ကလော့ပ်က ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ တောင်းဆိုမှု သိပ်မြင်မှုနဲ့ ကပ်ဘေးကြား ရုန်းကန်ရမှုတွေ ရှိနေတဲ့ ဒီရာသီကို သူ့မန်နေဂျာဘဝ စိန်ခေါ်မှုအကြီးမားဆုံး ဘောလုံးရာသီပါလို့ ပြောဆိုခဲ့ပါတယ်။

“ဟုတ်ပါတယ်၊ ဒါက နည်းပြတစ်ယောက်အတွက် စိန်ခေါ်မှုအရှိဆုံး ရာသီပါ၊ ပိုပြီးတော့ စိန်ခေါ်လာလိမ့်မယ်”လို့ ရှက်ဖီးနဲ့ပွဲမတိုင်ခင်က ကလော့ပ်က ဆိုပါတယ်။

အဲဗာတန်နဲ့ပွဲကို နိုင်ငံတကာသီတင်းပတ်အပြီး ရက်ပိုင်းပဲ အနားရကာ ယှဉ်ပြိုင်ခဲ့တယ်။ ဒီအပတ်ပွဲမှာလည်း ချန်ပီယံလိဂ်ပွဲစဉ်ကနေ ပြန်လာပြီး ရက်ပိုင်းအကြာမှာပဲ ပြန်လည် ယှဉ်ပြိုင်ရတယ်။ တူညီတဲ့ အနေအထားမှာ ရှက်ဖီးကတော့ တစ်ပတ်လုံး အနားရနေခဲ့တာဖြစ်တယ်။

ကလော့ပ်က သူပြောနေတာ ဆင်ခြေမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်ရာသီတွေကထက် ပြက္ခဒိန်ရက် ပိုတိုပေမယ့် အရင်ရာသီတွေထက် မလျော့တဲ့ ပွဲတွေကို ကစားနေရတာက လီဗာပူးအပြင် ထိပ်သီးအသင်းတိုင်းရဲ့ စိန်ခေါ်မှုဆိုတာကို ထုတ်ပြောဖို့လည်း သူက တုန်လှုပ်မနေပါဘူး။

ကလော့ပ်က “ဘဝက ကျွန်တော်အရင်က ကြုံခဲ့ဖူးတာထက် ပိုပြီးစိန်ခေါ်မှုရှိတယ်၊ ဘောလုံးလောကကလဲ အတူတူပါပဲ၊ ဒါက ကျွန်တော်တို့တွေ အဖြေရှာတဲ့အချိန်မှာ အမြဲပြောဖြစ်နေတဲ့ အရာပါ၊ ကစားသမားတွေ ဒါကိုကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့ လူတိုင်းဆီက အကူအညီလိုအပ်တယ်၊

ကျွန်တော်တို့ ပွဲတွေ ထပ်မံကစားရမှာနဲ့ ပတ်သက်လို့ ပြဿနာ မရှိပါဘူး၊ ဘာအကြောင်းကိုမှ ကျွန်တော် ညည်းညူနေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ပြည့်ကျပ်နေတဲ့ အချိန်ဇယားအရ ကြားရက်မှာ ကစားရတဲ့ အသင်းတွေက စနေနေ့ နေ့လည်မှာ ကစားရဖို့က မဖြစ်သင့်ပါဘူး၊

ဥပမာ ချန်ပီယံလိဂ်ကို အင်္ဂါနေ့မှာ ကစားရရင်တော့ စနေနေ့ မွန်းတည့်မှာ ကစားရတာက အဆင်ပြေပါတယ်၊ ကိုယ်က ဗုဒ္ဓဟူးနေ့မှလဲ ကစားရသေးတယ်၊ နောက်တစ်ပွဲကို စနေနေ့ နေ့ခင်းကြီးမှာ ထပ်ကစားရတော့ ဘယ်လိုပြောရမလဲ၊ အိုးမိုင်ဂေါ့ပါပဲ၊

ကျွန်တော်တို့ တခါလုပ်ခဲ့ပြီးပြီ၊ အိုကေ လုပ်မယ်ပေါ့၊ ဒါပေမယ့် နှစ်ခါ သုံးခါ ဖြစ်လာတော့ ဒါက တကယ်ပြဿနာပါပဲ၊ ကျွန်တော်တို့လဲ အနားယူဖို့အချိန် လိုအပ်ပါတယ် ” လို့ ဆိုခဲ့တယ်။

ZAWGYI

ကေလာ့ပ္က ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကရဲ႕ ေတာင္းဆိုမႈ သိပ္ျမင္မႈနဲ႔ ကပ္ေဘးၾကား ရုန္းကန္ရမႈေတြ ရွိေနတဲ့ ဒီရာသီကို သူ႔မန္ေနဂ်ာဘဝ စိန္ေခၚမႈအႀကီးမားဆုံး ေဘာလံုးရာသီပါလို႔ ေျပာဆိုခဲ့ပါတယ္။

“ဟုတ္ပါတယ္၊ ဒါက နည္းျပတစ္ေယာက္အတြက္ စိန္ေခၚမႈအရွိဆုံး ရာသီပါ၊ ပိုၿပီးေတာ့ စိန္ေခၚလာလိမ့္မယ္”လို႔ ရွက္ဖီးနဲ႔ပြဲမတိုင္ခင္က ကေလာ့ပ္က ဆိုပါတယ္။

အဲဗာတန္နဲ႔ပြဲကို ႏုိင္ငံတကာသီတင္းပတ္အျပီး ရက္ပိုင္းပဲ အနားရကာ ယွဥ္ျပိဳင္ခဲ့တယ္။ ဒီအပတ္ပြဲမွာလည္း ခ်န္ပီယံလိဂ္ပြဲစဥ္ကေန ျပန္လာျပီး ရက္ပိုင္းအၾကာမွာပဲ ျပန္လည္ ယွဥ္ျပိဳင္ရတယ္။ တူညီတဲ့ အေနအထားမွာ ရွက္ဖီးကေတာ့ တစ္ပတ္လံုး အနားရေနခဲ့တာျဖစ္တယ္။

ကေလာ့ပ္က သူေျပာေနတာ ဆင္ေျခမဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း အရင္ရာသီေတြကထက္ ျပကၡဒိန္ရက္ ပိုတိုေပမယ့္ အရင္ရာသီေတြထက္ မေလ်ာ့တဲ့ ပြဲေတြကို ကစားေနရတာက လီဗာပူးအျပင္ ထိပ္သီးအသင္းတိုင္းရဲ႕ စိန္ေခၚမႈဆိုတာကို ထုတ္ေျပာဖို႔လည္း သူက တုန္လႈပ္မေနပါဘူး။

ကေလာ့ပ္က “ဘဝက ကြၽန္ေတာ္အရင္က ႀကဳံခဲ့ဖူးတာထက္ ပိုၿပီးစိန္ေခၚမႈရွိတယ္၊ ေဘာလုံးေလာကကလဲ အတူတူပါပဲ၊ ဒါက ကြၽန္ေတာ္တို႔ေတြ အေျဖရွာတဲ့အခ်ိန္မွာ အၿမဲေျပာျဖစ္ေနတဲ့ အရာပါ၊ ကစားသမားေတြ ဒါကိုေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လူတိုင္းဆီက အကူအညီလိုအပ္တယ္၊

ကြၽန္ေတာ္တို႔ ပြဲေတြ ထပ္မံကစားရမွာနဲ႔ ပတ္သက္လို႔ ျပႆနာ မရွိပါဘူး၊ ဘာအေၾကာင္းကိုမွ ကြၽန္ေတာ္ ညည္းညဴေနမွာ မဟုတ္ဘူး၊ ဒါေပမယ့္ ျပည့္က်ပ္ေနတဲ့ အခ်ိန္ဇယားအရ ၾကားရက္မွာ ကစားရတဲ့ အသင္းေတြက စေနေန႔ ေန႔လည္မွာ ကစားရဖို႔က မျဖစ္သင့္ပါဘူး၊

ဥပမာ ခ်န္ပီယံလိဂ္ကို အဂၤါေန႔မွာ ကစားရရင္ေတာ့ စေနေန႔ မြန္းတည့္မွာ ကစားရတာက အဆင္ေျပပါတယ္၊ ကိုယ္က ဗုဒၶဟူးေန႔မွလဲ ကစားရေသးတယ္၊ ေနာက္တစ္ပြဲကို စေနေန႔ ေန႔ခင္းႀကီးမွာ ထပ္ကစားရေတာ့ ဘယ္လိုေျပာရမလဲ၊ အိုးမိုင္ေဂါ့ပါပဲ၊

ကြၽန္ေတာ္တို႔ တခါလုပ္ခဲ့ၿပီးၿပီ၊ အိုေက လုပ္မယ္ေပါ့၊ ဒါေပမယ့္ ႏွစ္ခါ သုံးခါ ျဖစ္လာေတာ့ ဒါက တကယ္ျပႆနာပါပဲ၊ ကြၽန္ေတာ္တို႔လဲ အနားယူဖို႔အခ်ိန္ လိုအပ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။