လီဗာပူးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ရှက်ဖီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

စနေပွဲဖြစ်ပေမယ့် မြန်မာစံတော်ချိန်အရ အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ မှာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဖွင့်သုံးပွဲလုံးကို အနိုင်ရထားပြီးနောက် နောက်ဆက်တွဲ ၂ ပွဲမှာတော့ ရမှတ် ၁ မှတ်ပဲ ရထားခဲ့တယ်။ ဒါကြောင့် ဒီပွဲမှာ ရမှတ် အထိအခိုက် ခံတော့မှာ မဟုတ်ဘဲ အနိုင်သေချာအောင် ကြိုးစားလာမယ်လို့ ယုံကြည်ထားရတာဖြစ်တယ်။

အိုဝင်က ” ရှက်ဖီးယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ဖူလ်ဟမ်နဲ့ပွဲမှာ ရမှတ် ၁ မှတ်ကို စုဆောင်းနိုင်ခဲ့ပြီး အခုချိန်မှာတော့ အန်ဖီးမှာ ချန်ပီယံတွေနဲ့ တွေ့ဆုံ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရှက်ဖီးအတွက် နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမယ်လို့ ကျနော် ထင်ပါတယ်။

ကြားရက်က ချန်ပီယံလိဂ်မှာ လီဗာပူးက အေဂျက်ကို ရင်ဆိုင်ကစားပြီး ၁-၀ ဆိုတဲ့ ရလဒ်ဖြင့် ကောင်းမွန်တဲ့ အဝေးကွင်း နိုင်ပွဲကို ရယူခဲ့တယ်။ အဲ့တာကို ကောင်းမွန်တဲ့ ပုံစံအဖြစ် ရယူပြီး ရှက်ဖီးနဲ့ပွဲမှာ အနိုင်သုံးမှတ် ရဖို့နဲ့ နောက်ထပ် clean sheet ရယူဖို့ကို သူတို့ ကြိုးစားပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

အိုဝင်ကတော့ ဒီအပတ် အန်ဖီးကွင်းမှာ ချန်ပီယံတွေက ရှက်ဖီးကို ၂-၀ နဲ့ အနိုင်ရသွားမယ်လို့လည်း ရလဒ် ခန့်မှန်းသွားပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ ရွက္ဖီးကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။

စေနပြဲျဖစ္ေပမယ့္ ျမန္မာစံေတာ္ခ်ိန္အရ ေအာက္တိုဘာ ၂၅ ရက္ တနဂၤေႏြေန႔ နံနက္ ၁း၃၀ နာရီ မွာ ယွဥ္ျပိဳင္ၾကမွာျဖစ္တယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ အဖြင့္သံုးပြဲလံုးကို အႏုိင္ရထားျပီးေနာက္ ေနာက္ဆက္တြဲ ၂ ပြဲမွာေတာ့ ရမွတ္ ၁ မွတ္ပဲ ရထားခဲ့တယ္။ ဒါေၾကာင့္ ဒီပြဲမွာ ရမွတ္ အထိအခိုက္ ခံေတာ့မွာ မဟုတ္ဘဲ အႏုိင္ေသခ်ာေအာင္ ၾကိဳးစားလာမယ္လို႔ ယံုၾကည္ထားရတာျဖစ္တယ္။

အိုဝင္က ” ရွက္ဖီးယူႏိုက္တက္ဟာ ျပီးခဲ့တဲ့ အပတ္တုန္းက ဖူလ္ဟမ္နဲ႔ပြဲမွာ ရမွတ္ ၁ မွတ္ကို စုေဆာင္းႏုိင္ခဲ့ျပီး အခုခ်ိန္မွာေတာ့ အန္ဖီးမွာ ခ်န္ပီယံေတြနဲ႔ ေတြ႔ဆံု ယွဥ္ျပိဳင္သြားမွာျဖစ္ပါတယ္။ ရွက္ဖီးအတြက္ ေနာက္ထပ္ ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္လာဦးမယ္လို႔ က်ေနာ္ ထင္ပါတယ္။

ၾကားရက္က ခ်န္ပီယံလိဂ္မွာ လီဗာပူးက ေအဂ်က္ကို ရင္ဆိုင္ကစားျပီး ၁-၀ ဆိုတဲ့ ရလဒ္ျဖင့္ ေကာင္းမြန္တဲ့ အေဝးကြင္း ႏုိင္ပြဲကို ရယူခဲ့တယ္။ အဲ့တာကို ေကာင္းမြန္တဲ့ ပံုစံအျဖစ္ ရယူျပီး ရွက္ဖီးနဲ႔ပြဲမွာ အႏုိင္သံုးမွတ္ ရဖို႔နဲ႔ ေနာက္ထပ္ clean sheet ရယူဖို႔ကို သူတို႔ ၾကိဳးစားပါလိမ့္မယ္ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

အိုဝင္ကေတာ့ ဒီအပတ္ အန္ဖီးကြင္းမွာ ခ်န္ပီယံေတြက ရွက္ဖီးကို ၂-၀ နဲ႔ အႏုိင္ရသြားမယ္လို႔လည္း ရလဒ္ ခန္႔မွန္းသြားပါတယ္။