အေဂျက်နဲ့ပွဲမှာ ရော်ဘတ်ဆန်က အကောင်းဆုံး ကစားပြခဲ့ပေမယ့် သူဟာ ပွဲချိန်တွင်းမှာ ကလော့ပ်ရဲ့ ဒေါတကြီး ပြောဆိုမှုကို ခံခဲ့ရပါတယ်။

ဖိအားပေးမှုနဲ့ တိုက်စစ်ပြန်စမှုမှာ ရော်ဘတ်ဆန်က တုန့်နှေးမှုတွေ ရှိနေခဲ့တယ်။ အဆိုပါ အမူအယာကို မကျေနပ်တဲ့ ကလော့ပ်က ကွင်းဘေးမှာ သူ့ကို ပြင်းပြင်းထန်ထန် အော်ပြောခဲ့တယ်။ ရော်ဘတ်ဆန်က မန်နေဂျာရဲ့ ဆူပူခံရမှုကြောင့် သူ့ဘာသာ စိတ်ပျက်သွားပြီး သိသာစွာပဲ ပိုမို ကြိုးစား ကစားပြခဲ့ပါတယ်။

ရှက်ဖီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ ကလော့ပ်က ဒီအကြောင်းကို ထည့်ပြောခဲ့တယ်။ ရော်ဘတ်ဆန်ကို ပိုကောင်းဖို့ ဆူပူခဲ့တာဖြစ်ပြီး စကော်သားကလည်း ဒါကို နားလည်ပါတယ်လို့ သူက ပြောပါတယ်။

ကလော့ပ်က ” နောက်ဆုံးတော့ ကောင်းတာတစ်ခုခုကို ပြောလို့ ရလာပါပြီ။ လီဗာပူးကို သူရောက်လာခဲ့တာက သိပ်ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ သူက ကိုယ်ဘာသာပဲ အမြင့်ဆုံး အဆင့်ကို ရောက်လာအောင် ကြိုးစားပြနိုင်ခဲ့တယ်။ အခုချိန်ထိ အရမ်းကို ကောင်းမွန်ပါတယ်။ ပုဂ္ဂိုလ်အရလည်း သူ့ကို နှစ်သက်ပါတယ်။ သူနဲ့လည်း ရင်းရင်းနှီးနှီးရှိတယ်။

အမ်စတာဒမ်မှာ သူ့ကို ဒေါကြီးမောကြီး အော်ဟောက်ခဲ့မိတယ်။ သူ့ရဲ့ ပုံစံအရလည်း အပြောခံရတော့ ကောင်းကောင်းတုန့်ပြန်ပြခဲ့တယ်။ သူနဲ့ တွဲလုပ်ရတာ သိပ်ကောင်းပါတယ်။ ထူးချွန်တဲ့ အကျင့်စရိုက်လည်း ရှိထားတယ်။

ရိုဘိုဆိုရင် ပြောခံရတုန်းက သူ့ရင်ဘတ်တစ်ခုလုံး လှုပ်နေခဲ့တာပါ။ အသက်ရှုဖို့တောင် ခက်လောက်အောင်ပဲ။ ပွဲအပြီးမှာတော့ ဒီအကြောင်းတွေကို ပြန်ပြောပြဖို့ လိုပါတယ်။ ကျနော်က ဒါကို လုပ်ခဲ့တာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေအဂ်က္နဲ႔ပြဲမွာ ေရာ္ဘတ္ဆန္က အေကာင္းဆံုး ကစားျပခဲ့ေပမယ့္ သူဟာ ပြဲခ်ိန္တြင္းမွာ ကေလာ့ပ္ရဲ႕ ေဒါတၾကီး ေျပာဆိုမႈကို ခံခဲ့ရပါတယ္။

ဖိအားေပးမႈနဲ႔ တိုက္စစ္ျပန္စမႈမွာ ေရာ္ဘတ္ဆန္က တုန္႔ေႏွးမႈေတြ ရွိေနခဲ့တယ္။ အဆိုပါ အမူအယာကို မေက်နပ္တဲ့ ကေလာ့ပ္က ကြင္းေဘးမွာ သူ႔ကို ျပင္းျပင္းထန္ထန္ ေအာ္ေျပာခဲ့တယ္။ ေရာ္ဘတ္ဆန္က မန္ေနဂ်ာရဲ႕ ဆူပူခံရမႈေၾကာင့္ သူ႔ဘာသာ စိတ္ပ်က္သြားျပီး သိသာစြာပဲ ပိုမို ၾကိဳးစား ကစားျပခဲ့ပါတယ္။

ရွက္ဖီးပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာေတာ့ ကေလာ့ပ္က ဒီအေၾကာင္းကို ထည့္ေျပာခဲ့တယ္။ ေရာ္ဘတ္ဆန္ကို ပိုေကာင္းဖို႔ ဆူပူခဲ့တာျဖစ္ျပီး စေကာ္သားကလည္း ဒါကို နားလည္ပါတယ္လို႔ သူက ေျပာပါတယ္။

ကေလာ့ပ္က ” ေနာက္ဆံုးေတာ့ ေကာင္းတာတစ္ခုခုကို ေျပာလို႔ ရလာပါျပီ။ လီဗာပူးကို သူေရာက္လာခဲ့တာက သိပ္ေကာင္းတဲ့ ဇာတ္လမ္းတစ္ခုပါ။ သူက ကိုယ္ဘာသာပဲ အျမင့္ဆံုး အဆင့္ကို ေရာက္လာေအာင္ ၾကိဳးစားျပႏုိင္ခဲ့တယ္။ အခုခ်ိန္ထိ အရမ္းကို ေကာင္းမြန္ပါတယ္။ ပုဂၢိဳလ္အရလည္း သူ႔ကို ႏွစ္သက္ပါတယ္။ သူနဲ႔လည္း ရင္းရင္းႏွီးႏွီးရွိတယ္။

အမ္စတာဒမ္မွာ သူ႔ကို ေဒါၾကီးေမာၾကီး ေအာ္ေဟာက္ခဲ့မိတယ္။ သူ႔ရဲ႕ ပံုစံအရလည္း အေျပာခံရေတာ့ ေကာင္းေကာင္းတုန္႔ျပန္ျပခဲ့တယ္။ သူနဲ႔ တြဲလုပ္ရတာ သိပ္ေကာင္းပါတယ္။ ထူးခၽြန္တဲ့ အက်င့္စရိုက္လည္း ရွိထားတယ္။

ရိုဘိုဆိုရင္ ေျပာခံရတုန္းက သူ႔ရင္ဘတ္တစ္ခုလံုး လႈပ္ေနခဲ့တာပါ။ အသက္ရႈဖို႔ေတာင္ ခက္ေလာက္ေအာင္ပဲ။ ပြဲအျပီးမွာေတာ့ ဒီအေၾကာင္းေတြကို ျပန္ေျပာျပဖို႔ လိုပါတယ္။ က်ေနာ္က ဒါကို လုပ္ခဲ့တာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။