အင်တာမီလန်မန်နေဂျာ ကွန်တီက သူ့အသင်း အနာဂတ်မှာ အောင်မြင်လာဖို့ အင်္ဂလန်ကလပ် လီဗာပူးကို ဥပမာယူရမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကလော့ပ်ဟာ လီဗာပူးကို စတင်တာဝန်ယူခဲ့ပေမယ့် အောင်မြင်မှုကိုတော့ ၂၀၁၉ မှ ချန်ပီယံလိဂ်ဖလားနဲ့ စတင်ကာ ရရှိခဲ့တာပါ။ ဒါ့အပြင် ၂၀၂၀ မှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့တယ်။ ဒီလို တိုးတက်လာဖို့အတွက် လီဗာပူး ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာကို အင်တာမီလန်က အတုယူရမယ်လို့ အီတလီသားကြီးက ပြောပါတယ်။

ကွန်တီက ” ရလဒ်ကောင်းတွေ ထွက်လာဖို့အတွက် ကျနေ်ာတို့က ရာနှုန်းပြည့်ထက် ပိုပြီး ပေးဆပ် ကစားကြရမယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်အောင် လုပ်နိုင်ဖို့ လိုပါတယ်။

ကျနေ်ာတို့ ကြိုးစားဖို့ လိုပါတယ်။ ဥပမာအားဖြင့် လီဗာပူးရဲ့ ကလော့ပ်ကို ကျနော် စံထားလိုတယ်။ လေးနှစ်ဆက်တိုက် သူ့ရဲ့အသင်းက ဘာတစ်ခုကိုမှ အနိုင်မရပေမယ့် အခုချိန်မှာတော့ နိုင်ပွဲတွေကို စက်တစ်လုံးလို ယူနိုင်စွမ်း ရှိလာနေခဲ့ပြီ။

ကျနေ်ာတို့က အရေးကြီးတာတွေကို တည်ဆောက်နေတယ်။ ကာလတို အနေအထားမှာ တစ်ခုခုကို အနိုင်ရဖို့ ဦးဆောင်နိုင်မလားဆိုတာကို မသိပါဘူး။ ဒါပေမ့်လို့ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ် ဆိုတာကိုတော့ သိထားပါတယ်။

အခြားသူတွေကတောင် အင်တာမီလန်က အရင်နှစ်တွေလို မဟုတ်ဘဲ တောင့်တင်းလာတယ်လို့ မြင်နေကြပြီး ဒါက ကျနော်ကို ပျော်ရွှင်စေတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAwGYI

အင္တာမီလန္မန္ေနဂ်ာ ကြန္တီက သူ႔အသင္း အနာဂတ္မွာ ေအာင္ျမင္လာဖို႔ အဂၤလန္ကလပ္ လီဗာပူးကို ဥပမာယူရမယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ကေလာ့ပ္ဟာ လီဗာပူးကို စတင္တာဝန္ယူခဲ့ေပမယ့္ ေအာင္ျမင္မႈကိုေတာ့ ၂၀၁၉ မွ ခ်န္ပီယံလိဂ္ဖလားနဲ႔ စတင္ကာ ရရွိခဲ့တာပါ။ ဒါ့အျပင္ ၂၀၂၀ မွာလည္း ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့တယ္။ ဒီလို တိုးတက္လာဖို႔အတြက္ လီဗာပူး ဘယ္လိုေတြ ၾကိဳးစားၾကတယ္ဆိုတာကို အင္တာမီလန္က အတုယူရမယ္လို႔ အီတလီသားၾကီးက ေျပာပါတယ္။

ကြန္တီက ” ရလဒ္ေကာင္းေတြ ထြက္လာဖို႔အတြက္ က်ေန္ာတို႔က ရာႏႈန္းျပည့္ထက္ ပိုျပီး ေပးဆပ္ ကစားၾကရမယ္။ စြမ္းေဆာင္ရည္ပိုင္းမွာလည္း ေကာင္းမြန္ေအာင္ လုပ္ႏိုင္ဖို႔ လိုပါတယ္။

က်ေန္ာတို႔ ၾကိဳးစားဖို႔ လိုပါတယ္။ ဥပမာအားျဖင့္ လီဗာပူးရဲ႕ ကေလာ့ပ္ကို က်ေနာ္ စံထားလိုတယ္။ ေလးႏွစ္ဆက္တိုက္ သူ႔ရဲ႕အသင္းက ဘာတစ္ခုကိုမွ အႏုိင္မရေပမယ့္ အခုခ်ိန္မွာေတာ့ ႏုိင္ပြဲေတြကို စက္တစ္လံုးလို ယူႏုိင္စြမ္း ရွိလာေနခဲ့ျပီ။

က်ေန္ာတို႔က အေရးၾကီးတာေတြကို တည္ေဆာက္ေနတယ္။ ကာလတို အေနအထားမွာ တစ္ခုခုကို အႏုိင္ရဖို႔ ဦးေဆာင္ႏုိင္မလားဆိုတာကို မသိပါဘူး။ ဒါေပမ့္လို႔ မွန္ကန္တဲ့ လမ္းေၾကာင္းကို ဦးတည္ေနတယ္ ဆိုတာကိုေတာ့ သိထားပါတယ္။

အျခားသူေတြကေတာင္ အင္တာမီလန္က အရင္ႏွစ္ေတြလို မဟုတ္ဘဲ ေတာင့္တင္းလာတယ္လို႔ ျမင္ေနၾကျပီး ဒါက က်ေနာ္ကို ေပ်ာ္ရႊင္ေစတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။