မန်နေဂျာကလော့ပ်က အေဂျက်နဲ့ပွဲမှာ လူစားလဲခံရပြီးနောက် ခြေထောက်ကို ရေခဲအုပ်ထားရတဲ့ မာနေးရဲ့ အခြေအနေနဲ့ ပက်သက်လို့ ထုတ်ပြောလာတယ်။

မာနေးဟာ ကိုဗစ်ပိုး တွေ့မှုကြောင့် ကာလတစ်ခုကြာ အနားယူထားရသူပါ။ ရုတ်တရတ် လေ့ကျင့်ရေး ပြန်ဝင်ရာမှာ ကြွက်တက်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ အဲ့နောက်ဆက်တွဲကို ဂရုစိုက်တဲ့ အနေနဲ့ လူစားလဲပြီးချိန်မှာ ရေခဲအုပ်ပေးထားခြင်းဖြစ်ကာ ဒီအပတ်အကုန် ရှက်ဖီးနဲ့ပွဲမှာ လွဲချော်စရာ အကြောင်း မရှိပါဘူး။

ကလော့ပ်က “ ဆာဒီယိုရဲ့ ခြေထောက်က အရင်ရက်တည်းက ကြွက်တက်နေတာ ဖြစ်ပါတယ်။ အဲ့အပိုင်းမှာ သူ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ အဲ့တစ်ခုတည်းပါပဲ။ ကြွက်သားက နာကျင်နေဆဲပါ။ ဒါပေမယ့်လို့ ပြဿနာတော့ မဟုတ်ပါဘူး။ သူ မကစားချိန်မှာ ရေခဲအုပ်ထားဖို့ လိုအပ်တာလောက်ပါပဲ ” လို့ ဆိုခဲ့တယ်။

လီဗာပူး ဆေးအဖွဲ့က ကိတ်တာကိုလည်း ကိုဗစ်ကြောင့်ကော နောက်ဆက်တွဲ စစ်ဆေးမှုတွေကြောင့်ပါ လက်လွတ်ထားရချိန်မှာ အေဂျက်နဲ့ပွဲကို စွန့်စား အသုံးပြုဖို့ ဘဝင်မကျဘူး။ ဒါကြောင့် မဲဝုဒ်မှာပဲ ချန်ခဲ့ကာ လူငယ်လေး ကားတစ်ဂျုံးကို ခေါ်ယူလာခဲ့ပြီး ပွဲနေ့ လူစာရင်းမှာပါ ထုတ်သုံးဖို့ ခွင့်ပြုခဲ့ပါတယ်။

ကာတစ်ဂျုံးကို မီလ်နာနဲ့ တွဲဘက်ပေးတာကတော့ နည်းစနစ်ပိုင်းအရဖြစ်ပြီး လူငယ်ကစားသမားကို ဝါရင့်တစ်ဦးနဲ့ တွဲပေးလိုခြင်းဖြစ်တယ်။ ဆေးအဖွဲ့က ဟန်ဒိုကို ပွဲထွက်လူစာရင်းမှာ မထည့်ဖို့ သတိပေးခဲ့ခြင်းကြောင့် မီလ်နာနဲ့ တွဲပေးခဲ့ခြင်းဖြစ်တယ်။ ဂျုံးဟာ လေ့ကျင့်ရေးမှာ ခြေစွမ်းကောင်းတွေ ပြခြင်းကြောင့် အခုလို ချန်ပီယံလိဂ်မှာ ကစားခွင့် ရခြင်း ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် နိုင်ငံတကာ သီတင်းပတ်မှာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းထားတယ်။ သူဟာ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ထားပေမယ့် တစ်ပတ်အတွင်း ပွဲ ၃ ပွဲမှာ ထုတ်သုံးဖို့က များလွန်းတာကြောင့် အေဂျက်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ချန်ထားသင့်တယ်လို့ ဆေးအဖွဲ့က တောင်းဆိုခဲ့ကြောင်း ကလော့ပ်က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ေအဂ်က္နဲ႔ပြဲမွာ လူစားလဲခံရျပီးေနာက္ ေျခေထာက္ကို ေရခဲအုပ္ထားရတဲ့ မာေနးရဲ႕ အေျခအေနနဲ႔ ပက္သက္လို႔ ထုတ္ေျပာလာတယ္။

မာေနးဟာ ကိုဗစ္ပိုး ေတြ႔မႈေၾကာင့္ ကာလတစ္ခုၾကာ အနားယူထားရသူပါ။ ရုတ္တရတ္ ေလ့က်င့္ေရး ျပန္ဝင္ရာမွာ ၾကြက္တက္ျခင္းကို ရင္ဆိုင္ခဲ့ရတယ္။ အဲ့ေနာက္ဆက္တြဲကို ဂရုစိုက္တဲ့ အေနနဲ႔ လူစားလဲျပီးခ်ိန္မွာ ေရခဲအုပ္ေပးထားျခင္းျဖစ္ကာ ဒီအပတ္အကုန္ ရွက္ဖီးနဲ႔ပြဲမွာ လြဲေခ်ာ္စရာ အေၾကာင္း မရွိပါဘူး။

ကေလာ့ပ္က “ ဆာဒီယိုရဲ႕ ေျခေထာက္က အရင္ရက္တည္းက ၾကြက္တက္ေနတာ ျဖစ္ပါတယ္။ အဲ့အပိုင္းမွာ သူ ကိုင္တြယ္ႏုိင္ဖို႔ လိုပါတယ္။ အဲ့တစ္ခုတည္းပါပဲ။ ၾကြက္သားက နာက်င္ေနဆဲပါ။ ဒါေပမယ့္လို႔ ျပႆနာေတာ့ မဟုတ္ပါဘူး။ သူ မကစားခ်ိန္မွာ ေရခဲအုပ္ထားဖို႔ လိုအပ္တာေလာက္ပါပဲ ” လို႔ ဆိုခဲ့တယ္။

လီဗာပူး ေဆးအဖြဲ႔က ကိတ္တာကိုလည္း ကိုဗစ္ေၾကာင့္ေကာ ေနာက္ဆက္တြဲ စစ္ေဆးမႈေတြေၾကာင့္ပါ လက္လြတ္ထားရခ်ိန္မွာ ေအဂ်က္နဲ႔ပြဲကို စြန္႔စား အသံုးျပဳဖို႔ ဘဝင္မက်ဘူး။ ဒါေၾကာင့္ မဲဝုဒ္မွာပဲ ခ်န္ခဲ့ကာ လူငယ္ေလး ကားတစ္ဂ်ံဳးကို ေခၚယူလာခဲ့ျပီး ပြဲေန႔ လူစာရင္းမွာပါ ထုတ္သံုးဖို႔ ခြင့္ျပဳခဲ့ပါတယ္။

ကာတစ္ဂ်ံဳးကို မီလ္နာနဲ႔ တြဲဘက္ေပးတာကေတာ့ နည္းစနစ္ပိုင္းအရျဖစ္ျပီး လူငယ္ကစားသမားကို ဝါရင့္တစ္ဦးနဲ႔ တြဲေပးလိုျခင္းျဖစ္တယ္။ ေဆးအဖြဲ႔က ဟန္ဒိုကို ပြဲထြက္လူစာရင္းမွာ မထည့္ဖို႔ သတိေပးခဲ့ျခင္းေၾကာင့္ မီလ္နာနဲ႔ တြဲေပးခဲ့ျခင္းျဖစ္တယ္။ ဂ်ံဳးဟာ ေလ့က်င့္ေရးမွာ ေျခစြမ္းေကာင္းေတြ ျပျခင္းေၾကာင့္ အခုလို ခ်န္ပီယံလိဂ္မွာ ကစားခြင့္ ရျခင္း ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ ႏုိင္ငံတကာ သီတင္းပတ္မွာ အဂၤလန္အသင္းနဲ႔ ပူးေပါင္းထားတယ္။ သူဟာ အဲဗာတန္နဲ႔ပြဲမွာ ပါဝင္ထားေပမယ့္ တစ္ပတ္အတြင္း ပြဲ ၃ ပြဲမွာ ထုတ္သံုးဖို႔က မ်ားလြန္းတာေၾကာင့္ ေအဂ်က္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းက ခ်န္ထားသင့္တယ္လို႔ ေဆးအဖြဲ႔က ေတာင္းဆိုခဲ့ေၾကာင္း ကေလာ့ပ္က ပြဲအျပီးမွာ ေျပာခဲ့ပါတယ္။