ရှက်ဖီးပွဲကြို သတင်းကောင်းအဖြစ် ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ သီယာဂို၊ အယ်လီဆန်နဲ့ မာတစ်တို့ သောကြာနေ့ လေ့ကျင့်ရေးမှာ ပါဝင်သွားခဲ့ကြပါတယ်။

သီယာဂိုနဲ့ မာတစ်တို့ဟာ အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ အေဂျက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ကြခြင်း မရှိဘူး။ ၎င်းတို့ဟာ ပွဲကြိုနဲ့ ကွင်းဖွင့်လေ့ကျင့်ရေးတွေမှာ မပါနိုင်ခဲ့သလို နယ်သာလန်ကိုသွားတဲ့ ခရီးမှာလည်း လိုက်ပါနိုင်ခဲ့ကြခြင်း မရှိပါဘူး။

အယ်လီဆန်က အရင်ပတ်ထက တစ်ဦးချင်း လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ကာ သူ့ရဲ့ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ကောင်းလာမယ့် အချိန်ကို စောင့်နေခဲ့တာပါ။ မနေ့က ပွဲကြိုမှာတော့ ကလော့ပ်က သီယာဂိုနဲ့ မာတစ်တို့ အခြေအနေကို မပြောနိုင်ကြောင်းနဲ့ မီဒီယာတွေ့ဆုံမှုပြီးမှ လေ့ကျင့်ရေးက စတင်မှာလို့ သတင်းပေးခဲ့တယ်။

မာဆေးဆိုဒ်အခြေစိုက် သတင်းတွေကပဲ သုံးဦးလုံး လေ့ကျင့်ရေးမှာ ပါဝင်သွားခဲ့တယ်လို့ အတည်ပြုပါတယ်။ အေဂျက်နဲ့ပွဲမှာတော့ ကြံ့ခိုင်မှု ကောင်းနေတဲ့ ဟန်ဒါဆန်ကို ဒဏ်ရာရမှာ ဆိုးတာကြောင့် ဒုတိယပိုင်း ၄၅ မိနစ်မှာပဲ ကစားစေခဲ့ပြီး ရှာကွီရီကိုလည်း လူစားဝင် ကစားစေခဲ့သေးတယ်။

မန်နေဂျာကလော့ပ်ဟာ ဗန်ဒိုက်ကို ကာလရှည် လက်လွတ်ရမှာ ဖြစ်သလို ဒီရာသီမှာ စိုးထိတ်နေရတဲ့ ကိုဗစ် ကူးစက်မှုကြောင့် လူစာရင်းကို အတော်လေး စဉ်းစားပြီးမှ ထုတ်သုံးနေတဲ့ အခြေအနေဖြစ်တယ်။

ရှက်ဖီးနဲ့ပွဲမှာတော့ ဗဟိုခံစစ်နေရာ မာတစ်နဲ့ ဂိုးမက်စ်ကို တွဲပေးပြီး ကွင်းလယ်မှာတေ့ ဝိုက်နယ်ဒမ်၊ ဖာဘင်ညို၊ ဟန်ဒါဆန် အတွဲကိုပဲ ထုတ်သုံးကာ သီယာဂိုကိုတော့ ဆက်လက် အနားပေးမယ်လို့ မှန်းဆရတယ်။ ဂိုးသမားနေရာမှာ အယ်လီဆန်ကိုလည်း အစောတလျင် ထုတ်သုံးမှာ မဟုတ်ဘဲ အတ်ဒရီယန်ကိုပဲ နောက်တစ်ပွဲ တာဝန်ယူစေမယ်လို့ ယူဆရပါတယ်။

ZAWGYI

ရွက္ဖီးပြဲၾကိဳ သတင္းေကာင္းအျဖစ္ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ သီယာဂို၊ အယ္လီဆန္နဲ႔ မာတစ္တို႔ ေသာၾကာေန႔ ေလ့က်င့္ေရးမွာ ပါဝင္သြားခဲ့ၾကပါတယ္။

သီယာဂိုနဲ႔ မာတစ္တို႔ဟာ အဲဗာတန္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ ေအဂ်က္နဲ႔ပြဲမွာ ပါဝင္ကစားႏုိင္ခဲ့ၾကျခင္း မရွိဘူး။ ၄င္းတို႔ဟာ ပြဲၾကိဳနဲ႔ ကြင္းဖြင့္ေလ့က်င့္ေရးေတြမွာ မပါႏုိင္ခဲ့သလို နယ္သာလန္ကိုသြားတဲ့ ခရီးမွာလည္း လိုက္ပါႏုိင္ခဲ့ၾကျခင္း မရွိပါဘူး။

အယ္လီဆန္က အရင္ပတ္ထက တစ္ဦးခ်င္း ေလ့က်င့္ေရး ဆင္းေနခဲ့တာျဖစ္ကာ သူ႔ရဲ႕ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ ျပန္ေကာင္းလာမယ့္ အခ်ိန္ကို ေစာင့္ေနခဲ့တာပါ။ မေန႔က ပြဲၾကိဳမွာေတာ့ ကေလာ့ပ္က သီယာဂိုနဲ႔ မာတစ္တို႔ အေျခအေနကို မေျပာႏုိင္ေၾကာင္းနဲ႔ မီဒီယာေတြ႔ဆံုမႈျပီးမွ ေလ့က်င့္ေရးက စတင္မွာလို႔ သတင္းေပးခဲ့တယ္။

မာေဆးဆိုဒ္အေျခစိုက္ သတင္းေတြကပဲ သံုးဦးလံုး ေလ့က်င့္ေရးမွာ ပါဝင္သြားခဲ့တယ္လို႔ အတည္ျပဳပါတယ္။ ေအဂ်က္နဲ႔ပြဲမွာေတာ့ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ဟန္ဒါဆန္ကို ဒဏ္ရာရမွာ ဆိုးတာေၾကာင့္ ဒုတိယပိုင္း ၄၅ မိနစ္မွာပဲ ကစားေစခဲ့ျပီး ရွာကီြရီကိုလည္း လူစားဝင္ ကစားေစခဲ့ေသးတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဗန္ဒိုက္ကို ကာလရွည္ လက္လြတ္ရမွာ ျဖစ္သလို ဒီရာသီမွာ စိုးထိတ္ေနရတဲ့ ကိုဗစ္ ကူးစက္မႈေၾကာင့္ လူစာရင္းကို အေတာ္ေလး စဥ္းစားျပီးမွ ထုတ္သံုးေနတဲ့ အေျခအေနျဖစ္တယ္။

ရွက္ဖီးနဲ႔ပြဲမွာေတာ့ ဗဟုိခံစစ္ေနရာ မာတစ္နဲ႔ ဂိုးမက္စ္ကို တြဲေပးျပီး ကြင္းလယ္မွာေတ့ ဝိုက္နယ္ဒမ္၊ ဖာဘင္ညိဳ၊ ဟန္ဒါဆန္ အတြဲကိုပဲ ထုတ္သံုးကာ သီယာဂိုကိုေတာ့ ဆက္လက္ အနားေပးမယ္လို႔ မွန္းဆရတယ္။ ဂိုးသမားေနရာမွာ အယ္လီဆန္ကိုလည္း အေစာတလ်င္ ထုတ္သံုးမွာ မဟုတ္ဘဲ အတ္ဒရီယန္ကိုပဲ ေနာက္တစ္ပြဲ တာဝန္ယူေစမယ္လို႔ ယူဆရပါတယ္။