လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်နဲ့ ဘယ်အစွန်လူ ကိုစတက်တို့ဟာ စနေနေ့ပွဲမှာ ပါနိုင်မှာ မဟုတ်ပေမယ့် နောက်အပတ် ဝက်ဟမ်းနဲ့ပွဲမှာတော့ အဆင်သင့် ဖြစ်နေပါမယ်။

အယ်လီဆန်ဟာ ဒဏ်ရာက ပြန်လည် သက်သာလာခြင်းကြောင့် ပုံမှန်ပြန်ဖြစ်လာဖို့ လေ့ကျင့်ရေး ဆင်းနေပါပြီ။ သူဟာ တစ်ဦးချင်းမှာ ဒိုင်ဗင်ပစ်မှုတွေကိုတောင် ပြန်လုပ်နေပြီ ဖြစ်ပေမယ့် လာမယ့် ပွဲဆက်ကာလတွေမှာ ထပ်မံ ဒဏ်ရာရခြင်း မဖြစ်ဖို ကြံ့ခိုင်မှုကောင်းချိန်ထိ အသင်းဘက်က စောင့်နေတာပါ။

ဝက်ဟမ်းနဲ့ပွဲကို ပါဝင်နိုင်ရင် အယ်လီဆန်ဟာ နိုဝင်ဘာမှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ပွဲမှာ ပါဝင်သွားဖို့ သေချာသလောက် ရှိနေပါပြီ။ အယ်လီဆန် မရှိချိန်မှာ အတ်ဒရီယန်ဟာ ၃ ပွဲ ပွဲထွက်ပေးထားပြီး အေဂျက်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာကွယ်မှုကောင်းတွေ လုပ်နိုင်ခဲ့တယ်။

ဘယ်အစွန်လူ ကိုစတက်က ဂရိ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် ကိုဗစ်ပိုး ကူးစက်ခံရတဲ့ နောက်မှာ လူစာရင်းကနေ လုံးဝ ပျောက်နေခဲ့တာဖြစ်တယ်။ အသင်းဘက်ကတော့ ကိုစတက် အခြေအနေကို သတင်းပေးခြင်းတွေလည်း မလုပ်ထားဘဲ ဒဏ်ရာကြောင့် အနားယူနေတယ်လို့ပဲ သိရတာဖြစ်တယ်။

လာမယ့် နှစ်ပတ်အတွင်းမှာ လီဗာပူးက ချန်ပီယံလိဂ် အုပ်စုပွဲ နှစ်ပွဲနဲ့ ဝက်ဟမ်း၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အယ်လီဆန်နဲ့ ကိုစတက်တို့ ပြန်လည် သက်သာလာတာက အသင်းအတွက် သတင်းကောင်းဖြစ်သလို ရော်ဘတ်ဆန်အတွက် အနားယူချိန်တွေ ရလာဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ဂိုးသမား အယ္လီဆန္နဲ႔ ဘယ္အစြန္လူ ကိုစတက္တို႔ဟာ စေနေန႔ပြဲမွာ ပါႏုိင္မွာ မဟုတ္ေပမယ့္ ေနာက္အပတ္ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ အဆင္သင့္ ျဖစ္ေနပါမယ္။

အယ္လီဆန္ဟာ ဒဏ္ရာက ျပန္လည္ သက္သာလာျခင္းေၾကာင့္ ပံုမွန္ျပန္ျဖစ္လာဖို႔ ေလ့က်င့္ေရး ဆင္းေနပါျပီ။ သူဟာ တစ္ဦးခ်င္းမွာ ဒိုင္ဗင္ပစ္မႈေတြကိုေတာင္ ျပန္လုပ္ေနျပီ ျဖစ္ေပမယ့္ လာမယ့္ ပြဲဆက္ကာလေတြမွာ ထပ္မံ ဒဏ္ရာရျခင္း မျဖစ္ဖို ၾကံ႕ခိုင္မႈေကာင္းခ်ိန္ထိ အသင္းဘက္က ေစာင့္ေနတာပါ။

ဝက္ဟမ္းနဲ႔ပြဲကို ပါဝင္ႏုိင္ရင္ အယ္လီဆန္ဟာ ႏိုဝင္ဘာမွာ ယွဥ္ျပိဳင္မယ့္ မန္စီးတီးနဲ႔ပြဲမွာ ပါဝင္သြားဖို႔ ေသခ်ာသေလာက္ ရွိေနပါျပီ။ အယ္လီဆန္ မရွိခ်ိန္မွာ အတ္ဒရီယန္ဟာ ၃ ပြဲ ပြဲထြက္ေပးထားျပီး ေအဂ်က္ကို အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ကာကြယ္မႈေကာင္းေတြ လုပ္ႏုိင္ခဲ့တယ္။

ဘယ္အစြန္လူ ကိုစတက္က ဂရိ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္ ကိုဗစ္ပိုး ကူးစက္ခံရတဲ့ ေနာက္မွာ လူစာရင္းကေန လံုးဝ ေပ်ာက္ေနခဲ့တာျဖစ္တယ္။ အသင္းဘက္ကေတာ့ ကိုစတက္ အေျခအေနကို သတင္းေပးျခင္းေတြလည္း မလုပ္ထားဘဲ ဒဏ္ရာေၾကာင့္ အနားယူေနတယ္လို႔ပဲ သိရတာျဖစ္တယ္။

လာမယ့္ ႏွစ္ပတ္အတြင္းမွာ လီဗာပူးက ခ်န္ပီယံလိဂ္ အုပ္စုပြဲ ႏွစ္ပြဲနဲ႔ ဝက္ဟမ္း၊ မန္စီးတီးတို႔နဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ အယ္လီဆန္နဲ႔ ကိုစတက္တို႔ ျပန္လည္ သက္သာလာတာက အသင္းအတြက္ သတင္းေကာင္းျဖစ္သလို ေရာ္ဘတ္ဆန္အတြက္ အနားယူခ်ိန္ေတြ ရလာဖို႔ ရွိေနပါတယ္။