လီဗာပူးနဲ့ ရှက်ဖီးပွဲကို စကိုင်းစပေါ့အပြင် ရုပ်သံချန်နယ်တွေက တိုက်ရိုက် ထုတ်လွှင့်မှာ မဟုတ်ပါဘူး။ အဆိုပါပွဲကိုတော့ တစ်ပွဲချင်း ပေးသွင်းမှုဖြင့် ၁၅ ပေါင် သွင်းပြီးပဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

အေဂျက်ရဲ့ အိမ်ကွင်း မြက်ခင်းပြင်က ဗွက်တွေထူနေပြီး ဆိုးရွားခဲ့တယ်လို့ သူပြောတာက အမှန်တရားဖြစ်ပြီး ဒါကို လူတွေက မယုံဘဲ ဟာသလုပ်နေကြတာကို စိတ်ပျက်မိတယ်လို့ ကလော့ပ်ကပြောတယ်။ သူကပဲ ဒီကနေ့မှာ လူတွေက အမှန်အတိုင်း ပြောတာကို သိပ်စိတ်မဝင်စားကြတော့ဘူးလို့ မှတ်ချက်ပေးပါတယ်။

မာတစ်နဲ့ သီယာဂိုတို့ရဲ့ အခြေအနေက ဒီကနေ့နဲ့ မနက်ဖြန် လေ့ကျင့်ရေးတွေမှာ စောင့်ကြည့်ရမှာဖြစ်ကာ ပွဲကစားနိုင်မလား မကစားနိုင်ဘူးလို့ သေချာ မပြောနိုင်သေးဘူးလို့ ကလော့ပ်က ဆိုပါတယ်။

ဘရူးစတားက သိပ်ကောင်းတဲ့ လူငယ်ဖြစ်ကြောင်းနဲ့ ဒီရာသီမှာ လီဗာပူးကို ရင်ဆိုင်ရတဲ့ ပွဲတွေကလွဲလို့ ပရီးမီးယားလိဂ်ပွဲအားလုံးကို ကစားရပါစေလို့ ကလော့ပ်က ဆုတောင်းပေးသွားပါတယ်။

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်နဲ့ ဘယ်အစွန်လူ ကိုစတက်တို့ဟာ စနေနေ့ပွဲမှာ ပါနိုင်မှာ မဟုတ်ပေမယ့် နောက်အပတ် ဝက်ဟမ်းနဲ့ပွဲမှာတော့ အဆင်သင့် ဖြစ်နေပါမယ်။

ဗန်ဒိုက်နဲ့ ထိခိုက်မိတာကြောင့် ကွင်းလယ်လူ ဂျိမ်း ဒဏ်ရာရနေကာ ဆောက်သမ်တန်နဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားတဲ့ အန်ဆယ်လော့တီက ပွဲကြို အင်တာဗျူးမှာတော့ ဂျိမ်းက အခြေအနေ ကောင်းနေလို့ ပါသွားနိုင်ပါတယ်လို့ ပြောင်းလဲ ပြောဆိုပြန်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ စီနီယာအသင်းသားတွေထဲက ဖာဘင်ညိုကို အတော်လေး နေရာပေးမှုတွေ လုပ်လာခဲ့ပြီး သူ့ရဲ့ အယုံကြည်ရဆုံး ကစားသမား တစ်ဦးအဖြစ်ပါ မြင့်တင်ပေးလာတယ်လို့ The Athletic က ဖော်ပြပါတယ်။

ဧပရယ်လမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဗြိတိန်ပြည်တွင်းမှာ အပျော်တန်းလိဂ်တွေ အားလုံးကို ဆက်မကစားစေဘဲ ဖျက်သိမ်းခဲ့တာကြောင့် လီဗာပူးကို ပြန်လာရတဲ့ ရိုင်စ်ဟာ ကလပ်သမိုင်းမှာ ၁၁ ယောက်မြောက် အသက်အငယ်ဆုံးအဖြစ် ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့် ရခဲ့ပါပြီ။

ရှက်ဖီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ ကလော့ပ်က အေဂျက်နဲ့ပွဲမှာ ရော်ဘတ်ဆန်ကို ဒေါတကြီး အော်ငေါက်ပြောဆိုခဲ့တာက ကစားသမားကို ပိုကောင်းလာစေဖို့ဖြစ်ကာ ရိုဘိုကလည်း နားလည်ပါတယ်လို့ ထုတ်ပြောပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ရွက္ဖီးပြဲကို စကိုင္းစေပါ့အျပင္ ရုပ္သံခ်န္နယ္ေတြက တိုက္ရိုက္ ထုတ္လႊင့္မွာ မဟုတ္ပါဘူး။ အဆိုပါပြဲကိုေတာ့ တစ္ပြဲခ်င္း ေပးသြင္းမႈျဖင့္ ၁၅ ေပါင္ သြင္းျပီးပဲ ၾကည့္ရႈခြင့္ရမွာ ျဖစ္ပါတယ္။

ေအဂ်က္ရဲ႕ အိမ္ကြင္း ျမက္ခင္းျပင္က ဗြက္ေတြထူေနျပီး ဆိုးရြားခဲ့တယ္လို႔ သူေျပာတာက အမွန္တရားျဖစ္ျပီး ဒါကို လူေတြက မယံုဘဲ ဟာသလုပ္ေနၾကတာကို စိတ္ပ်က္မိတယ္လို႔ ကေလာ့ပ္ကေျပာတယ္။ သူကပဲ ဒီကေန႔မွာ လူေတြက အမွန္အတုိင္း ေျပာတာကို သိပ္စိတ္မဝင္စားၾကေတာ့ဘူးလို႔ မွတ္ခ်က္ေပးပါတယ္။

မာတစ္နဲ႔ သီယာဂိုတို႔ရဲ႕ အေျခအေနက ဒီကေန႔နဲ႔ မနက္ျဖန္ ေလ့က်င့္ေရးေတြမွာ ေစာင့္ၾကည့္ရမွာျဖစ္ကာ ပြဲကစားႏုိင္မလား မကစားႏုိင္ဘူးလို႔ ေသခ်ာ မေျပာႏုိင္ေသးဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။

ဘရူးစတားက သိပ္ေကာင္းတဲ့ လူငယ္ျဖစ္ေၾကာင္းနဲ႔ ဒီရာသီမွာ လီဗာပူးကို ရင္ဆိုင္ရတဲ့ ပြဲေတြကလြဲလို႔ ပရီးမီးယားလိဂ္ပြဲအားလံုးကို ကစားရပါေစလို႔ ကေလာ့ပ္က ဆုေတာင္းေပးသြားပါတယ္။

လီဗာပူးအသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ဂိုးသမား အယ္လီဆန္နဲ႔ ဘယ္အစြန္လူ ကိုစတက္တို႔ဟာ စေနေန႔ပြဲမွာ ပါႏုိင္မွာ မဟုတ္ေပမယ့္ ေနာက္အပတ္ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ အဆင္သင့္ ျဖစ္ေနပါမယ္။

ဗန္ဒိုက္နဲ႔ ထိခိုက္မိတာေၾကာင့္ ကြင္းလယ္လူ ဂ်ိမ္း ဒဏ္ရာရေနကာ ေဆာက္သမ္တန္နဲ႔ပြဲကို ပါဝင္ႏုိင္မွာ မဟုတ္ဘူးလို႔ ဆိုထားတဲ့ အန္ဆယ္ေလာ့တီက ပြဲၾကိဳ အင္တာဗ်ဴးမွာေတာ့ ဂ်ိမး္က အေျခအေန ေကာင္းေနလို႔ ပါသြားႏုိင္ပါတယ္လို႔ ေျပာင္းလဲ ေျပာဆိုျပန္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ စီနီယာအသင္းသားေတြထဲက ဖာဘင္ညိဳကို အေတာ္ေလး ေနရာေပးမႈေတြ လုပ္လာခဲ့ျပီး သူ႔ရဲ႕ အယံုၾကည္ရဆံုး ကစားသမား တစ္ဦးအျဖစ္ပါ ျမင့္တင္ေပးလာတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဧပရယ္လမွာ ကိုဗစ္-၁၉ ကပ္ေဘးေၾကာင့္ ျဗိတိန္ျပည္တြင္းမွာ အေပ်ာ္တန္းလိဂ္ေတြ အားလံုးကို ဆက္မကစားေစဘဲ ဖ်က္သိမ္းခဲ့တာေၾကာင့္ လီဗာပူးကို ျပန္လာရတဲ့ ရိုင္စ္ဟာ ကလပ္သမိုင္းမွာ ၁၁ ေယာက္ေျမာက္ အသက္အငယ္ဆံုးအျဖစ္ ခ်န္ပီယံလိဂ္မွာ ပါဝင္ကစားခြင့္ ရခဲ့ပါျပီ။

ရွက္ဖီးပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာေတာ့ ကေလာ့ပ္က ေအဂ်က္နဲ႔ပြဲမွာ ေရာ္ဘတ္ဆန္ကို ေဒါတၾကီး ေအာ္ေငါက္ေျပာဆိုခဲ့တာက ကစားသမားကုိ ပိုေကာင္းလာေစဖို႔ျဖစ္ကာ ရိုဘိုကလည္း နားလည္ပါတယ္လို႔ ထုတ္ေျပာပါတယ္။