ဒီကြားရက်တွေထဲမှာပဲ လီဗာပူး၊ ယူနိုက်တက်တို့အပြင် ဥရောပ ကလပ်တွေက ဥရောပ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အစပျိုးမှု လုပ်လာခဲ့ပါတယ်။

မကြာသေးခင်ကပဲ လက်ရွေးစင်အသင်းတွေအတွက် နေးရှင်းလိဂ်ဆိုတဲ့ ပုံစံသစ်နဲ့ ပြိုင်ပွဲတစ်ရပ် ပေါ်ထွက်လာသလိုပဲ ကလပ်တွေအတွက်လည်း ပြိုင်ပွဲပုံစံသစ်တွေ ပေါ်ထွက်လာဖို့ သက်ဆိုင်ရာ အဖွဲ့ချုပ်တွေက စီစဉ်နေတယ်။

ဒီနောက်ပိုင်းမှာ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ကို ၃၂ သင်း အဆင့်ကနေ ၃၆ သင်းအဆင့်ထိ မြင့်တင်လိုနေတယ်။ ဖီဖာကလည်း ကလပ်များ ကမ္ဘာဖလားကို တိုက်ကြီးတွေရဲ့ ချန်ပီယံတွေအပြင် နောက်ထပ် ကလပ်တွေ တိုးချဲ့လိုနေတယ်။ ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာတော့ ပိုမို ကျယ်ပြန့်တဲ့ ဘောလုံးပြိုင်ပွဲကြီးတွေကို တိုးမြင့်လာဖို့ ရှိနေပါတယ်။

ဖီဖာ ဥက္ကဌကတော့ ဥရောပကလပ်တွေ အများအပြားနဲ့အတူ ချန်ပီယံလိဂ်နဲ့ အပြိုင်ဖြစ်လာမယ့် ဥရောပ ပရီးမီးယားလိဂ်ကို စိတ်မဝင်စားဘူးလို့ဆိုတယ်။ သူက ကလပ် ကမ္ဘာဖလားကိုပဲ ပိုမို အဆင့်မြင့်တင်လိုကြောင်းကို ထုတ်ပြောပါတယ်။

အင်ဖန်တီနိုက “ ဖီဖာ ဥက္ကဌ အနေနဲ့ ငါက ကလပ် ကမ္ဘာဖလားကိုပဲ စိတ်ဝင်စားပါတယ်။ စူပါလိဂ်ကို စိတ်မဝင်စားပါဘူး။ ငါ့အတွက်ကတော့ လီဗာပူးနဲ့ ဘိုင်ယန် ထိပ်တိုက်တွေ့ဖို့ မဟုတ်ဘူး။ ဒါပေမယ့် ဘိုကာ ဂျူနီယာ (အာဂျင်တီးနားကလပ်) နဲ့ ထိပ်တိုက်တွေ့ပေးဖို့ ဖြစ်ပါတယ်။

လီဗာပူးက ကမ္ဘာတစ်လွှားမှာ ပရိသတ် သန်း ၁၈၀ ရှိတယ်။ ဖလာမင်ဂိုက သန်း ၄၀ ရှိတယ်။ ဖလာမင်ဂိုရဲ့ ပရိသတ်တွေထဲက ၃၉ သန်းဟာ ဘရာဇီးကဖြစ်တယ်။ လီဗာပူးကတော့ အင်္ဂလန်မှာ ၅ သန်းရှိပြီး ကမ္ဘာတစ်လွှားမှာ ပရိသတ် ၁၇၅ သန်း ရှိပါတယ်။ (မနှစ်က ကလပ် ကမ္ဘာဖလား ချန်ပီယံပြိုင်ပွဲကို ရည်ရွယ်)

အနာဂတ်မှာတော့ ဥရောပကလပ်တွေကို ဂလိုဘယ်အဆင့်ကို ပိုရောက်လာစေချင်တယ်။ ငါ့အမြင်မှာတော့ နိုင်ငံပေါင်း ၅၀ က ကလပ်ပေါင်း ၅၀ ကို ကမ္ဘာချန်ပီယံအဖြစ် ပြိုင်စေတာမျိုးပေါ့ ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

ZAWGYI

ဒီၾကားရက္ေတြထဲမွာပဲ လီဗာပူး၊ ယူႏိုက္တက္တို႔အျပင္ ဥေရာပ ကလပ္ေတြက ဥေရာပ ပရီးမီးယားလိဂ္ျပိဳင္ပြဲကို အစပ်ိဳးမႈ လုပ္လာခဲ့ပါတယ္။

မၾကာေသးခင္ကပဲ လက္ေရြးစင္အသင္းေတြအတြက္ ေနးရွင္းလိဂ္ဆိုတဲ့ ပံုစံသစ္နဲ႔ ျပိဳင္ပြဲတစ္ရပ္ ေပၚထြက္လာသလိုပဲ ကလပ္ေတြအတြက္လည္း ျပိဳင္ပြဲပံုစံသစ္ေတြ ေပၚထြက္လာဖို႔ သက္ဆုိင္ရာ အဖြဲ႔ခ်ဳပ္ေတြက စီစဥ္ေနတယ္။

ဒီေနာက္ပိုင္းမွာ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္ကို ၃၂ သင္း အဆင့္ကေန ၃၆ သင္းအဆင့္ထိ ျမင့္တင္လိုေနတယ္။ ဖီဖာကလည္း ကလပ္မ်ား ကမၻာဖလားကို တိုက္ၾကီးေတြရဲ႕ ခ်န္ပီယံေတြအျပင္ ေနာက္ထပ္ ကလပ္ေတြ တိုးခ်ဲ႔လိုေနတယ္။ ၂၀၂၄ ခုႏွစ္ ေနာက္ပိုင္းမွာေတာ့ ပိုမို က်ယ္ျပန္႔တဲ့ ေဘာလုံးျပိဳင္ပြဲၾကီးေတြကို တိုးျမင့္လာဖို႔ ရွိေနပါတယ္။

ဖီဖာ ဥကၠဌကေတာ့ ဥေရာပကလပ္ေတြ အမ်ားအျပားနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ အျပိဳင္ျဖစ္လာမယ့္ ဥေရာပ ပရီးမီးယားလိဂ္ကို စိတ္မဝင္စားဘူးလို႔ဆိုတယ္။ သူက ကလပ္ ကမၻာဖလားကိုပဲ ပိုမို အဆင့္ျမင့္တင္လိုေၾကာင္းကို ထုတ္ေျပာပါတယ္။

အင္ဖန္တီႏိုက “ ဖီဖာ ဥကၠဌ အေနနဲ႔ ငါက ကလပ္ ကမၻာဖလားကိုပဲ စိတ္ဝင္စားပါတယ္။ စူပါလိဂ္ကို စိတ္မဝင္စားပါဘူး။ ငါ့အတြက္ကေတာ့ လီဗာပူးနဲ႔ ဘိုင္ယန္ ထိပ္တိုက္ေတြ႔ဖို႔ မဟုတ္ဘူး။ ဒါေပမယ့္ ဘိုကာ ဂ်ဴနီယာ (အာဂ်င္တီးနားကလပ္) နဲ႔ ထိပ္တိုက္ေတြ႔ေပးဖို႔ ျဖစ္ပါတယ္။

လီဗာပူးက ကမၻာတစ္လႊားမွာ ပရိသတ္ သန္း ၁၈၀ ရွိတယ္။ ဖလာမင္ဂိုက သန္း ၄၀ ရွိတယ္။ ဖလာမင္ဂိုရဲ႕ ပရိသတ္ေတြထဲက ၃၉ သန္းဟာ ဘရာဇီးကျဖစ္တယ္။ လီဗာပူးကေတာ့ အဂၤလန္မွာ ၅ သန္းရွိျပီး ကမၻာတစ္လႊားမွာ ပရိသတ္ ၁၇၅ သန္း ရွိပါတယ္။ (မႏွစ္က ကလပ္ ကမၻာဖလား ခ်န္ပီယံျပိဳင္ပြဲကို ရည္ရြယ္)

အနာဂတ္မွာေတာ့ ဥေရာပကလပ္ေတြကို ဂလိုဘယ္အဆင့္ကို ပိုေရာက္လာေစခ်င္တယ္။ ငါ့အျမင္မွာေတာ့ ႏုိင္ငံေပါင္း ၅၀ က ကလပ္ေပါင္း ၅၀ ကို ကမၻာခ်န္ပီယံအျဖစ္ ျပိဳင္ေစတာမ်ိဳးေပါ့ ” လို႔ ဆိုခဲ့တာ ျဖစ္တယ္။