မန်နေဂျာကလော့ပ်ဟာ စီနီယာအသင်းသားတွေထဲက ဖာဘင်ညိုကို အတော်လေး နေရာပေးမှုတွေ လုပ်လာခဲ့ပြီး သူ့ရဲ့ အယုံကြည်ရဆုံး ကစားသမား တစ်ဦးအဖြစ်ပါ မြင့်တင်ပေးလာတယ်လို့ The Athletic က ဖော်ပြပါတယ်။

ဖာဘင်ညိုဟာ သူ့ရဲ့ ပထမဆုံး ၂ ရာသီမှာ ကလော့ပ် ယုံကြည်ကိုးစားရတဲ့ ကွင်းလယ်လူဖြစ်လာတယ်။ လက်ထောက်နည်းပြ ပပ်လင်ဒါးကတော့ လေ့ကျင့်ရေးကွင်းမှာ ဖာဘင်ညိုကို မီးပြတိုက်အဖြစ် ခေါ်ဆိုကြတယ်လို့ ပြောပါတယ်။ လီဗာပူးက ဖာဘင်ညိုကို နည်းစနစ်ပိုင်းတင် မဟုတ်ဘဲ ခေါင်းဆောင်မှုပိုင်းအတွက်ပါ နေရာပေးလာခဲ့တယ်။

ဖာဘင်ညိုဟာ ဘောလုံးပိုင်ဆိုင်မှုပိုင်းတွေမှာ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန် ပြုလုပ်ရဲသူဖြစ်တယ်။ အသင်းမှာ လေးစားခံရမှု မြင့်တက်လာသလို ကွင်းလယ် နံပါတ် ၆ နေရာအတွက် ဟန်ဒါဆန်ကိုယ်တိုင်က စိန်ခေါ်မှုတွေ ရင်ဆိုင်လာရတယ်။ လေ့ကျင့်ရေးမှာလည်း လီဗာပူးအသင်းဖော်တွေအတွက် ဖာဘင်ညိုက အတော်လေး ရင်ဆိုင်ရခက်တဲ့ ကစားသမားဖြစ်လာခဲ့တယ်။

ကလော့ပ်ဟာ ကစားသမားတွေကို နေရာပေးမှုမှာ အမြင်ရှိသူဖြစ်ပြီး ကွင်းလယ်လူ ထရန့်ကို စီနီယာအသင်းမှာ ညာအစွန်နေရာ တာဝန်ယူစေသလို ညာတောင်ပံသမား မာနေးကို ဘယ်တောင်ပံ ပြောင်းစေခဲ့တာတွေက ထူးချွန်တဲ့ နေရာချိန်းပေးမှုတွေ ဖြစ်ခဲ့တယ်။ သူက ရာသီစကတည်းက ဖာဘင်ညိုကို ကွင်းလယ်ခံစစ်အဖြစ်ကော ခံစစ်မှူးအဖြစ်ပါ ပြင်ဆင်မှုတွေ လုပ်ပေးလာတယ်။

ဗန်ဒိုက် ဒဏ်ရာရပြီးတဲ့နောက်မှာ ဗဟိုခံစစ်အတွက် ဂိုးမက်စ်၊ မာတစ်တို့ပဲ ကျန်ခဲ့ပြီး မာတစ်ရဲ့ မကြာခဏ ဒဏ်ရာရမှုနဲ့ တစ်ပတ်ကို သုံးပွဲ မကစားနိုင်မှုတွေကြောင့် ကလော့ပ်က ဖာဘင်ညိုကို ပိုမိုအရေးဖို့ ပြင်ဆင်လာတယ်။ ဒါကြောင့်လည်း ဖာဘင်ညို အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ အေဂျက်ပွဲမှာလည်း ဘရာဇီးသား မလုပ်လိုတဲ့ ကိစ္စတွေကိုပါ ဝင်ပါလာစေတယ်။

ဖာဘင်ညိုက ကွင်းထဲမှာ ရဲရင့်စွာ ကစားသလောက် သူဟာ မီဒီယာတွေနဲ့ စကားပြောဖို့ကို ရှောင်ရှားသူဖြစ်တယ်။ ဒါပေမယ့်လို့ ဗန်ဒိုက်ကို ကာလရှည် လက်လွတ်ရမယ့် အနေအထားမှာ ဖာဘင်ညိုကို ကွင်းတွင်း ဦးဆောင်သူအဖြစ်ကော မီဒီယာတွေနဲ့ ထိတွေ့မှုရှိတဲ့ လီဗာပူးရဲ့ ခေါင်းဆောင်အဖြစ်ပါ တာဝန်ယူဖို့ ညွှန်ကြားချက်တွေ ပေးခဲ့တယ်။

လီဗာပူးမှာ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်၊ ဝိုက်နယ်ဒမ်တို့ပဲ မီဒီယာနဲ့ စကားပြောမှုတွေ လုပ်ပေးမယ့် စီနီယာတွေအဖြစ် ရှိနေကာ ဖာဘင်ညိုကိုတော့ သူတို့နောက်မှာ နေရာပေးလာမှာဖြစ်တယ်။ ဖာဘင်ညိုက အင်္ဂလိပ်စကား အရမ်းမကောင်းသလို သူ့အသံက ပေါ်တူဂီနဲ့ ပြင်သစ်သံရောတဲ့ အသံထွက်ဖြစ်တယ်။

ဒါပေမယ့်လည်း လီဗာပူးရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူဖို့က မီဒီယာတွေနဲ့လည်း စကားပြောရမှာဖြစ်လို့ ဖာဘင်ညိုကို ကြိုးစားပြောဆိုစေခဲ့တယ်။ အသက် ၂၇ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဖာဘင်ညိုဟာ လီဗာပူးရဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ဒီရာသီမှာ ပါဝင်လာရမှာဖြစ်ပြီး ဒီလို တာဝန်ယူနိုင်စွမ်းတွေက သူ့ကို ပိုကြီးကျယ်တဲ့ ကစားသမားဖြစ်လာစေမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္ဟာ စီနီယာအသင္းသားေတြထဲက ဖာဘင္ညိဳကို အေတာ္ေလး ေနရာေပးမႈေတြ လုပ္လာခဲ့ျပီး သူ႔ရဲ႕ အယံုၾကည္ရဆံုး ကစားသမား တစ္ဦးအျဖစ္ပါ ျမင့္တင္ေပးလာတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဖာဘင္ညိဳဟာ သူ႔ရဲ႕ ပထမဆံုး ၂ ရာသီမွာ ကေလာ့ပ္ ယံုၾကည္ကိုးစားရတဲ့ ကြင္းလယ္လူျဖစ္လာတယ္။ လက္ေထာက္နည္းျပ ပပ္လင္ဒါးကေတာ့ ေလ့က်င့္ေရးကြင္းမွာ ဖာဘင္ညိဳကို မီးျပတိုက္အျဖစ္ ေခၚဆိုၾကတယ္လို႔ ေျပာပါတယ္။ လီဗာပူးက ဖာဘင္ညိဳကို နည္းစနစ္ပိုင္းတင္ မဟုတ္ဘဲ ေခါင္းေဆာင္မႈပိုင္းအတြက္ပါ ေနရာေပးလာခဲ့တယ္။

ဖာဘင္ညိဳဟာ ေဘာလံုးပိုင္ဆိုင္မႈပိုင္းေတြမွာ ဆံုးျဖတ္ခ်က္ကို ခပ္ျမန္ျမန္ ျပဳလုပ္ရဲသူျဖစ္တယ္။ အသင္းမွာ ေလးစားခံရမႈ ျမင့္တက္လာသလို ကြင္းလယ္ နံပါတ္ ၆ ေနရာအတြက္ ဟန္ဒါဆန္ကိုယ္တိုင္က စိန္ေခၚမႈေတြ ရင္ဆိုင္လာရတယ္။ ေလ့က်င့္ေရးမွာလည္း လီဗာပူးအသင္းေဖာ္ေတြအတြက္ ဖာဘင္ညိဳက အေတာ္ေလး ရင္ဆိုင္ရခက္တဲ့ ကစားသမားျဖစ္လာခဲ့တယ္။

ကေလာ့ပ္ဟာ ကစားသမားေတြကို ေနရာေပးမႈမွာ အျမင္ရွိသူျဖစ္ျပီး ကြင္းလယ္လူ ထရန္႔ကို စီနီယာအသင္းမွာ ညာအစြန္ေနရာ တာဝန္ယူေစသလို ညာေတာင္ပံသမား မာေနးကို ဘယ္ေတာင္ပံ ေျပာင္းေစခဲ့တာေတြက ထူးခၽြန္တဲ့ ေနရာခ်ိန္းေပးမႈေတြ ျဖစ္ခဲ့တယ္။ သူက ရာသီစကတည္းက ဖာဘင္ညိဳကို ကြင္းလယ္ခံစစ္အျဖစ္ေကာ ခံစစ္မွဴးအျဖစ္ပါ ျပင္ဆင္မႈေတြ လုပ္ေပးလာတယ္။

ဗန္ဒိုက္ ဒဏ္ရာရျပီးတဲ့ေနာက္မွာ ဗဟိုခံစစ္အတြက္ ဂိုးမက္စ္၊ မာတစ္တို႔ပဲ က်န္ခဲ့ျပီး မာတစ္ရဲ႕ မၾကာခဏ ဒဏ္ရာရမႈနဲ႔ တစ္ပတ္ကို သံုးပြဲ မကစားႏုိင္မႈေတြေၾကာင့္ ကေလာ့ပ္က ဖာဘင္ညိဳကို ပိုမိုအေရးဖို႔ ျပင္ဆင္လာတယ္။ ဒါေၾကာင့္လည္း ဖာဘင္ညိဳ အေကာင္းဆံုး ကစားသမားဆုရခဲ့တဲ့ ေအဂ်က္ပြဲမွာလည္း ဘရာဇီးသား မလုပ္လိုတဲ့ ကိစၥေတြကိုပါ ဝင္ပါလာေစတယ္။

ဖာဘင္ညိဳက ကြင္းထဲမွာ ရဲရင့္စြာ ကစားသေလာက္ သူဟာ မီဒီယာေတြနဲ႔ စကားေျပာဖို႔ကို ေရွာင္ရွားသူျဖစ္တယ္။ ဒါေပမယ့္လို႔ ဗန္ဒိုက္ကို ကာလရွည္ လက္လြတ္ရမယ့္ အေနအထားမွာ ဖာဘင္ညိဳကို ကြင္းတြင္း ဦးေဆာင္သူအျဖစ္ေကာ မီဒီယာေတြနဲ႔ ထိေတြ႔မႈရွိတဲ့ လီဗာပူးရဲ႕ ေခါင္းေဆာင္အျဖစ္ပါ တာဝန္ယူဖို႔ ညႊန္ၾကားခ်က္ေတြ ေပးခဲ့တယ္။

လီဗာပူးမွာ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္၊ ဝိုက္နယ္ဒမ္တို႔ပဲ မီဒီယာနဲ႔ စကားေျပာမႈေတြ လုပ္ေပးမယ့္ စီနီယာေတြအျဖစ္ ရွိေနကာ ဖာဘင္ညိဳကိုေတာ့ သူတို႔ေနာက္မွာ ေနရာေပးလာမွာျဖစ္တယ္။ ဖာဘင္ညိဳက အဂၤလိပ္စကား အရမ္းမေကာင္းသလို သူ႔အသံက ေပၚတူဂီနဲ႔ ျပင္သစ္သံေရာတဲ့ အသံထြက္ျဖစ္တယ္။

ဒါေပမယ့္လည္း လီဗာပူးရဲ႕ ေခါင္းေဆာင္တစ္ဦးအျဖစ္ တာဝန္ယူဖို႔က မီဒီယာေတြနဲ႔လည္း စကားေျပာရမွာျဖစ္လို႔ ဖာဘင္ညိဳကို ၾကိဳးစားေျပာဆိုေစခဲ့တယ္။ အသက္ ၂၇ ႏွစ္ျပည့္ခဲ့ျပီျဖစ္တဲ့ ဖာဘင္ညိဳဟာ လီဗာပူးရဲ႕ ေခါင္းေဆာင္ တစ္ဦးအျဖစ္ ဒီရာသီမွာ ပါဝင္လာရမွာျဖစ္ျပီး ဒီလို တာဝန္ယူႏုိင္စြမ္းေတြက သူ႔ကို ပိုၾကီးက်ယ္တဲ့ ကစားသမားျဖစ္လာေစမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။