အယ်လီဆန်ဟာ လေ့ကျင့်ရေးမှာ အခြေအနေကောင်းနေဟန်ရှိပြီး ဘရာဇီး လက်ရွေးစင်အသင်းကလည်း နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် လူစာရင်းမှာ နံပါတ် တစ် ဂိုးသမားကို ထည့်သွင်းဖို့ စီစဉ်ထားပါပြီ။

လီဗာပူးအသင်းကတော့ ရှက်ဖီးနဲ့ပွဲမှာ သူ့ကို ထည့်သုံးဖို့ မသေချာပေမယ့် ကြားရက်ဖြစ်တဲ့ ဝက်ဟမ်းနဲ့ပွဲမှာတော့ ဂိုးသမားကို ထည့်သုံးသွားဖို့ ရှိနေပါတယ်။ ယာဂင်ကလော့ပ်ကပဲ မီဒီယာတွေ့ဆုံမှုမှာ နှစ်ကြိမ်ဆက်တိုက် အယ်လီဆန် ပြန်လေ့ကျင့်နေကြောင်းကို အတည်ပြုထားတာဖြစ်တယ်။

ဘရာဇီး ဆေးအဖွဲ့ဆရာဝန်ကတော့ အယ်လီဆန်ဟာ အခြေအနေကောင်းနေပြီး ပွဲကစားနိုင်တဲ့ အခြေအနေမှာတောင် ရှိနေပြီလို့ သူတို့ သိထားတယ်လို့ ပြောပါတယ်။

ဘရာဇီးအသင်း ဆရာဝန် Fabio Mahseredjian က ” အယ်လီဆန်က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပုခုံးဒဏ်ရာ ရခဲ့ပါတယ်။ သူ့အသင်းဖော်က လေ့ကျင့်ရေးမှာ သူ့ပုခုံးပေါ်ကို ပိကျခဲ့ရာက ဒဏ်ရာရသွားတာပါ ” လို့ ပြောပြပါတယ်။

၎င်းကပဲ ” အောက်တိုဘလ ၁၅ ရက်နေ့မှာတော့ အယ်လီဆန်က လေ့ကျင့်ရေး ပြန်လည် စတင်လာခဲ့တယ်။ ဘရာဇီးရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲ Rodrigo Lasmar က လီဗာပူး ဆေးအဖွဲ့နဲ့ ဆက်သွယ်မှုရှိပါတယ်။

လီဗာပူးဘက်ကတော့ ကလော့ပ်က အောက်တိုဘာလ ၃၁ ရက်နေ့ပွဲမှာ အယ်လီဆန် ထုတ်သုံးဖို့ ဖြစ်နိုင်တယ်ဆိုတာကို သတင်းပေးထားတယ်။ အယ်လီဆန်က ဘရာဇီးအသင်းနဲ့ မပူးပေါင်းခင် လီဗာပူးမှာ ပွဲသုံးပွဲ ကစားသွားနိုင်ပါတယ်။ ” လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အယ္လီဆန္ဟာ ေလ့က်င့္ေရးမွာ အေျခအေနေကာင္းေနဟန္ရွိျပီး ဘရာဇီး လက္ေရြးစင္အသင္းကလည္း ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြက္ လူစာရင္းမွာ နံပါတ္ တစ္ ဂိုးသမားကို ထည့္သြင္းဖို႔ စီစဥ္ထားပါျပီ။

လီဗာပူးအသင္းကေတာ့ ရွက္ဖီးနဲ႔ပြဲမွာ သူ႔ကို ထည့္သံုးဖို႔ မေသခ်ာေပမယ့္ ၾကားရက္ျဖစ္တဲ့ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ ဂိုးသမားကို ထည့္သံုးသြားဖို႔ ရွိေနပါတယ္။ ယာဂင္ကေလာ့ပ္ကပဲ မီဒီယာေတြ႔ဆံုမႈမွာ ႏွစ္ၾကိမ္ဆက္တိုက္ အယ္လီဆန္ ျပန္ေလ့က်င့္ေနေၾကာင္းကို အတည္ျပဳထားတာျဖစ္တယ္။

ဘရာဇီး ေဆးအဖြဲ႔ဆရာဝန္ကေတာ့ အယ္လီဆန္ဟာ အေျခအေနေကာင္းေနျပီး ပြဲကစားႏုိင္တဲ့ အေျခအေနမွာေတာင္ ရွိေနျပီလို႔ သူတို႔ သိထားတယ္လို႔ ေျပာပါတယ္။

ဘရာဇီးအသင္း ဆရာဝန္ Fabio Mahseredjian က ” အယ္လီဆန္က စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ပုခံုးဒဏ္ရာ ရခဲ့ပါတယ္။ သူ႔အသင္းေဖာ္က ေလ့က်င့္ေရးမွာ သူ႔ပုခံုးေပၚကို ပိက်ခဲ့ရာက ဒဏ္ရာရသြားတာပါ ” လို႔ ေျပာျပပါတယ္။

၄င္းကပဲ ” ေအာက္တိုဘလ ၁၅ ရက္ေန႔မွာေတာ့ အယ္လီဆန္က ေလ့က်င့္ေရး ျပန္လည္ စတင္လာခဲ့တယ္။ ဘရာဇီးရဲ႕ ေဆးဘက္ဆိုင္ရာ အၾကီးအကဲ Rodrigo Lasmar က လီဗာပူး ေဆးအဖြဲ႔နဲ႔ ဆက္သြယ္မႈရွိပါတယ္။

လီဗာပူးဘက္ကေတာ့ ကေလာ့ပ္က ေအာက္တိုဘာလ ၃၁ ရက္ေန႔ပြဲမွာ အယ္လီဆန္ ထုတ္သံုးဖို႔ ျဖစ္ႏုိင္တယ္ဆိုတာကို သတင္းေပးထားတယ္။ အယ္လီဆန္က ဘရာဇီးအသင္းနဲ႔ မပူးေပါင္းခင္ လီဗာပူးမွာ ပြဲသံုးပြဲ ကစားသြားႏုိင္ပါတယ္။ ” လို႔ ထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။