ဒီကနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်မယ့် လီဗာပူးနဲ့ ရှက်ဖီးပွဲကိုတော့ တိုက်ရိုက် ထုတ်လွှင့်မှု ဆက်ရှိနေမှာဖြစ်ပေမယ့် နေရာတိုင်းကနေ ကြည့်နိုင်မှာ မဟုတ်တော့ပါဘူး။

ပရိသတ်တွေ ကွင်းထဲ ဝင်ခွင့်မရပေမယ့်လည်း ရှက်ဖီးပွဲကို ပုံမှန်ကြည့်လိုတဲ့ ပရိသတ်တွေက ငွေကြေး ပိုကုန်မှာဖြစ်ကာ တစ်ပွဲချင်း ငွေသွင်းတဲ့ နည်းလမ်းနဲ့ပဲ ကြည့်ခွင့်ရမှာဖြစ်တယ်။ အဆိုပါပွဲကို ကြည့်လိုရင် Sky Sports Box Office ဆိုတဲ့ ချန်နယ်မှာ တစ်ပွဲကို ၁၅ ပေါင် ပေးပြီး ကြည့်ရမှာပါ။

Pay-per-view လို့ခေါ်တဲ့ တစ်ပွဲချင်းအလိုက် ပေးသွင်းပြီး ကြည့်ရမယ့် ပွဲစဉ်တွေက စကိုင်းရဲ့ Sky channel 491 (SD) နဲ့ Sky channel 492 (HD) တို့အပြင် BT TV ရဲ့ channel 496 တို့မှာ ကြည့်ခွင့်ရှိမှာဖြစ်တယ်။ ဒါ့အပြင် LFC TV ကနေလည်း ပြသသွားမှာဖြစ်ပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် ပရိသတ်တွေကို ကွင်းထဲ ဝင်ခွင့် မပေးထားပေမယ့် အခုလို ပွဲအားလုံး တိုက်ရိုက် မပြသခြင်းကလည်း ဗြိတိန်အစိုးရရဲ့ ပေါ်လစီပိုင်း ချမှတ်မှုကြောင့် ဖြစ်တယ်။ သူတို့မှာလည်း မပြတာကြောင့် အခြားသော နိုင်ငံတွေမှာ တစ်ဆင့်ခံ တိုက်ရိုက်ပြသမှုတွေက ဘယ်လိုနေမလဲ မသိပါဘူး။

မနေ့က ယှဉ်ပြိုင်ကစားတဲ့ အက်စတွန်ဗီလာနဲ့ လိဒ်ယူနိုက်တက်ပွဲဟာ Pay-per-view ကို စတင်တဲ့ ပထမဆုံးပွဲပါ။ ဒါပေမယ့်လည်း ချန်နယ်တွေအပြင် ဘောလုံးအပလီကေးရှင်းတွေမှာ အဆိုပါပွဲကို ပြသနေတာကြောင့် အင်္ဂလန်ပြင်ပမှာတော့ ကြည့်ခွင့်တွေ ရှိနေပါသေးတယ်။

ဒါကြောင့် ဒီကနေ့ည လီဗာပူးနဲ့ ရှက်ဖီးပွဲကို ကြည့်နေကျ ချန်နယ်တွေ၊ ဖုန်းအပလီကေးရှင်းတွေ၊ ဖေ့ဘုတ် ပေ့တွေကနေ ကြည့်လို့ ရနေဦးမှာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္မယ့္ လီဗာပူးနဲ႔ ရွက္ဖီးပြဲကိုေတာ့ တိုက္ရိုက္ ထုတ္လႊင့္မႈ ဆက္ရွိေနမွာျဖစ္ေပမယ့္ ေနရာတိုင္းကေန ၾကည့္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။

ပရိသတ္ေတြ ကြင္းထဲ ဝင္ခြင့္မရေပမယ့္လည္း ရွက္ဖီးပြဲကို ပံုမွန္ၾကည့္လိုတဲ့ ပရိသတ္ေတြက ေငြေၾကး ပိုကုန္မွာျဖစ္ကာ တစ္ပြဲခ်င္း ေငြသြင္းတဲ့ နည္းလမ္းနဲ႔ပဲ ၾကည့္ခြင့္ရမွာျဖစ္တယ္။ အဆိုပါပြဲကို ၾကည့္လိုရင္ Sky Sports Box Office ဆိုတဲ့ ခ်န္နယ္မွာ တစ္ပြဲကို ၁၅ ေပါင္ ေပးျပီး ၾကည့္ရမွာပါ။

Pay-per-view လို႔ေခၚတဲ့ တစ္ပြဲခ်င္းအလိုက္ ေပးသြင္းျပီး ၾကည့္ရမယ့္ ပြဲစဥ္ေတြက စကိုင္းရဲ႕ Sky channel 491 (SD) နဲ႔ Sky channel 492 (HD) တို႔အျပင္ BT TV ရဲ႕ channel 496 တို႔မွာ ၾကည့္ခြင့္ရွိမွာျဖစ္တယ္။ ဒါ့အျပင္ LFC TV ကေနလည္း ျပသသြားမွာျဖစ္ပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ ပရိသတ္ေတြကို ကြင္းထဲ ဝင္ခြင့္ မေပးထားေပမယ့္ အခုလို ပြဲအားလံုး တိုက္ရိုက္ မျပသျခင္းကလည္း ျဗိတိန္အစိုးရရဲ႕ ေပၚလစီပိုင္း ခ်မွတ္မႈေၾကာင့္ ျဖစ္တယ္။ သူတို႔မွာလည္း မျပတာေၾကာင့္ အျခားေသာ ႏုိင္ငံေတြမွာ တစ္ဆင့္ခံ တိုက္ရိုက္ျပသမႈေတြက ဘယ္လိုေနမလဲ မသိပါဘူး။

မေန႔က ယွဥ္ျပိဳင္ကစားတဲ့ အက္စတြန္ဗီလာနဲ႔ လိဒ္ယူႏုိက္တက္ပြဲဟာ Pay-per-view ကို စတင္တဲ့ ပထမဆံုးပြဲပါ။ ဒါေပမယ့္လည္း ခ်န္နယ္ေတြအျပင္ ေဘာလံုးအပလီေကးရွင္းေတြမွာ အဆိုပါပြဲကို ျပသေနတာေၾကာင့္ အဂၤလန္ျပင္ပမွာေတာ့ ၾကည့္ခြင့္ေတြ ရွိေနပါေသးတယ္။

ဒါေၾကာင့္ ဒီကေန႔ည လီဗာပူးနဲ႔ ရွက္ဖီးပြဲကို ၾကည့္ေနက် ခ်န္နယ္ေတြ၊ ဖုန္းအပလီေကးရွင္းေတြ၊ ေဖ့ဘုတ္ ေပ့ေတြကေန ၾကည့္လို႔ ရေနဦးမွာျဖစ္ပါတယ္။