အေဂျက်နဲ့ပွဲကြို ချန်ပီယံလိဂ်ရဲ့ မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က ထူးထူးဆန်းဆန်း မေးခွန်းတွေ အများကြီး မေးခံခဲ့ရပြီး တစ်ဦးရဲ့ မေးမြန်းမှုအတွက်ဆိုရင် ကလော့ပ်က ဘုရားပါ တခဲ့ပါရတယ်။

ဂျာနယ်လစ်ဆိုသူက ” ဟဲလို..။ ကောင်းသော ညနေခင်းပါ။ အေဂျက်နဲ့ပွဲမှာ ခင်ဗျားအသင်းက ကွင်းလယ်မှာ ဖန်တီးမှုနဲ့ ပေးမှုပိုင်း တိကျလွန်းတဲ့ သီယာဂို မပါဘဲ ကစားရမယ်။ ခံစစ်ပိုင်းမှာလည်း ကမ္ဘာအကောင်းဆုံးလို့ ခင်ဗျား တင်စားထားတဲ့ ဗန်ဒိုက် မပါဘူး။ အခု ခင်ဗျားအသင်းက စုဖွဲ့မှုကောင်းပြီး လျှင်မြန်တဲ့ အိုင်ယက်လို အသင်းနဲ့ ရင်ဆိုင်ကစားရမယ်။ သီယာဂိုနဲ့ ဗန်ဒိုက် မပါဘဲ ခင်ဗျားအသင်း အခွင့်အရေးရှိမယ်လို့ ထင်ရဲ့လား? ” လို့ မေးခွန်းထုတ်ခဲ့တာဖြစ်တယ်။

ကလော့ပ်က ” နိုး ” လို့ ပြန်ဖြေခဲ့တယ်။ ဆက်ပြီးလည်း စိတ်ပျက်စွာနဲ့ သူ့နဖူး သူပြန်ရိုက်ပြီး ” အိုး ဘုရာသခင်..(ဘာတွေလာမေးနေတာလဲကွာ ဆိုတဲ့ အမူအယာဖြင့်)။ ငါတို့ ကြိုးစားမှာပါ။ မင်း တကယ်ကော ဂျာနယ်လစ် ဟုတ်ရဲ့လား။ ဒီတိုင်း ဝင်လာတာလား ” ဆိုပြီး အခုမေးနေတဲ့ သူက တကယ်ကော ဂျာနယ်လစ် ဟုတ်ရဲ့လား ချန်ပီယံလိဂ် ပွဲကြိုဆိုင်ရာ အကြီးအကဲကို လှည့်မေးပြီး အတည်ပြုချက်တောင် ရယူခဲ့တာဖြစ်တယ်။

ဒါပေမယ့်လို့ ကလော့ပ်က လူကြီးလူကောင်း ပီသစွာပဲ ပြန်ဖြေပေးပါတယ် ” အနာဂတ်မှာလည်း ငါတို့က သီယာဂိုကို မသုံးနိုင်တာတွေ ရှိဦးမှာပဲ။ ဒါပေမယ့် အခုချိန်ထိ သူက ငါတို့အတွက် ၁ ပွဲပဲ ကစားပေးရသေးသူပါ။ ထားပါ။ သူက ကမ္ဘာအဆင့်ပါ၊ ဒါက သေချာပါတယ်။ ဒါပေမယ့် သူမပါလည်း ငါတို့က ရာနှုန်းပြည့် ယှဉ်ပြိုင်မှာပါ။

ဗန်ဒိုက်နဲ့ ပက်သက်လို့လည်း ငါအားလုံး ပြောပြီးပြီ။ ငါသိလိုက်တာက မေးခွန်းမေးနေတဲ့ လူတွေက အခြားသူတွေလိုပဲ ငါတို့ လုပ်နေတာကို စိတ်မှမဝင်စားကြဘဲ။ လူတိုင်းအတွက်က ပျော်စရာကြီး ဖြစ်တယ်။ အားလုံးက ချန်ပီယံလိဂ်ပွဲကြီးပြီး လီဗာပူး ဘာတွေလုပ်မလဲ ကြည့်ကြမယ် ဆိုတာမျိုးပဲ။

ငါတို့က စစ်စစ်မှန်မှန် ကြိုးစားမှာပါ။ မင်းကို ကတိပေးပါတယ်။ ဘာအကြောင်းနဲ့မှ ဆင်ခြေ မပေးပါဘူး။ အေဂျက်က ဘယ်လို အသင်းလဲ ငါတို့ သိတာပေါ့။ သူတို့ကိုလည်း သိပ်လေးစားတယ်။ အရင် တစ်နှစ်ခွဲလောက်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ငါတို့ တွေ့ရဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မတွေ့ခဲ့တာက ငါတို့ အမှားကြောင့် မဟုတ်ပါဘူး။

ဒီသီတင်းပတ်တွေမှာ ဖြစ်လာနိုင်တဲ့ ကိစ္စတွေ အများကြီး ပိုရှိလာခဲ့တယ်။ ငါတို့အလုပ်က ဒါတွေကို ကိုင်တွယ်ဖို့ပါ ” လို့ ပြန်ဖြေပေးခဲ့ပါတယ်။

ZAWGYI

ေအဂ်က္နဲ႔ပြဲၾကိဳ ခ်န္ပီယံလိဂ္ရဲ႕ မီဒီယာေတြ႔ဆံုမႈမွာ ကေလာ့ပ္က ထူးထူးဆန္းဆန္း ေမးခြန္းေတြ အမ်ားၾကီး ေမးခံခဲ့ရျပီး တစ္ဦးရဲ႕ ေမးျမန္းမႈအတြက္ဆိုရင္ ကေလာ့ပ္က ဘုရားပါ တခဲ့ပါရတယ္။

ဂ်ာနယ္လစ္ဆိုသူက ” ဟဲလို..။ ေကာင္းေသာ ညေနခင္းပါ။ ေအဂ်က္နဲ႔ပြဲမွာ ခင္ဗ်ားအသင္းက ကြင္းလယ္မွာ ဖန္တီးမႈနဲ႔ ေပးမႈပိုင္း တိက်လြန္းတဲ့ သီယာဂို မပါဘဲ ကစားရမယ္။ ခံစစ္ပိုင္းမွာလည္း ကမၻာအေကာင္းဆံုးလို႔ ခင္ဗ်ား တင္စားထားတဲ့ ဗန္ဒိုက္ မပါဘူး။ အခု ခင္ဗ်ားအသင္းက စုဖြဲ႔မႈေကာင္းျပီး လွ်င္ျမန္တဲ့ အိုင္ယက္လို အသင္းနဲ႔ ရင္ဆိုင္ကစားရမယ္။ သီယာဂိုနဲ႔ ဗန္ဒိုက္ မပါဘဲ ခင္ဗ်ားအသင္း အခြင့္အေရးရွိမယ္လို႔ ထင္ရဲ႕လား? ” လို႔ ေမးခြန္းထုတ္ခဲ့တာျဖစ္တယ္။

ကေလာ့ပ္က ” ႏိုး ” လို႔ ျပန္ေျဖခဲ့တယ္။ ဆက္ျပီးလည္း စိတ္ပ်က္စြာနဲ႔ သူ႔နဖူး သူျပန္ရိုက္ျပီး ” အိုး ဘုရာသခင္..(ဘာေတြလာေမးေနတာလဲကြာ ဆိုတဲ့ အမူအယာျဖင့္)။ ငါတို႔ ၾကိဳးစားမွာပါ။ မင္း တကယ္ေကာ ဂ်ာနယ္လစ္ ဟုတ္ရဲ႕လား။ ဒီတိုင္း ဝင္လာတာလား ” ဆိုျပီး အခုေမးေနတဲ့ သူက တကယ္ေကာ ဂ်ာနယ္လစ္ ဟုတ္ရဲ႕လား ခ်န္ပီယံလိဂ္ ပြဲၾကိဳဆိုင္ရာ အၾကီးအကဲကို လွည့္ေမးျပီး အတည္ျပဳခ်က္ေတာင္ ရယူခဲ့တာျဖစ္တယ္။

ဒါေပမယ့္လို႔ ကေလာ့ပ္က လူၾကီးလူေကာင္း ပီသစြာပဲ ျပန္ေျဖေပးပါတယ္ ” အနာဂတ္မွာလည္း ငါတို႔က သီယာဂိုကို မသံုးႏုိင္တာေတြ ရွိဦးမွာပဲ။ ဒါေပမယ့္ အခုခ်ိန္ထိ သူက ငါတို႔အတြက္ ၁ ပြဲပဲ ကစားေပးရေသးသူပါ။ ထားပါ။ သူက ကမၻာအဆင့္ပါ၊ ဒါက ေသခ်ာပါတယ္။ ဒါေပမယ့္ သူမပါလည္း ငါတို႔က ရာႏႈန္းျပည့္ ယွဥ္ျပိဳင္မွာပါ။

ဗန္ဒိုက္နဲ႔ ပက္သက္လို႔လည္း ငါအားလံုး ေျပာျပီးျပီ။ ငါသိလိုက္တာက ေမးခြန္းေမးေနတဲ့ လူေတြက အျခားသူေတြလိုပဲ ငါတို႔ လုပ္ေနတာကို စိတ္မွမဝင္စားၾကဘဲ။ လူတိုင္းအတြက္က ေပ်ာ္စရာၾကီး ျဖစ္တယ္။ အားလံုးက ခ်န္ပီယံလိဂ္ပြဲၾကီးျပီး လီဗာပူး ဘာေတြလုပ္မလဲ ၾကည့္ၾကမယ္ ဆိုတာမ်ိဳးပဲ။

ငါတို႔က စစ္စစ္မွန္မွန္ ၾကိဳးစားမွာပါ။ မင္းကို ကတိေပးပါတယ္။ ဘာအေၾကာင္းနဲ႔မွ ဆင္ေျခ မေပးပါဘူး။ ေအဂ်က္က ဘယ္လို အသင္းလဲ ငါတို႔ သိတာေပါ့။ သူတို႔ကိုလည္း သိပ္ေလးစားတယ္။ အရင္ တစ္ႏွစ္ခြဲေလာက္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ငါတို႔ ေတြ႔ရဖို႔လည္း နီးစပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ မေတြ႔ခဲ့တာက ငါတို႔ အမွားေၾကာင့္ မဟုတ္ပါဘူး။

ဒီသီတင္းပတ္ေတြမွာ ျဖစ္လာႏုိင္တဲ့ ကိစၥေတြ အမ်ားၾကီး ပိုရွိလာခဲ့တယ္။ ငါတို႔အလုပ္က ဒါေတြကို ကိုင္တြယ္ဖို႔ပါ ” လို႔ ျပန္ေျဖေပးခဲ့ပါတယ္။