မန်နေဂျာကလော့ပ်က ဈေးကွက် နောက်ဆုံးရက်မှာ ခံစစ်သမား လက်လွတ်ရမယ့် ကိစ္စ မဖြစ်ခဲ့တာကြောင့် ဗန်ဒိုက် ဒဏ်ရာရချိန်မှာ အစားထိုးစရာ ရှိနေခြင်းအတွက် ဝမ်းမြောက်နေပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ဗန်ဒိုက် ဒဏ်ရာရခဲ့သလို မာတစ်လည်း အသေးစား ဒဏ်ရာရခဲ့တာပါ။ ဒါပေမယ့်လို့ ကလပ်က လူငယ် ခံစစ်သမားတွေကို ရောင်းထုတ်ဖို့ ကိစ္စတွေ မအောင်မြင်ခဲ့တာက စီနီယာတွေနေရာမှာ အားဖြည့်ပေးမယ့် အရန်အင်အားအတွက် အဆိုးထဲက အကောင်းဖြစ်လာခဲ့တယ်။

အသက် ၁၉ နှစ်အရွယ် ခံစစ်သမား ရိုင်စ် ဝီလီယမ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အေဂျက်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ကစားခွင့်ရခဲ့တယ်။ မနှစ်က အပျော်တမ်းလိဂ်မှာပဲ ကစားခဲ့ရတဲ့ သူဟာ ကာရာဘောင်းပွဲမှာ စတင် ပွဲထွက်လာခဲ့ပြီး စီနီယာအဆင့် လေ့ကျင့်ရေးမှာ ပုံမှန် ပါဝင်ခွင့်ရလာသူဖြစ်တယ်။

ဒါ့အပြင် နက်ဖီးလစ်နဲ့ ဘီလီ ကိုမတ်တီယိုတို့ကလည်း စီနီယာလူစာရင်းပဲ ရှိနေပြီး အနာဂတ် ပွဲတွေမှာ ဒီလူငယ်တွေကို နေရာပေးနိုင်ဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။

ကလော့ပ်က “ ရိုင်စ်ရဲ့ ဇာတ်လမ်းက သိပ်ကောင်းပါတယ်။ ပွဲအပြီးမှာ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးနဲ့အတူ ဒီအသင်းမှာ ပါဝင်ခွင့်ရတာကို အရမ်း အထင်ကြီးနေတယ်ဆိုတာ မြင်မိတယ်။ သူက အလားအလာ သိပ်ကောင်းပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကြောင့်တင် မဟုတ်ဘဲ တကယ်ကို အလားအလာရှိတာပါ။

သူ့လို ကစားသမားရှိတာက ကောင်းပါတယ်။ မနှစ်တုန်းက အပျော်တမ်းလိဂ်မှာ ကစားခဲ့ရပြီး အခုတော့ အသင်းမှာ ရှိလာခဲ့တယ်။ ဘဝမှာက ဆိုးတဲ့အချိန်တွေ ရှိသလို အခွင့်အရေး ရလာတဲ့ အခိုက်အတန့်တွေလည်းရှိတယ်။ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ကိစ္စတွေ လုပ်နိုင်ဖို့ပါပဲ။ ရိုင်စ်အတွက်ကတော့ ချန်ပီယံလိဂ်မှာ မိနစ် အနည်းငယ် ဝင်ကစားခွင့် ရခဲ့ပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးက နက်ဖီးလစ်ကို ချန်ပီယံရှစ်ထံ ရောင်းထုတ်ဖို့ (သို့) အငှားချဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အသက် ၁၇ နှစ်အရွယ် ခံစစ်မှူး ဘီလီ ကိုမတ်တီယိုကိုလည်း ရာသီကြိုမှာ လေ့ကျင့်စေခဲ့ပြီး လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ပွဲချိန်ပြည့် ကစားနိုင်ဖို့ ကြံ့ခိုင်မှုပိုင်း ကြိုးစားနေစေပါတယ်။

ကလော့ပ်ကပဲ “ ကျနေ်ာတို့ရဲ့ အခြေအနေနဲ့ နက်ဖီးလစ်၊ ဘီလီတို့လို ကစားသမားတွေ ရှိနေတာ ကောင်းပါတယ်။ နက်ဖီးလစ်က အသင်းပြောင်းဖို့ ကိစ္စတွေ ရှိခဲ့ပေမယ့် နောက်ဆုံး စက္ကန့်မှာပဲ မဖြစ်မြောက်ခဲ့ဘူး။

မနှစ်ကရာသီ အဲဗာတန်ကို ရင်ဆိုင်ရတဲ့ပွဲမှာ သူ့ကို အငှားကနေ ပြန်ခေါ်ယူခဲ့ပြီး တစ်ပွဲ ကစားစေတုန်းက သူ ကောင်းကောင်း ကစားထားနိုင်ပါတယ်။ သူတို့တွေ အသင်းမှာရှိနေတာက ကျနေ်ာတို့အတွက် အကူအညီ ဖြစ်ပါတယ်။ ကောင်လေးတွေက ကောင်းပါတယ်။ စီနီယာအသင်းနဲ့ ရှိနေရတာက သူတို့အတွက် အခွင့်အရေးကြီးပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ေစ်းကြက္ ေနာက္ဆံုးရက္မွာ ခံစစ္သမား လက္လြတ္ရမယ့္ ကိစၥ မျဖစ္ခဲ့တာေၾကာင့္ ဗန္ဒိုက္ ဒဏ္ရာရခ်ိန္မွာ အစားထိုးစရာ ရွိေနျခင္းအတြက္ ဝမ္းေျမာက္ေနပါတယ္။

အဲဗာတန္နဲ႔ပြဲမွာ ဗန္ဒိုက္ ဒဏ္ရာရခဲ့သလို မာတစ္လည္း အေသးစား ဒဏ္ရာရခဲ့တာပါ။ ဒါေပမယ့္လို႔ ကလပ္က လူငယ္ ခံစစ္သမားေတြကို ေရာင္းထုတ္ဖို႔ ကိစၥေတြ မေအာင္ျမင္ခဲ့တာက စီနီယာေတြေနရာမွာ အားျဖည့္ေပးမယ့္ အရန္အင္အားအတြက္ အဆိုးထဲက အေကာင္းျဖစ္လာခဲ့တယ္။

အသက္ ၁၉ ႏွစ္အရြယ္ ခံစစ္သမား ရိုင္စ္ ဝီလီယမ္ဟာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ေအဂ်က္နဲ႔ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ ကစားခြင့္ရခဲ့တယ္။ မႏွစ္က အေပ်ာ္တမ္းလိဂ္မွာပဲ ကစားခဲ့ရတဲ့ သူဟာ ကာရာေဘာင္းပြဲမွာ စတင္ ပြဲထြက္လာခဲ့ျပီး စီနီယာအဆင့္ ေလ့က်င့္ေရးမွာ ပံုမွန္ ပါဝင္ခြင့္ရလာသူျဖစ္တယ္။

ဒါ့အျပင္ နက္ဖီးလစ္နဲ႔ ဘီလီ ကိုမတ္တီယိုတို႔ကလည္း စီနီယာလူစာရင္းပဲ ရွိေနျပီး အနာဂတ္ ပြဲေတြမွာ ဒီလူငယ္ေတြကို ေနရာေပးႏုိင္ဖို႔ ကေလာ့ပ္က ေမွ်ာ္လင့္ေနပါတယ္။

ကေလာ့ပ္က “ ရိုင္စ္ရဲ႕ ဇာတ္လမ္းက သိပ္ေကာင္းပါတယ္။ ပြဲအျပီးမွာ သူ႔ရဲ႕ ေတာက္ပေနတဲ့ မ်က္လံုးနဲ႔အတူ ဒီအသင္းမွာ ပါဝင္ခြင့္ရတာကို အရမ္း အထင္ၾကီးေနတယ္ဆိုတာ ျမင္မိတယ္။ သူက အလားအလာ သိပ္ေကာင္းပါတယ္။ ရုပ္ပိုင္းဆိုင္ရာ သန္မာမႈေၾကာင့္တင္ မဟုတ္ဘဲ တကယ္ကို အလားအလာရွိတာပါ။

သူ႔လို ကစားသမားရွိတာက ေကာင္းပါတယ္။ မႏွစ္တုန္းက အေပ်ာ္တမ္းလိဂ္မွာ ကစားခဲ့ရျပီး အခုေတာ့ အသင္းမွာ ရွိလာခဲ့တယ္။ ဘဝမွာက ဆိုးတဲ့အခ်ိန္ေတြ ရွိသလို အခြင့္အေရး ရလာတဲ့ အခိုက္အတန္႔ေတြလည္းရွိတယ္။ မွန္ကန္တဲ့ အခ်ိန္မွာ မွန္ကန္တဲ့ ကိစၥေတြ လုပ္ႏုိင္ဖို႔ပါပဲ။ ရိုင္စ္အတြက္ကေတာ့ ခ်န္ပီယံလိဂ္မွာ မိနစ္ အနည္းငယ္ ဝင္ကစားခြင့္ ရခဲ့ပါတယ္ ” လို႔ ဆိုခဲ့တယ္။

လီဗာပူးက နက္ဖီးလစ္ကို ခ်န္ပီယံရွစ္ထံ ေရာင္းထုတ္ဖို႔ (သို႔) အငွားခ်ဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။ အသက္ ၁၇ ႏွစ္အရြယ္ ခံစစ္မွဴး ဘီလီ ကိုမတ္တီယိုကိုလည္း ရာသီၾကိဳမွာ ေလ့က်င့္ေစခဲ့ျပီး လက္ရွိမွာေတာ့ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ ပြဲခ်ိန္ျပည့္ ကစားႏုိင္ဖို႔ ၾကံ႕ခိုင္မႈပိုင္း ၾကိဳးစားေနေစပါတယ္။

ကေလာ့ပ္ကပဲ “ က်ေန္ာတို႔ရဲ႕ အေျခအေနနဲ႔ နက္ဖီးလစ္၊ ဘီလီတို႔လို ကစားသမားေတြ ရွိေနတာ ေကာင္းပါတယ္။ နက္ဖီးလစ္က အသင္းေျပာင္းဖို႔ ကိစၥေတြ ရွိခဲ့ေပမယ့္ ေနာက္ဆံုး စကၠန္႔မွာပဲ မျဖစ္ေျမာက္ခဲ့ဘူး။

မႏွစ္ကရာသီ အဲဗာတန္ကို ရင္ဆိုင္ရတဲ့ပြဲမွာ သူ႔ကို အငွားကေန ျပန္ေခၚယူခဲ့ျပီး တစ္ပြဲ ကစားေစတုန္းက သူ ေကာင္းေကာင္း ကစားထားႏုိင္ပါတယ္။ သူတို႔ေတြ အသင္းမွာရွိေနတာက က်ေန္ာတို႔အတြက္ အကူအညီ ျဖစ္ပါတယ္။ ေကာင္ေလးေတြက ေကာင္းပါတယ္။ စီနီယာအသင္းနဲ႔ ရွိေနရတာက သူတို႔အတြက္ အခြင့္အေရးၾကီးပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။