အေဂျက်နဲ့ပွဲမှာတော့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက် ၃၅ တွဲမြောက် ဗဟိုခံစစ်အတွဲအဖြစ် ဖာဘင်ညိုနဲ့ ဂိုးမက်စ်ဆိုတဲ့ အတွဲသစ်ကို ထုတ်သုံးခဲ့တယ်။

သူတို့နှစ်ဦးဟာ ဗန်ဒိုက်နဲ့ တွဲဘက် ကစားဖူးပေမယ့် နှစ်ဦးတည်းသော တစ်ကြိမ်မှ ခံစစ်မှာ တွဲမကစားဖူးသေးပါဘူး။ ဒါပေမယ့် ပွဲချိန် ကြာလာလေ နှစ်ဦးက လိုက်ဖက်ညီလာပြီး ဖြည့်ကစားပေးမှုတွေနဲ့ ကောင်းမွန်စွာ ကစားလာနိုင်ခဲ့တယ်။ ကလော့ပ်က ဒီခံစစ်အတွဲကို ချီးကျူးခဲ့ကာ ခံစစ်နေရာ ဆင်းကစားပေးတဲ့ ဖာဘင်ညိုကို ချီးကျူးပါတယ်။

ခံစစ်အတွဲသစ်နဲ့ ပက်သက်ပြီး ကလော့ပ်က “ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဖာဘင်ညိုက ပိုကောင်းကောင်း ကစားနိုင်ပါသေးတယ်။ ဒီအတွဲက အတူတကွ တွဲဘက်ပြီး တစ်ကြိမ်မှ မကစားဖူးတာကြောင့် တစ်ယောက်အထာကို တစ်ယောက်ထိဖို့ လိုခဲ့တယ်။

ဖာဘင်ညိုက ဗဟိုခံစစ်မှာလည်း ကစားနိုင်တယ်။ သူက ဒီနေရာကိုလည်း ကြိုက်တဲ့သူပါ။ အကယ်လို့ ညာအစွန်မှ ာကစားမလားလို့ မေးရင်တောင် ဗဟိုခံစစ်နေရာမှာ ကစားရသလောက်ကို သူပျော်မှာ မဟုတ်ပါဘူး။ ခံစစ်မှာ ဖာဘင်ညို ကစားသွားတာကို မအံ့သြမိဘူး။ ဒီလိုမှ မဟုတ်ရင်လည်း အခြားအဖြေတစ်ခုကို လိုက်ရှာရမှာပါ။

ကောင်းမွန်တဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ တိုးတက်မှုတော့ လိုသေးတယ်။ အဲ့တာကပဲ ကောင်းပါတယ်။ ဒီညမှာ အတော်လေး ကောင်းခဲ့ပါတယ်။ ဒီအတိုင်းပဲ ဆက်သွားလိုတယ်။

ဖာဘင်ညိုရဲ့ ဂိုးလိုင်းနားက ဖျက်ုထတ်မှုလို ကံကောင်းမှုမျိုး မလိုခဲ့ဘူးလို့ မပြောနိုင်ပါဘူး။ သူတို့က ဂိုးတိုင်လည်း ထိခဲ့သေးတာပါ။ ခံစစ်က ဂိုးမပေးရတာကတော့ အချက်အလက်တစ်ခုပေါ့။ ပိုကောင်းလာနိုင်ပါသေးတယ်။ ဘာတွေပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ဒီပွဲကို နိုင်ချင်ခဲ့တယ်။ အခု နိုင်ခဲ့ပါပြီ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေအဂ်က္နဲ႔ပြဲမွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ထက္ ၃၅ တြဲေျမာက္ ဗဟိုခံစစ္အတြဲအျဖစ္ ဖာဘင္ညိဳနဲ႔ ဂိုးမက္စ္ဆိုတဲ့ အတြဲသစ္ကို ထုတ္သံုးခဲ့တယ္။

သူတို႔ႏွစ္ဦးဟာ ဗန္ဒိုက္နဲ႔ တြဲဘက္ ကစားဖူးေပမယ့္ ႏွစ္ဦးတည္းေသာ တစ္ၾကိမ္မွ ခံစစ္မွာ တြဲမကစားဖူးေသးပါဘူး။ ဒါေပမယ့္ ပြဲခ်ိန္ ၾကာလာေလ ႏွစ္ဦးက လိုက္ဖက္ညီလာျပီး ျဖည့္ကစားေပးမႈေတြနဲ႔ ေကာင္းမြန္စြာ ကစားလာႏုိင္ခဲ့တယ္။ ကေလာ့ပ္က ဒီခံစစ္အတြဲကို ခ်ီးက်ဴးခဲ့ကာ ခံစစ္ေနရာ ဆင္းကစားေပးတဲ့ ဖာဘင္ညိဳကို ခ်ီးက်ဴးပါတယ္။

ခံစစ္အတြဲသစ္နဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ဖာဘင္ညိဳက ပိုေကာင္းေကာင္း ကစားႏုိင္ပါေသးတယ္။ ဒီအတြဲက အတူတကြ တြဲဘက္ျပီး တစ္ၾကိမ္မွ မကစားဖူးတာေၾကာင့္ တစ္ေယာက္အထာကို တစ္ေယာက္ထိဖို႔ လိုခဲ့တယ္။

ဖာဘင္ညိဳက ဗဟိုခံစစ္မွာလည္း ကစားႏုိင္တယ္။ သူက ဒီေနရာကိုလည္း ၾကိဳက္တဲ့သူပါ။ အကယ္လို႔ ညာအစြန္မွ ာကစားမလားလို႔ ေမးရင္ေတာင္ ဗဟိုခံစစ္ေနရာမွာ ကစားရသေလာက္ကို သူေပ်ာ္မွာ မဟုတ္ပါဘူး။ ခံစစ္မွာ ဖာဘင္ညိဳ ကစားသြားတာကို မအံ့ၾသမိဘူး။ ဒီလိုမွ မဟုတ္ရင္လည္း အျခားအေျဖတစ္ခုကို လိုက္ရွာရမွာပါ။

ေကာင္းမြန္တဲ့ ခံစစ္ပိုင္း စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ တိုးတက္မႈေတာ့ လိုေသးတယ္။ အဲ့တာကပဲ ေကာင္းပါတယ္။ ဒီညမွာ အေတာ္ေလး ေကာင္းခဲ့ပါတယ္။ ဒီအတိုင္းပဲ ဆက္သြားလိုတယ္။

ဖာဘင္ညိဳရဲ႕ ဂိုးလိုင္းနားက ဖ်က္ုထတ္မႈလို ကံေကာင္းမႈမ်ိဳး မလိုခဲ့ဘူးလို႔ မေျပာႏုိင္ပါဘူး။ သူတို႔က ဂိုးတိုင္လည္း ထိခဲ့ေသးတာပါ။ ခံစစ္က ဂိုးမေပးရတာကေတာ့ အခ်က္အလက္တစ္ခုေပါ့။ ပိုေကာင္းလာႏုိင္ပါေသးတယ္။ ဘာေတြပဲျဖစ္ျဖစ္ ဂရုမစိုက္ပါဘူး။ ဒီပြဲကို ႏုိင္ခ်င္ခဲ့တယ္။ အခု ႏုိင္ခဲ့ပါျပီ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။