လီဗာပူးဟာ နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်လက် ကစားရဖို့ရှိနေတာပါ။ အဲ့ပွဲတွေထဲမှာ ချန်ပီယံလိဂ် အုပ်စုတွင်းပွဲ ၂ ပွဲနဲ့ ဝက်ဟမ်း မန်စီးတီးတို့ကို ယျဉ်ပြိုင်တဲ့ပွဲတွေ ပါဝင်နေတယ်။

ကလော့ပ်ရဲ့ အသင်းဟာ အဲ့ဒီ့အချိန်အတွင်း အဓိက ဗဟိုနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်မပါပဲ ကစားရမှာဖြစ်ပြီး ကလပ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။ ဒါပေမယ့် ဒီအပတ်တွေကတော့ အရေးကြီးဆုံးဖြစ်ပြီး ၃ရက်တစ်ပွဲကို ပြည်တွင်းကော ဥရောပမှာပါ အလှည့်ကျ ယှဉ်ပြိုင်နေရခြင်းမှာ ကိုင်တွယ်မှု မကောင်းရင် တစ်ရာသီလုံး ပေးဆပ်ရနိုင်ပါတယ်။

လူတွေက ၉၀ ခုနှစ်တွေတုန်းက ကစားသမားတစ်ယောက်ကို ပွဲဘယ်လောက် ကစားကြတာနဲ့ ပက်သက်လို့ ပြောကြတယ်။ ဒါပေမယ့် အဲ့တုန်းက ဘောလုံးနဲ့ အခု ဘောလုံးက မတူတော့တဲ့ အချက်ကို ကလော့ပ်က ထောက်ပြပါတယ်။ ဒါ့အပြင် ပွဲတွေ ဆက်နေပေမယ့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို မေးမယ့်အစား ဒီကစားသမားက ဘာလို့ ပွဲတိုင်း တာတိုပြေးမှု အကြိမ် ၅၀ ကို တစ်ပုံစံတည်း မလုပ်နိုင်ရလဲလို့ မေးခွန်းထုတ်ခံရတယ်။

မန်နေဂျာကလော့ပ်က လူတိုင်း ကားမောင်းတတ်ပေမယ့် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေလို နေရာကျဉ်းကျဉ်းထဲမှာ မိုင် ၃၀၀ နှုန်းတော့ ကားမောင်းတတ်သူတိုင်း ဝင်မပြိုင်နိုင်ပါဘူးလို့ ထောက်ပြတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ဘယ်သူကမှ လူတိုင်းက ရလဒ်ကလွဲရင် ဘာကိုမှ မလိုချင်ကြပါဘူး။

ကလော့ပ်က “လူတွေက ဒါကိုမကြားချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအကြောင်း လူတွေ ပြောနေကြတာတွေကို ကျနော်တို့ ပြန်ချေပလို့ ရပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ အဲ့တာက ဖော်မြူလာဝမ်း ကားပြိုင်ပွဲလိုပါပဲ။

လူတိုင်းက ကားမောင်းတတ်ပါတယ်။ ဒါပေမယ့် ကားတစ်စီးကို ပြိုင်ပွဲဧရိယာ ကျဉ်းကျဉ်းထဲမှာ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့မောင်းတာကို လူတိုင်း မလုပ်နိုင်ပါဘူး။ အဲ့လို မောင်းပြီဆိုရင်လည်း ဘရိတ်က အလုပ်ဖြစ်ဖို့တာ ဆုတောင်းထားပေတော့ပဲ။

ပရော်ဖက်ရှင်နယ် ဘောလုံးလောကကလဲ ဒီလိုပါပဲ၊ အားလုံးက အမြင့်ဆုံး အရှိန်အဟုန်နဲ့ သွားနေတယ်၊ စိတ်ဓါတ်ပိုင်း အပြင်းထန်ဆုံးတွေနဲ့ ရင်ဆိုင်နေကြတယ်။ ဒီတော့ ရနိုင်သမျှ အကောင်းဆုံးဘရိတ် ရှိဖို့လိုတယ်လေ၊ ရနိုင်တဲ့ အချိန်လိုပါတယ်။ ဒါပါပဲ။

ဒီလိုတွေးနေတာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး၊ တခြားနည်းပြအားလုံးကလဲ ဒီလိုပဲ ဖြစ်မှာပဲ။ ဒါပေမယ့် ဒါက မပြောင်းလဲသွားဘူးဆိုတာလည်း ကျနေ်ာတို့ သိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ႏိုဝင္ဘာ ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္မွာ ၿပိဳင္ပြဲစုံ ၄ ပြဲ ဆက္လက္ ကစားရဖို႔ရွိေနတာပါ။ အဲ့ပြဲေတြထဲမွာ ခ်န္ပီယံလိဂ္ အုပ္စုတြင္းပြဲ ၂ ပြဲနဲ႔ ဝက္ဟမ္း မန္စီးတီးတို႔ကို ယ်ဥ္ျပိဳင္တဲ့ပြဲေတြ ပါဝင္ေနတယ္။

ကေလာ့ပ္ရဲ႕ အသင္းဟာ အဲ့ဒီ့အခ်ိန္အတြင္း အဓိက ဗဟိုေနာက္ခံလူျဖစ္တဲ့ ဗန္ဒိုက္မပါပဲ ကစားရမွာျဖစ္ၿပီး ကလပ္ကလည္း ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရတာပါ။ ဒါေပမယ့္ ဒီအပတ္ေတြကေတာ့ အေရးၾကီးဆံုးျဖစ္ျပီး ၃ရက္တစ္ပြဲကို ျပည္တြင္းေကာ ဥေရာပမွာပါ အလွည့္က် ယွဥ္ျပိဳင္ေနရျခင္းမွာ ကိုင္တြယ္မႈ မေကာင္းရင္ တစ္ရာသီလံုး ေပးဆပ္ရႏုိင္ပါတယ္။

လူေတြက ၉၀ ခုႏွစ္ေတြတုန္းက ကစားသမားတစ္ေယာက္ကို ပြဲဘယ္ေလာက္ ကစားၾကတာနဲ႔ ပက္သက္လို႔ ေျပာၾကတယ္။ ဒါေပမယ့္ အဲ့တုန္းက ေဘာလံုးနဲ႔ အခု ေဘာလံုးက မတူေတာ့တဲ့ အခ်က္ကို ကေလာ့ပ္က ေထာက္ျပပါတယ္။ ဒါ့အျပင္ ပြဲေတြ ဆက္ေနေပမယ့္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို ေမးမယ့္အစား ဒီကစားသမားက ဘာလို႔ ပြဲတိုင္း တာတိုေျပးမႈ အၾကိမ္ ၅၀ ကို တစ္ပံုစံတည္း မလုပ္ႏုိင္ရလဲလို႔ ေမးခြန္းထုတ္ခံရတယ္။

မန္ေနဂ်ာကေလာ့ပ္က လူတိုင္း ကားေမာင္းတတ္ေပမယ့္ ပေရာ္ဖက္ရွင္နယ္ ျပိဳင္ပြဲေတြလို ေနရာက်ဥ္းက်ဥ္းထဲမွာ မိုင္ ၃၀၀ ႏႈန္းေတာ့ ကားေမာင္းတတ္သူတိုင္း ဝင္မျပိဳင္ႏုိင္ပါဘူးလို႔ ေထာက္ျပတယ္။ ဒါေပမယ့္လည္း အဆံုးမွာေတာ့ ဘယ္သူကမွ လူတိုင္းက ရလဒ္ကလြဲရင္ ဘာကိုမွ မလိုခ်င္ၾကပါဘူး။

ကေလာ့ပ္က “လူေတြက ဒါကိုမၾကားခ်င္ဘူးဆိုတာ ကြၽန္ေတာ္ သိပါတယ္၊ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားေတြအေၾကာင္း လူေတြ ေျပာေနၾကတာေတြကို က်ေနာ္တို႔ ျပန္ေခ်ပလို႔ ရပါတယ္။ ဒါေပမယ့္ အဆံုးမွာေတာ့ အဲ့တာက ေဖာ္ျမဴလာဝမ္း ကားျပိဳင္ပြဲလိုပါပဲ။

လူတိုင္းက ကားေမာင္းတတ္ပါတယ္။ ဒါေပမယ့္ ကားတစ္စီးကို ျပိဳင္ပြဲဧရိယာ က်ဥ္းက်ဥ္းထဲမွာ တစ္နာရီ မိုင္ ၃၀၀ ႏႈန္းနဲ႔ေမာင္းတာကို လူတိုင္း မလုပ္ႏုိင္ပါဘူး။ အဲ့လို ေမာင္းျပီဆိုရင္လည္း ဘရိတ္က အလုပ္ျဖစ္ဖို႔တာ ဆုေတာင္းထားေပေတာ့ပဲ။

ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကကလဲ ဒီလိုပါပဲ၊ အားလံုးက အျမင့္ဆုံး အရွိန္အဟုန္နဲ႔ သြားေနတယ္၊ စိတ္ဓါတ္ပိုင္း အျပင္းထန္ဆံုးေတြနဲ႔ ရင္ဆိုင္ေနၾကတယ္။ ဒီေတာ့ ရႏိုင္သမွ် အေကာင္းဆုံးဘရိတ္ ရွိဖို႔လိုတယ္ေလ၊ ရႏုိင္တဲ့ အခ်ိန္လိုပါတယ္။ ဒါပါပဲ။

ဒီလိုေတြးေနတာ ကြၽန္ေတာ္ တစ္ေယာက္ထဲ မဟုတ္ပါဘူး၊ တျခားနည္းျပအားလုံးကလဲ ဒီလိုပဲ ျဖစ္မွာပဲ။ ဒါေပမယ့္ ဒါက မေျပာင္းလဲသြားဘူးဆိုတာလည္း က်ေန္ာတို႔ သိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။