒီဇြန္ဘြန္နာ၊ တိုက္စစ္သမားေတြျဖစ္တဲ့ မီလာ၊ ေပါလ္ဂေလဇာနဲ႔ ေလာင္းစတပ္နဲ႔ ေလသန္ စတီးဝပ္တို႔ျဖစ္ပါတယ္။

အဆိုပါ ၇ ဦးထဲမွာေတာ့ တိုက္စစ္သမား စတီးဝပ္က ဒီရာသီမွာ အေတာ္ေလး နာမည္ထြက္လာတဲ့ တိုက္စစ္သမားျဖစ္တယ္။ သူဟာ hat-trick ၂ ၾကိမ္အပါအဝင္ ဒီရာသီ လူငယ္ပြဲ ၄ ပြဲမွာ သြင္းဂိုး ၈ ဂိုးထိ ရရွိထားသူျဖစ္ပါတယ္။