ဒီကနေ့ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ အေဂျက်အသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပွဲမှာတော့ အေဂျက်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ပေါလ်ဆင်ဟာ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ပါမယ်။

လီဗာပူးပရိသတ်တွေက ဒိန်းမတ် ကွင်းလယ်လူ ပေါလ်ဆင်ကို မေ့ကြမယ်တော့ မထင်ပါဘူး။ ၂၀၁၀ ခုနှစ်မှာ မန်နေဂျာ ရွိုင်ဟောင်ဆန် ခေါ်ယူမှုဖြင့် ဂျူဗင်တပ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ပေါလ်ဆန်ဟာ ကွန်ချက်စကီးနည်းတူ မအောင်မြင်တဲ့ လီဗာပူးကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး မန်နေဂျာဒဲလ်ဂလစ် လက်ထက်မှာတော့ လုံးဝ ချောင်ထိုးခြင်း ခံခဲ့ရတယ်။

ပေါလ်ဆင်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ အရမ်းကြီး ဆိုးရွားခဲ့တာ မဟုတ်ပေမယ့် လီဗာပူးမှာတော့ အံမဝင်ခဲ့ပါဘူး။ အထူးသဖြင့် အင်္ဂလန်လိဂ်ရဲ့ လျှင်မြန်မှုနဲ့ ကာယ အားပေးတဲ့ အနေအထားဟာ သူ့အတွက်တော့ အသစ်လို ဖြစ်နေခဲ့ကာ ပွဲရဲ့ တန်ပိုကို လုံးဝ မလိုက်နိုင်ခဲ့ဘူး။ သူဟာလည်း ရွိုင်ဟောင်ဆန်လက်ထက် ဆိုးရွားလှတဲ့ လီဗာပူး ကစားပုံတွေမှာ လက်ညိုးထိုးစရာ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

ပေါလ်ဆန်၊ ကွန်ချက်စကီးတို့ ရှိခဲ့တဲ့ အချိန်က လီဗာပူးအသင်းဟာ ပရိသတ်တွေကြားမှာ အတော်လေး ပြောစရာဖြစ်ခဲ့ကြတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပေါလ်ဆန်ဟာ ရာသီအကုန်မှာ ပြင်သစ် ဒုတိယတန်းလိဂ်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တယ်။

သူဟာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တယ်။ ပြီးနောက်မှာတော့ အေဂျက်အသင်းမှာ လက်ထောက်နည်းပြဖြစ်လာခဲ့ပါတယ်။ အေဂျက်အသင်းရဲ့ ခံစစ်ပိုင်း တာဝန်တွေကို အကောင်းဆုံး ကူညီပေးနိုင်ပြီး လက်ရှိ အေဂျက်မန်နေဂျာ အဲရစ်တန်ဟတ်ရဲ့ အကောင်းဆုံး အကူတစ်ဦးလည်း ဖြစ်လာခဲ့တယ်။

ဒီကနေ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲမှာတော့ ပေါလ်ဆင်ရဲ့ အသင်းဖော်တွေ တစ်ဦးမှ လီဗာပူးမှာ ရှိမနေတော့သလို၊ လီဗာပူးပရိသတ်တွေကလည်း ဆယ်စုနှစ် အကြာက အသင်းရဲ့ ကစားသမားဖြစ်ခဲ့တဲ့ ဒိန်းမတ်သား ကွင်းလယ်လူကို မှတ်မိကြပါဦးမလားက စိတ်ဝင်စားစရာပါပဲ။

ZAWGYI

ဒီကေန႔ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးနဲ႔ ေအဂ်က္အသင္းတို႔ ထိပ္တိုက္ေတြ႔တဲ့ ပြဲမွာေတာ့ ေအဂ်က္အသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေပါလ္ဆင္ဟာ အသင္းေဟာင္းကို ျပန္လည္ ရင္ဆိုင္ပါမယ္။

လီဗာပူးပရိသတ္ေတြက ဒိန္းမတ္ ကြင္းလယ္လူ ေပါလ္ဆင္ကို ေမ့ၾကမယ္ေတာ့ မထင္ပါဘူး။ ၂၀၁၀ ခုႏွစ္မွာ မန္ေနဂ်ာ ရိြဳင္ေဟာင္ဆန္ ေခၚယူမႈျဖင့္ ဂ်ဴဗင္တပ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ေပါလ္ဆန္ဟာ ကြန္ခ်က္စကီးနည္းတူ မေအာင္ျမင္တဲ့ လီဗာပူးကစားသမားဘဝကို ပိုင္ဆုိင္ခဲ့ျပီး မန္ေနဂ်ာဒဲလ္ဂလစ္ လက္ထက္မွာေတာ့ လံုးဝ ေခ်ာင္ထိုးျခင္း ခံခဲ့ရတယ္။

ေပါလ္ဆင္ဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ အရမ္းၾကီး ဆိုးရြားခဲ့တာ မဟုတ္ေပမယ့္ လီဗာပူးမွာေတာ့ အံမဝင္ခဲ့ပါဘူး။ အထူးသျဖင့္ အဂၤလန္လိဂ္ရဲ႕ လွ်င္ျမန္မႈနဲ႔ ကာယ အားေပးတဲ့ အေနအထားဟာ သူ႔အတြက္ေတာ့ အသစ္လို ျဖစ္ေနခဲ့ကာ ပြဲရဲ႕ တန္ပိုကို လံုးဝ မလိုက္ႏုိင္ခဲ့ဘူး။ သူဟာလည္း ရိြဳင္ေဟာင္ဆန္လက္ထက္ ဆိုးရြားလွတဲ့ လီဗာပူး ကစားပံုေတြမွာ လက္ညိဳးထိုးစရာ ကစားသမား တစ္ဦး ျဖစ္ခဲ့ပါတယ္။

ေပါလ္ဆန္၊ ကြန္ခ်က္စကီးတို႔ ရွိခဲ့တဲ့ အခ်ိန္က လီဗာပူးအသင္းဟာ ပရိသတ္ေတြၾကားမွာ အေတာ္ေလး ေျပာစရာျဖစ္ခဲ့ၾကတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေပါလ္ဆန္ဟာ ရာသီအကုန္မွာ ျပင္သစ္ ဒုတိယတန္းလိဂ္ကို မေဖာ္ျပတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာသြားခဲ့တယ္။

သူဟာ ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္မွာ ကစားသမားဘဝကို အဆံုးသတ္ခဲ့တယ္။ ျပီးေနာက္မွာေတာ့ ေအဂ်က္အသင္းမွာ လက္ေထာက္နည္းျပျဖစ္လာခဲ့ပါတယ္။ ေအဂ်က္အသင္းရဲ႕ ခံစစ္ပိုင္း တာဝန္ေတြကို အေကာင္းဆံုး ကူညီေပးႏုိင္ျပီး လက္ရွိ ေအဂ်က္မန္ေနဂ်ာ အဲရစ္တန္ဟတ္ရဲ႕ အေကာင္းဆံုး အကူတစ္ဦးလည္း ျဖစ္လာခဲ့တယ္။

ဒီကေန႔ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္ ပြဲမွာေတာ့ ေပါလ္ဆင္ရဲ႕ အသင္းေဖာ္ေတြ တစ္ဦးမွ လီဗာပူးမွာ ရွိမေနေတာ့သလို၊ လီဗာပူးပရိသတ္ေတြကလည္း ဆယ္စုႏွစ္ အၾကာက အသင္းရဲ႕ ကစားသမားျဖစ္ခဲ့တဲ့ ဒိန္းမတ္သား ကြင္းလယ္လူကို မွတ္မိၾကပါဦးမလားက စိတ္ဝင္စားစရာပါပဲ။