လီဗာပူးအသင်းဟာ ပွဲထွက်လူစာရင်းမှာ မီလ်နာနဲ့ ကာတစ်ဂျုံးကို တွဲထုတ်ခဲ့သလို တိုက်စစ်သမား သုံးဦးလုံးကို လူစားလဲမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့်လို့ အနိုင်ရလဒ် ရခဲ့တာအတွက် မန်နေဂျာကလော့ပ်က ကျေနပ်နေပါတယ်။

ကလော့ပ်က ” ပွဲကို အနိုင်ရဖို့ လုံလောက်အောင်ကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ ဒါကပဲ ကျနေ်ာတို့ လိုအပ်ခဲ့တာပါပဲ။ ကိုယ်ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါ။ တစ်ပွဲလုံးဆိုရင်တော့ ကျနေ်ာတို့ အဆင်ပြေခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ် ” လို့ ပွဲအပြီး ပြောဆိုခဲ့တယ်။

ပွဲမစခင်တုန်းက ဟန်ဒါဆန်ကို ပွဲမထုတ်ခဲ့သလို ကွင်းလယ်မှာ မီလ်နာနဲ့ ဂျုံးကို တွဲဘက်ခြင်းအတွက် လူစာရင်းကို ဝေဖန်သံတွေ များခဲ့တာပါ။ ကလော့ပ်ကတော့ ဒဏ်ရာပြဿနာတွေကို စိုးရိမ်ခြင်းကြောင့် အကောင်းဆုံး လူစာရင်းကို ထုတ်ခဲ့တာလို့ ရှင်းပြခဲ့တယ်။

ကွင်းလယ်လူ ကိတ်တာကို ကြိုတင် ပြင်ဆင်မှုအဖြစ် မဲဝုဒ်မှာပဲ ထားခဲ့သလို သီယာဂိုကလည်း ဒဏ်ရာကြောင့် လိုက်ပါလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဆေးအဖွဲ့က ဟန်ဒါဆန်ကို မိနစ် ၉၀ သုံးဖို့ိကိုကော ပွဲထွက် လူစာရင်းမှာထုတ်သုံးဖို့ကိုပါ ခွင့်မပြုခဲ့တာဖြစ်တယ်။

မန်နေဂျာက ” ပြည့်စုံအောင် မဖြစ်ခဲ့ပေမယ့် ကောင်လေးတွေက သူတို့မှာရှိတဲ့ အစွမ်းကုန် ကြိုးစားပြီး ယှဉ်ပြိုင်သွားခဲ့တယ်။ လန်းဆန်းနေတဲ့ ကစားသမားတွေကို ပွဲထုတ်လိုခဲ့ပြီး ဆေးအဖွဲ့က ဟန်ဒိုကို မိနစ် ၉၀ ကစားဖို့ ခွင့်မပြုခဲ့ပါဘူး။ ဆေးအဖွဲ့က ဟန်ဒိုကို ပွဲထွက်လူစာရင်းမှာ ပေးမထည့်သလို ၄၅ မိနစ်ထက် ပိုကစားခွင့် မပေးခဲ့ဘူး။

ဒါကြောင့် နည်းစနစ်ပိုင်းအရ ကာတစ်ဂျုံးကို ထည့်ခဲ့ရတယ်။ ဖာဘင်ညိုကလည်း အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ စနေနေ့ကတော့ ခြားနားတဲ့ စိန်ခေါ်မှုပါ။ ဒီညမှာ ရှက်ဖီးက သူတို့ရဲ့ ခြေထောက်ကို ဆိုဖာပေါ်မှာတင်ပြီး ကျနေ်ာတို့ပွဲကို ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။

လူစာရင်းကို ဆေးအဖွဲ့အလိုအတိုင်း ထုတ်ခဲ့တာပါ။ ကျနေ်ာတို့ပွဲကို နိုင်ခဲ့ပါတယ်။ အဲ့တာကလည်း ထိုက်တန်ပါတယ်။ အတွေ့အကြုံရှိတဲ့ ကွင်းလယ်ကို တိုက်စစ်အတွက် အကူအညီပေးဖို့ လိုချင်ခဲ့တယ်။ တိုက်စစ်သမား သုံးယောက်အတွက်လည်း ပြင်းထန်တဲ့ ပွဲဖြစ်ခဲ့တယ်။ ဒီညမှာ လူစားလဲမှု ၅ ခုလုံး လုပ်ခွင့်ရတာအတွက်တော့ ကျေနပ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပြဲထြက္လူစာရင္းမွာ မီလ္နာနဲ႔ ကာတစ္ဂ်ံဳးကို တြဲထုတ္ခဲ့သလို တိုက္စစ္သမား သံုးဦးလံုးကို လူစားလဲမႈေတြ လုပ္ခဲ့တယ္။ ဒါေပမယ့္လို႔ အႏုိင္ရလဒ္ ရခဲ့တာအတြက္ မန္ေနဂ်ာကေလာ့ပ္က ေက်နပ္ေနပါတယ္။

ကေလာ့ပ္က ” ပြဲကို အႏုိင္ရဖို႔ လံုေလာက္ေအာင္ေကာင္းတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ ဒါကပဲ က်ေန္ာတို႔ လိုအပ္ခဲ့တာပါပဲ။ ကိုယ္ရတဲ့ အခြင့္အေရးေတြကို အသံုးမခ်ႏုိင္ခဲ့တာကေတာ့ စိတ္ပ်က္စရာပါ။ တစ္ပြဲလံုးဆိုရင္ေတာ့ က်ေန္ာတို႔ အဆင္ေျပခဲ့တဲ့ ပြဲျဖစ္ခဲ့ပါတယ္ ” လို႔ ပြဲအျပီး ေျပာဆိုခဲ့တယ္။

ပြဲမစခင္တုန္းက ဟန္ဒါဆန္ကို ပြဲမထုတ္ခဲ့သလို ကြင္းလယ္မွာ မီလ္နာနဲ႔ ဂ်ံဳးကို တြဲဘက္ျခင္းအတြက္ လူစာရင္းကို ေဝဖန္သံေတြ မ်ားခဲ့တာပါ။ ကေလာ့ပ္ကေတာ့ ဒဏ္ရာျပႆနာေတြကို စိုးရိမ္ျခင္းေၾကာင့္ အေကာင္းဆံုး လူစာရင္းကို ထုတ္ခဲ့တာလို႔ ရွင္းျပခဲ့တယ္။

ကြင္းလယ္လူ ကိတ္တာကို ၾကိဳတင္ ျပင္ဆင္မႈအျဖစ္ မဲဝုဒ္မွာပဲ ထားခဲ့သလို သီယာဂိုကလည္း ဒဏ္ရာေၾကာင့္ လိုက္ပါလာႏုိင္ခဲ့ျခင္း မရွိပါဘူး။ ဒါ့အျပင္ ေဆးအဖြဲ႔က ဟန္ဒါဆန္ကို မိနစ္ ၉၀ သံုးဖို႔ိကုိေကာ ပြဲထြက္ လူစာရင္းမွာထုတ္သံုးဖို႔ကိုပါ ခြင့္မျပဳခဲ့တာျဖစ္တယ္။

မန္ေနဂ်ာက ” ျပည့္စံုေအာင္ မျဖစ္ခဲ့ေပမယ့္ ေကာင္ေလးေတြက သူတို႔မွာရွိတဲ့ အစြမ္းကုန္ ၾကိဳးစားျပီး ယွဥ္ျပိဳင္သြားခဲ့တယ္။ လန္းဆန္းေနတဲ့ ကစားသမားေတြကို ပြဲထုတ္လိုခဲ့ျပီး ေဆးအဖြဲ႔က ဟန္ဒိုကို မိနစ္ ၉၀ ကစားဖို႔ ခြင့္မျပဳခဲ့ပါဘူး။ ေဆးအဖြဲ႔က ဟန္ဒိုကို ပြဲထြက္လူစာရင္းမွာ ေပးမထည့္သလို ၄၅ မိနစ္ထက္ ပိုကစားခြင့္ မေပးခဲ့ဘူး။

ဒါေၾကာင့္ နည္းစနစ္ပိုင္းအရ ကာတစ္ဂ်ံဳးကို ထည့္ခဲ့ရတယ္။ ဖာဘင္ညိဳကလည္း အေကာင္းဆံုး ကစားေပးခဲ့ပါတယ္။ စေနေန႔ကေတာ့ ျခားနားတဲ့ စိန္ေခၚမႈပါ။ ဒီညမွာ ရွက္ဖီးက သူတို႔ရဲ႕ ေျခေထာက္ကို ဆိုဖာေပၚမွာတင္ျပီး က်ေန္ာတို႔ပြဲကို ၾကည့္ေနခဲ့ၾကတာျဖစ္ပါတယ္။

လူစာရင္းကို ေဆးအဖြဲ႔အလိုအတိုင္း ထုတ္ခဲ့တာပါ။ က်ေန္ာတို႔ပြဲကို ႏုိင္ခဲ့ပါတယ္။ အဲ့တာကလည္း ထိုက္တန္ပါတယ္။ အေတြ႔အၾကံဳရွိတဲ့ ကြင္းလယ္ကို တိုက္စစ္အတြက္ အကူအညီေပးဖို႔ လိုခ်င္ခဲ့တယ္။ တိုက္စစ္သမား သံုးေယာက္အတြက္လည္း ျပင္းထန္တဲ့ ပြဲျဖစ္ခဲ့တယ္။ ဒီညမွာ လူစားလဲမႈ ၅ ခုလံုး လုပ္ခြင့္ရတာအတြက္ေတာ့ ေက်နပ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။