လီဗာပူးအသင်းဟာ ဗန်ဒိုက်ကို လက်လွတ်လိုက်ရတဲ့နောက် ဇန်နဝါရီအတွက် ရည်ရွယ်ပြီး ကစားသမား အင်အားဖြည့်မှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးဘက်က ချိတ်ဆက်နိုင်တဲ့ ကစားသမား ၅ ဦးကို The Athletic က ဖော်ပြသွားပါတယ်။

ရာသီစမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လို အဓိက ခံစစ်မှူး ၃ ဦးကို ပိုင်ဆိုင်ထားခဲ့ကာ ဖာဘင်ညိုက စတုတ္ထခံစစ်မှူးအဖြစ် ရံထားခဲ့တယ်။ ဒါ့အပြင် လူငယ်ခံစစ်သမားတွေလည်း ရှိနေခြင်းကြောင့် လူစာရင်းမှာ ဗဟိုခံစစ်မှူးတွေက လုံလောက်မှုရှိတယ်လို့ ယူဆခဲ့ကြတယ်။ ဗန်ဒိုက်ရဲ့ ဒဏ်ရာက ကာလရှည်ဖြစ်ခြင်းကြောင့် ဂိုးမက်စ်၊ မာတစ်နဲ့ ဖာဘင်ညိုတို့ သုံးဦးပဲ ကျန်ရှိခြင်းက တစ်ရာသီလုံးအတွက် လုံလောက်မှာ မဟုတ်ပါဘူး။

လီဗာပူးက ခေါ်ယူဖို့ ကြိုးစားနိုင်တဲ့ ကစားသမားတွေနဲ့ ခေါ်ယူသင့်သူဆိုတဲ့ ခံစစ်သမား (၅) ဦး ကတော့ …

ဂါဘက်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်ကာ တူရကီတံတိုင်းအဖြစ် နာမည်ထွက်လာနေသူပါ။ ဘောလုံးဝင်လုမှုနဲ့ တည်ကန်ဘော ရှင်းထုတ်မှုမှာ ဗန်ဒိုက်ကို လိုက်မှီနိုင်သူဖြစ်ပြီး ပိုင်ဆိုင်မှုနဲ့ တိုက်စစ်ကစားချိန်မှာ ခံစစ်သမားနေရာက ပါဝင်နိုင်မှုမှာတော့ တိုးတက်မှု လိုအပ်နေပါသေးတယ်။ ဗန်ဒိုက်နေရာ အစားထိုးဖို့ကတော့ အသင့်လျော်ဆုံးပါတယ်။

အူပါမီကာနို။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားက ပိုင်ဆိုင်မှုရထားချိန်မှာ ဘောလုံးပေးမှုနဲ့ အမြင့်ဘော ရှင်းထုတ်မှုတွေမှာ အားနည်းပါတယ်။ သူဟာ ခံစစ်ပိုင်းကော၊ ပိုင်ဆိုင်မှုနဲ့ တိုက်စစ်ပိုင်းမှာပါ ပူးပေါင်းပါဝင်မှု ကောင်းမွန် ထူးချွန်တယ်။ ပရီးမီးယားလိဂ်မှာ လာကစားဖို့ အူပါမီကာနိုရဲ့ အဓိက အားနည်းချက်တွေက အမြင့်ဘော အားနည်းခြင်းနဲ့ ဒဏ်ရာမှတ်တမ်းဆိုးတွေ ရှိခြင်းပဲဖြစ်တယ်။

ကော်နာကုတ်ဒီ။ လီဗာပူပရိသတ်တွေကတော့ အသက် ၂၇ နှစ်အရွယ် ခံစစ်သမားကို ကစားသမားဟောင်းဆိုတဲ့ သံဃောဇဉ်အရ အလိုရှိကြပါတယ်။ သူဟာ ကလော့ပ်ရဲ့ နည်းစနစ်မှာ အဆင်ပြေမယ်လို့ ပြောရခက်ခဲပါတယ်။ သူ့ရဲ့ အချက်အလက်အရ ဘောလုံးပြန်ယူနိုင်စွမ်း ဆိုးရွားပြီး၊ တစ်ဦးချင်း လုယူမှုကော ဘောလုံးသယ်ယူမှုပိုင်းမှာပါ အားနည်းပါတယ်။

ဘန်ဝိုက်။ သူဟာ မနှစ်က လိဒ်မန်နေဂျာ ဘီယဲလ်ဆာရဲ့ လက်အောက်မှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုပိုင်း ပြန်လည် ထိန်းသိမ်းခြင်းနဲ့ ခံစစ်ပိုင်း ချိတ်ဆက်ကစားမှုတွေမှာ အလားအလာရှိတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ လက်ရှိ သူကစားထားသလောက်အရ တိုက်စစ်ပိုင်း ပါဝင်မှုမှာ အားနည်းလွန်းကာ လီဗာပူးလူစာရင်းအရဆိုရင် စတုတ္ထ ဦးစားပေးအဆင့်မှာပဲ ရှိနေပါမယ်။

ဘရီမာ။ သူကတော့ The Athletic က ရွေးချယ်ထားတဲ့ လီဗာပူးနဲ့ အံဝင်မယ့် ကစားသမားပါ။ အီတလီကလပ် တိုရိနိုမှာ ကစားနေတဲ့ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသားဖြစ်တယ်။ လီဗာပူးရဲ့ တိုက်စစ်ကစားဟန်ကော ခံစစ်ကာကွယ်မှု နှစ်ခုလုံးမှာပါ အတော်လေး ဟန်ချက်ညီပြီး ဘောလုံးပိုင်ဆိုင်မှုမှာ မျှခြေရှိသူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဗန္ဒိုက္ကို လက္လြတ္လိုက္ရတဲ့ေနာက္ ဇန္နဝါရီအတြက္ ရည္ရြယ္ျပီး ကစားသမား အင္အားျဖည့္မႈေတြ ရွိလာဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးဘက္က ခ်ိတ္ဆက္ႏုိင္တဲ့ ကစားသမား ၅ ဦးကို The Athletic က ေဖာ္ျပသြားပါတယ္။

ရာသီစမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔လို အဓိက ခံစစ္မွဴး ၃ ဦးကို ပိုင္ဆိုင္ထားခဲ့ကာ ဖာဘင္ညိဳက စတုတၳခံစစ္မွဴးအျဖစ္ ရံထားခဲ့တယ္။ ဒါ့အျပင္ လူငယ္ခံစစ္သမားေတြလည္း ရွိေနျခင္းေၾကာင့္ လူစာရင္းမွာ ဗဟိုခံစစ္မွဴးေတြက လံုေလာက္မႈရွိတယ္လို႔ ယူဆခဲ့ၾကတယ္။ ဗန္ဒိုက္ရဲ႕ ဒဏ္ရာက ကာလရွည္ျဖစ္ျခင္းေၾကာင့္ ဂိုးမက္စ္၊ မာတစ္နဲ႔ ဖာဘင္ညိဳတို႔ သံုးဦးပဲ က်န္ရွိျခင္းက တစ္ရာသီလံုးအတြက္ လံုေလာက္မွာ မဟုတ္ပါဘူး။

လီဗာပူးက ေခၚယူဖို႔ ၾကိဳးစားႏုိင္တဲ့ ကစားသမားေတြနဲ႔ ေခၚယူသင့္သူဆိုတဲ့ ခံစစ္သမား (၅) ဦး ကေတာ့ …

ဂါဘက္။ အသက္ ၂၀ အရြယ္ရွိျပီျဖစ္ကာ တူရကီတံတိုင္းအျဖစ္ နာမည္ထြက္လာေနသူပါ။ ေဘာလံုးဝင္လုမႈနဲ႔ တည္ကန္ေဘာ ရွင္းထုတ္မႈမွာ ဗန္ဒိုက္ကို လိုက္မွီႏုိင္သူျဖစ္ျပီး ပိုင္ဆိုင္မႈနဲ႔ တိုက္စစ္ကစားခ်ိန္မွာ ခံစစ္သမားေနရာက ပါဝင္ႏုိင္မႈမွာေတာ့ တိုးတက္မႈ လိုအပ္ေနပါေသးတယ္။ ဗန္ဒိုက္ေနရာ အစားထိုးဖို႔ကေတာ့ အသင့္ေလ်ာ္ဆံုးပါတယ္။

အူပါမီကာႏို။ အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္သားက ပိုင္ဆိုင္မႈရထားခ်ိန္မွာ ေဘာလံုးေပးမႈနဲ႔ အျမင့္ေဘာ ရွင္းထုတ္မႈေတြမွာ အားနည္းပါတယ္။ သူဟာ ခံစစ္ပိုင္းေကာ၊ ပိုင္ဆိုင္မႈနဲ႔ တိုက္စစ္ပိုင္းမွာပါ ပူးေပါင္းပါဝင္မႈ ေကာင္းမြန္ ထူးခၽြန္တယ္။ ပရီးမီးယားလိဂ္မွာ လာကစားဖို႔ အူပါမီကာႏိုရဲ႕ အဓိက အားနည္းခ်က္ေတြက အျမင့္ေဘာ အားနည္းျခင္းနဲ႔ ဒဏ္ရာမွတ္တမ္းဆိုးေတြ ရွိျခင္းပဲျဖစ္တယ္။

ေကာ္နာကုတ္ဒီ။ လီဗာပူပရိသတ္ေတြကေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ခံစစ္သမားကို ကစားသမားေဟာင္းဆိုတဲ့ သံေဃာဇဥ္အရ အလိုရွိၾကပါတယ္။ သူဟာ ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ အဆင္ေျပမယ္လို႔ ေျပာရခက္ခဲပါတယ္။ သူ႔ရဲ႕ အခ်က္အလက္အရ ေဘာလံုးျပန္ယူႏုိင္စြမ္း ဆိုးရြားျပီး၊ တစ္ဦးခ်င္း လုယူမႈေကာ ေဘာလံုးသယ္ယူမႈပိုင္းမွာပါ အားနည္းပါတယ္။

ဘန္ဝိုက္။ သူဟာ မႏွစ္က လိဒ္မန္ေနဂ်ာ ဘီယဲလ္ဆာရဲ႕ လက္ေအာက္မွာ ကစားခဲ့သူ ျဖစ္ပါတယ္။ ပိုင္ဆိုင္မႈပိုင္း ျပန္လည္ ထိန္းသိမ္းျခင္းနဲ႔ ခံစစ္ပိုင္း ခ်ိတ္ဆက္ကစားမႈေတြမွာ အလားအလာရွိတယ္။ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္မွာ လက္ရွိ သူကစားထားသေလာက္အရ တိုက္စစ္ပိုင္း ပါဝင္မႈမွာ အားနည္းလြန္းကာ လီဗာပူးလူစာရင္းအရဆိုရင္ စတုတၳ ဦးစားေပးအဆင့္မွာပဲ ရွိေနပါမယ္။

ဘရီမာ။ သူကေတာ့ The Athletic က ေရြးခ်ယ္ထားတဲ့ လီဗာပူးနဲ႔ အံဝင္မယ့္ ကစားသမားပါ။ အီတလီကလပ္ တိုရိႏိုမွာ ကစားေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဘရာဇီးသားျဖစ္တယ္။ လီဗာပူးရဲ႕ တိုက္စစ္ကစားဟန္ေကာ ခံစစ္ကာကြယ္မႈ ႏွစ္ခုလံုးမွာပါ အေတာ္ေလး ဟန္ခ်က္ညီျပီး ေဘာလံုးပိုင္ဆိုင္မႈမွာ မွ်ေျခရွိသူျဖစ္ပါတယ္။