အေဂျက်နဲ့ပွဲမှာ ဂိုးတွေ သွင်းနိုင်မယ်ဆိုရင် ဆာလက်ဟာ လီဗာပူးသမိုင်းမှာ ချန်ပီယံလိဂ်သွင်းဂိုး တတိယအများဆုံး ကစားသမားနေရာကို လွတ်လွတ်လပ်လပ် ရယူသွားနိုင်ဖို့ ရှိနေပါတယ်။

ဆာလက်ဟာ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါပြီ။ အဆိုပါ သွင်းဂိုးတွေထဲမှာတော့ ချန်ပီယံလိဂ်ပွဲ ၃၅ ပွဲအတွင်း သွင်းဂိုး ၂၀ လည်း ပါဝင်ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမားများ စာရင်းမှာတော့ သူဟာ စတီဗင်ဂျရတ်ရဲ့ (၄၁ ဂိုး)၊ မိုင်ကယ်အိုဝင်ရဲ့ (၂၂ ဂိုး) နောက် တတိယ ဂိုးသွင်းအများဆုံးအဖြစ် အီရန်ရှပ်နဲ့ အတူ သွင်းဂိုး ၂၀ ဖြင့် ပူးတွဲ ရပ်တည်နေတယ်။

ဒါကြောင့် အေဂျက်နဲ့ပွဲမှာ ရရှိမယ့် သွင်းဂိုးတွေအပေါ် မူတည်ပြီး သူဟာ အိုဝင်ရဲ့ စံချိန်ကို လိုက်မှီတာလည်း ဖြစ်သွားနိုင်သလို၊ ကျော်ဖြတ်သွားနိုင်တာလည်း ဖြစ်လာနိုင်ပါသေးတယ်။ ဒီကနေ့မှာ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မှုကို Adidas က ဂုဏ်ပြုထားပြီး သူ့နာမည် ရေးထိုးထားတဲ့ Adidas limited x ghosted ဖိနပ်ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ဥရောပ သမိုင်းကြောင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးနဲ့ အေးဂျက်တို့အတွက်က ၁၉၆၆-၆၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံမှာဖြစ်တယ်။ အဆိုပါ ဘောလုံးရာသီတုန်းက လီဗာပူး အေဂျက်ကို နှစ်ကျော့ ပေါင်း ၇-၃ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တယ်။

၁၉၆၆ ခုနှစ် နောက်ပိုင်း နယ်သာလန်ကလပ်တွေနဲ့ ၁၃ ကြိမ် တွေ့ဆုံရာမှာ လီဗာပူးက တစ်ကြိမ်မှ အရေးမနိမ့်ထားပါဘူး။ ဒါ့အပြင် ၂၀၁၀ ခုနှစ်နောက်ပိုင်း လီဗာပူးက နယ်သာလန်ကလပ် တစ်သင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်တယ်။

ဒီရာသီဟာ လီဗာပူးသမိုင်းမှာ ၂၅ ကြိမ်မြောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ရခြင်းဖြစ်တယ်။ ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းက သွင်းဂိုး ၂၅၀ ကို ပြည့်ဖို့ ၁ ဂိုးပဲ လိုအပ်ပြီး ဒီသွင်းဂိုးက အေဂျက်နဲ့ပွဲမှာ မြင်တွေ့ရမှု ဖြစ်လာမလား စောင့်ကြည့်ရပါမယ်။

ZAWGYI

ေအဂ်က္နဲ႔ပြဲမွာ ဂိုးေတြ သြင္းႏုိင္မယ္ဆိုရင္ ဆာလက္ဟာ လီဗာပူးသမိုင္းမွာ ခ်န္ပီယံလိဂ္သြင္းဂိုး တတိယအမ်ားဆံုး ကစားသမားေနရာကို လြတ္လြတ္လပ္လပ္ ရယူသြားႏုိင္ဖို႔ ရွိေနပါတယ္။

ဆာလက္ဟာ လီဗာပူးကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္ခဲ့ပါျပီ။ အဆိုပါ သြင္းဂိုးေတြထဲမွာေတာ့ ခ်န္ပီယံလိဂ္ပြဲ ၃၅ ပြဲအတြင္း သြင္းဂိုး ၂၀ လည္း ပါဝင္ခဲ့ပါတယ္။ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ သြင္းဂိုးအမ်ားဆံုး ကစားသမားမ်ား စာရင္းမွာေတာ့ သူဟာ စတီဗင္ဂ်ရတ္ရဲ႕ (၄၁ ဂိုး)၊ မိုင္ကယ္အိုဝင္ရဲ႕ (၂၂ ဂိုး) ေနာက္ တတိယ ဂိုးသြင္းအမ်ားဆံုးအျဖစ္ အီရန္ရွပ္နဲ႔ အတူ သြင္းဂိုး ၂၀ ျဖင့္ ပူးတြဲ ရပ္တည္ေနတယ္။

ဒါေၾကာင့္ ေအဂ်က္နဲ႔ပြဲမွာ ရရွိမယ့္ သြင္းဂိုးေတြအေပၚ မူတည္ျပီး သူဟာ အိုဝင္ရဲ႕ စံခ်ိန္ကို လိုက္မွီတာလည္း ျဖစ္သြားႏုိင္သလို၊ ေက်ာ္ျဖတ္သြားႏုိင္တာလည္း ျဖစ္လာႏုိင္ပါေသးတယ္။ ဒီကေန႔မွာ ဆာလက္ဟာ လီဗာပူးကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္မႈကို Adidas က ဂုဏ္ျပဳထားျပီး သူ႔နာမည္ ေရးထိုးထားတဲ့ Adidas limited x ghosted ဖိနပ္ကို ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။

ဥေရာပ သမိုင္းေၾကာင္းေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ လီဗာပူးနဲ႔ ေအးဂ်က္တို႔အတြက္က ၁၉၆၆-၆၇ ခုႏွစ္ ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ျပန္လည္ ေတြ႔ဆံုမွာျဖစ္တယ္။ အဆိုပါ ေဘာလံုးရာသီတုန္းက လီဗာပူး ေအဂ်က္ကို ႏွစ္ေက်ာ့ ေပါင္း ၇-၃ ဆိုတဲ့ရလဒ္နဲ႔ အေရးနိမ့္ခဲ့တယ္။

၁၉၆၆ ခုႏွစ္ ေနာက္ပိုင္း နယ္သာလန္ကလပ္ေတြနဲ႔ ၁၃ ၾကိမ္ ေတြ႔ဆံုရာမွာ လီဗာပူးက တစ္ၾကိမ္မွ အေရးမနိမ့္ထားပါဘူး။ ဒါ့အျပင္ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း လီဗာပူးက နယ္သာလန္ကလပ္ တစ္သင္းနဲ႔ ပထမဆံုးအၾကိမ္ ျပန္လည္ရင္ဆိုင္ရမွာျဖစ္တယ္။

ဒီရာသီဟာ လီဗာပူးသမိုင္းမွာ ၂၅ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ရျခင္းျဖစ္တယ္။ ခ်န္ပီယံလိဂ္မွာ လီဗာပူးအသင္းက သြင္းဂိုး ၂၅၀ ကို ျပည့္ဖို႔ ၁ ဂိုးပဲ လိုအပ္ျပီး ဒီသြင္းဂိုးက ေအဂ်က္နဲ႔ပြဲမွာ ျမင္ေတြ႔ရမႈ ျဖစ္လာမလား ေစာင့္ၾကည့္ရပါမယ္။