မနက်က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးပရိသတ်တွေက ဗဟိုခံစစ်နေရာ ဆင်းကစားတဲ့ ဖာဘင်ညိုနဲ့ ဘယ်အစွန် တိုက်စစ်သမား ဂျိုတာတို့ရဲ့ ခြေစွမ်းကို အတော်လေး ကျေနပ်ခဲ့ကြတယ်။

ဖာဘင်ညိုဟာ တိုက်စစ်အတွက် ထောက်ပံ့မှုပိုင်းမှာ မပါနိုင်ခဲ့ပေမယ့် ခံစစ်အတွက် ကာကွယ်မှုမှာတော့ အပြည့်အဝ ကာကွယ်ပေးခဲ့တယ်။ အေဂျက်ရဲ့ တိုက်စစ်ထိုးဖောက်မှုကို အကြိမ်ကြိမ် ဟန့်တားမှု၊ ဖြတ်လုမှုနဲ့ ကြားဖြတ်ယူမှုတွေကို လုပ်ပြခဲ့တဲ့ ဖာဘင်ညိုရဲ့ အကောင်းဆုံး စွမ်းဆောင်မှုကတော့ ခြေပဂိုးပေးရမယ့် အနေအထားကို ဂိုးလိုင်းကနေ ဖြတ်ထုတ်မှု ဖြစ်ပါတယ်။

ဖာဘင်ညိုက သူ့ရဲ့ ပွဲဖတ်နိုင်စွမ်းကို ပြသခဲ့ပြီး ဒီနောက်ပိုင်းမှာ ပြဿနာတစ်ခု ဖြစ်လာနေတဲ့ အသင်းရဲ့ ခံစစ်အတွက် မိနစ် ၉၀ လုံး အာရုံစိုက် ကစားပေးခဲ့သူဖြစ်တယ်။ ဒါ့အပြင် ဖာဘင်ညိုက အသင်းအတွက် ဂိုးရယူပေးဖို့လည်း ကြိုးစားခဲ့ပြီး ထောင့်ကန်ဘောကို အဆုံးသတ်ရာမှာ ဂိုးဘေးက ကပ်ထွက်သွားခဲ့တာပါ။

ဒုတိယပိုင်းမှာ အဓိက တိုက်စစ်သမား သုံးဦးလုံးကို ထုတ်လဲမှုမှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ဂျိုတာရဲ့ ခြေစွမ်းကိုလည်း ပရိသတ်တွေ နှစ်သက်ခဲ့ကြတယ်။ ရော်ဘတ်ဆန် အကောင်းဆုံး ပံ့ပိုးပေးမှုနဲ့အတူ ဒုတိယပိုင်းအတွင်း ဂျိုတာရဲ့ တစ်ဦးချင်း ထိုးဖောက်မှု၊ မီနာမီနိုနဲ့ တွဲဘက်မှုတွေက အလုပ်ဖြစ်ခဲ့ပါတယ်။

အကယ်လို့ အေဂျက်နဲ့ပွဲ ခြေစွမ်းအရ ဖာမင်နိုနဲ့ ဂျိုတာ နှစ်ဦးအနက် ပွဲထွက်ခွင့် ဘယ်သူရသင့်သလဲလို့ မေးခွန်းထုတ်လာမယ်ဆိုရင် ဂျိုတာလို့ ဘက်မလိုက်ဘဲ ဖြေဆိုရအောင်ကို ပေါ်တူဂီသားရဲ့ ကစားပုံက အသက်ဝင်ပါတယ်။

လီဗာပူးတိုက်စစ်အတွက် ဖာမင်နိုရဲ့ ပါဝင်မှုတွေက အဓိက ကျလှပေမယ့် ဘရာဇီးသားက ခြေစွမ်းကျဆင်းလာခဲ့တာ အတိုင်းအတာ တစ်ခုထိ ရှိလာပါပြီ။ အကယ်လို့ စနေနေ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗဟိုခံစစ်မှူးနေရာက ဖာဘင်ညို ထပ်မံ ကစားပြီး တိုက်စစ်တစ်နေရာမှာ ဂျိုတာ ပါဝင်လာခဲ့မယ်ဆိုရင်လည်း လီဗာပူးပရိသတ်တွေ အံ့သြသင့်ကြမှာ မဟုတ်ပါဘူး။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ လီဗာပူးပရိသတ္ေတြက ဗဟိုခံစစ္ေနရာ ဆင္းကစားတဲ့ ဖာဘင္ညိဳနဲ႔ ဘယ္အစြန္ တိုက္စစ္သမား ဂ်ိဳတာတို႔ရဲ႕ ေျခစြမ္းကို အေတာ္ေလး ေက်နပ္ခဲ့ၾကတယ္။

ဖာဘင္ညိဳဟာ တိုက္စစ္အတြက္ ေထာက္ပံ့မႈပိုင္းမွာ မပါနုိင္ခဲ့ေပမယ့္ ခံစစ္အတြက္ ကာကြယ္မႈမွာေတာ့ အျပည့္အဝ ကာကြယ္ေပးခဲ့တယ္။ ေအဂ်က္ရဲ႔ တိုက္စစ္ထိုးေဖာက္မႈကို အၾကိမ္ၾကိမ္ ဟန္႔တားမႈ၊ ျဖတ္လုမႈနဲ႔ ၾကားျဖတ္ယူမႈေတြကို လုပ္ျပခဲ့တဲ့ ဖာဘင္ညိဳရဲ႕ အေကာင္းဆံုး စြမ္းေဆာင္မႈကေတာ့ ေျခပဂိုးေပးရမယ့္ အေနအထားကို ဂိုးလုိင္းကေန ျဖတ္ထုတ္မႈ ျဖစ္ပါတယ္။

ဖာဘင္ညိဳက သူ႔ရဲ႕ ပြဲဖတ္ႏုိင္စြမ္းကို ျပသခဲ့ျပီး ဒီေနာက္ပိုင္းမွာ ျပႆနာတစ္ခု ျဖစ္လာေနတဲ့ အသင္းရဲ႕ ခံစစ္အတြက္ မိနစ္ ၉၀ လံုး အာရံုစိုက္ ကစားေပးခဲ့သူျဖစ္တယ္။ ဒါ့အျပင္ ဖာဘင္ညိဳက အသင္းအတြက္ ဂိုးရယူေပးဖို႔လည္း ၾကိဳးစားခဲ့ျပီး ေထာင့္ကန္ေဘာကို အဆံုးသတ္ရာမွာ ဂိုးေဘးက ကပ္ထြက္သြားခဲ့တာပါ။

ဒုတိယပိုင္းမွာ အဓိက တိုက္စစ္သမား သံုးဦးလံုးကို ထုတ္လဲမႈမွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့တဲ့ ဂ်ိဳတာရဲ႕ ေျခစြမ္းကိုလည္း ပရိသတ္ေတြ ႏွစ္သက္ခဲ့ၾကတယ္။ ေရာ္ဘတ္ဆန္ အေကာင္းဆံုး ပံ့ပိုးေပးမႈနဲ႔အတူ ဒုတိယပိုင္းအတြင္း ဂ်ိဳတာရဲ႕ တစ္ဦးခ်င္း ထိုးေဖာက္မႈ၊ မီနာမီႏိုနဲ႔ တြဲဘက္မႈေတြက အလုပ္ျဖစ္ခဲ့ပါတယ္။

အကယ္လို႔ ေအဂ်က္နဲ႔ပြဲ ေျခစြမ္းအရ ဖာမင္နိုနဲ႔ ဂ်ိဳတာ ႏွစ္ဦးအနက္ ပြဲထြက္ခြင့္ ဘယ္သူရသင့္သလဲလို႔ ေမးခြန္းထုတ္လာမယ္ဆိုရင္ ဂ်ိဳတာလို႔ ဘက္မလိုက္ဘဲ ေျဖဆိုရေအာင္ကို ေပၚတူဂီသားရဲ႕ ကစားပံုက အသက္ဝင္ပါတယ္။

လီဗာပူးတိုက္စစ္အတြက္ ဖာမင္ႏိုရဲ႕ ပါဝင္မႈေတြက အဓိက က်လွေပမယ့္ ဘရာဇီးသားက ေျခစြမ္းက်ဆင္းလာခဲ့တာ အတိုင္းအတာ တစ္ခုထိ ရွိလာပါျပီ။ အကယ္လို႔ စေနေန႔ ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဗဟိုခံစစ္မွဴးေနရာက ဖာဘင္ညိဳ ထပ္မံ ကစားျပီး တိုက္စစ္တစ္ေနရာမွာ ဂ်ိဳတာ ပါဝင္လာခဲ့မယ္ဆိုရင္လည္း လီဗာပူးပရိသတ္ေတြ အံ့ၾသသင့္ၾကမွာ မဟုတ္ပါဘူး။