ဗန်ဒိုက်ဟာ ဒဏ်ရာအတွက် စီစဉ်စရာ ကိစ္စတွေကို စီစဉ်ပြီးတဲ့နောက်မှာ အသင်းဖော်တွေအတွက် မက်ဆေ့တစ်စောင် ပိုခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ ဟန်ဒါဆန်က ထုတ်ပြောခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲက ကိစ္စဖြစ်ခြင်းကြောင့် မက်ဆေ့ပါ စာတွေကို သူ ဖော်ထုတ်ခဲ့ခြင်း မရှိဘူး။ ဒါပေမယ့်လို့ ဗန်ဒိုက်က ဝမ်းနည်း ကြေကွဲနေခြင်း မရှိဘဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ အသင့်ဖြစ်နေကြောင်းနဲ့ နယ်သာလန်သားကြီးရဲ့ တိုက်တွန်းမှုတွေနဲ့အတူ လီဗာပူးက ရပ်နေမှာ မဟုတ်ကြောင်း ထုတ်ပြောခဲ့တယ်။

ဟန်ဒါဆန်က ” အရင်အပတ်က ပြောခဲ့သလိုပဲ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးတစ်ဦးပါ။ ကိစ္စတွေအားလုံး ဖြစ်ပြီးသွားတဲ့နောက် သူက ကျနေ်ာတို့ကို ပထမဆုံးဆိုတဲ့ မက်ဆေ့တစ်ခု ပို့ခဲ့တယ်။ အားလုံးအတွက် ပျော်ရွှင်စေပြီး တက်ကြွစေမယ့် အကြောင်းကြားမှုပါပဲ။

မက်ဆေ့ အကြောင်းအရာ အားလုံးကိုတော့ သီးသန့်အဖြစ် ထားမှာဖြစ်လို့ အကုန်လုံးကို ထုတ်မပြောတော့ပါဘူး။ ဒါပေမယ့်လို့ သူပို့လာတဲ့အထဲမှာ သူ့ကိုယ်တိုင်အတွက် ဝမ်းနည်းစိတ်မကောင်းခြင်းတွေ ခံစားနေရတယ်ဆိုတဲ့ စကားလုံး တစ်လုံးတောင် မပါပါဘူး။ ရှေ့ဆက်ပြီး ကြိုးစားလုပ်ဆောင်ဖို့ မျှော်လင့်နေတာတွေနဲ့ ပိုသန်မာစွာ ပိုကောင်းစွာ ပြန်လာမယ်ဆိုတဲ့ အကြောင်းပဲ ပြောခဲ့တယ်။

အင်္ဂါနေ့က မဲဝုဒ်ကို ပြန်လာချိန်မှာလည်း သူက အကောင်းမြင်စရာတွေဖြင့် တောက်ပနေဆဲဖြစ်ပါတယ်။ ဒါက ဗန်ဒိုက်ပါပဲ။ ကျနေ်ာတို့တွေကတော့ သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီအခြေအနေကနေ ကျနေ်ာတို့အတွက် အကောင်းမြင်စရာ ကိစ္စတွေကိုပဲ စဉ်းစားသွားကြမှာ ဖြစ်ပါတယ်။

ဘယ်အချိန်ဆိုတာ မသိပေမယ့် ဗန်ဒိုက်က ပြန်လာမှာဖြစ်ပါတယ်။ သိပ်သေချာပါတယ်။ ဘာလို့လည်းဆိုတော့ သူက သာမာန်ထက် ထူးကဲတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦး ဖြစ်နေလို့ပါပဲ။ သူက ပြန်လာရုံတင် မဟုတ်ပါဘူး ပိုလည်း ကောင်းလာဦးမယ်ဆိုတာကို ကျနော် သိပါတယ်။

သူက ကုန်ဆုံးသွားတဲ့ အချိန်တေါကို ပိုကောင်းလာဖို့၊ တိုးတက်လာဖို့အတွက် အသုံးချမယ့် သူမျိုးဖြစ်ပါတယ်။ သူ့ကို စောင့်နေတဲ့ အတောအတွင်းမှာ ကျနေ်ာတို့တွေက ရပ်နေမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဗန္ဒိုက္ဟာ ဒဏ္ရာအတြက္ စီစဥ္စရာ ကိစၥေတြကို စီစဥ္ျပီးတဲ့ေနာက္မွာ အသင္းေဖာ္ေတြအတြက္ မက္ေဆ့တစ္ေစာင္ ပိုခဲ့တယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းကိုေတာ့ ဟန္ဒါဆန္က ထုတ္ေျပာခဲ့တာျဖစ္ျပီး အဝတ္လဲခန္းထဲက ကိစၥျဖစ္ျခင္းေၾကာင့္ မက္ေဆ့ပါ စာေတြကို သူ ေဖာ္ထုတ္ခဲ့ျခင္း မရွိဘူး။ ဒါေပမယ့္လို႔ ဗန္ဒိုက္က ဝမ္းနည္း ေၾကကြဲေနျခင္း မရွိဘဲ စိန္ေခၚမႈေတြကို ရင္ဆိုင္သြားဖို႔ အသင့္ျဖစ္ေနေၾကာင္းနဲ႔ နယ္သာလန္သားၾကီးရဲ႕ တိုက္တြန္းမႈေတြနဲ႔အတူ လီဗာပူးက ရပ္ေနမွာ မဟုတ္ေၾကာင္း ထုတ္ေျပာခဲ့တယ္။

ဟန္ဒါဆန္က ” အရင္အပတ္က ေျပာခဲ့သလိုပဲ ဗန္ဒိုက္က ကမၻာအေကာင္းဆံုး ခံစစ္မွဴးတစ္ဦးပါ။ ကိစၥေတြအားလံုး ျဖစ္ျပီးသြားတဲ့ေနာက္ သူက က်ေန္ာတို႔ကို ပထမဆံုးဆိုတဲ့ မက္ေဆ့တစ္ခု ပို႔ခဲ့တယ္။ အားလံုးအတြက္ ေပ်ာ္ရႊင္ေစျပီး တက္ၾကြေစမယ့္ အေၾကာင္းၾကားမႈပါပဲ။

မက္ေဆ့ အေၾကာင္းအရာ အားလံုးကိုေတာ့ သီးသန္႔အျဖစ္ ထားမွာျဖစ္လို႔ အကုန္လံုးကို ထုတ္မေျပာေတာ့ပါဘူး။ ဒါေပမယ့္လို႔ သူပို႔လာတဲ့အထဲမွာ သူ႔ကိုယ္တိုင္အတြက္ ဝမ္းနည္းစိတ္မေကာင္းျခင္းေတြ ခံစားေနရတယ္ဆိုတဲ့ စကားလံုး တစ္လံုးေတာင္ မပါပါဘူး။ ေရွ႔ဆက္ျပီး ၾကိဳးစားလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ေနတာေတြနဲ႔ ပိုသန္မာစြာ ပိုေကာင္းစြာ ျပန္လာမယ္ဆိုတဲ့ အေၾကာင္းပဲ ေျပာခဲ့တယ္။

အဂၤါေန႔က မဲဝုဒ္ကို ျပန္လာခ်ိန္မွာလည္း သူက အေကာင္းျမင္စရာေတြျဖင့္ ေတာက္ပေနဆဲျဖစ္ပါတယ္။ ဒါက ဗန္ဒိုက္ပါပဲ။ က်ေန္ာတို႔ေတြကေတာ့ သူ႔ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဒီအေျခအေနကေန က်ေန္ာတို႔အတြက္ အေကာင္းျမင္စရာ ကိစၥေတြကိုပဲ စဥ္းစားသြားၾကမွာ ျဖစ္ပါတယ္။

ဘယ္အခ်ိန္ဆိုတာ မသိေပမယ့္ ဗန္ဒိုက္က ျပန္လာမွာျဖစ္ပါတယ္။ သိပ္ေသခ်ာပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူက သာမာန္ထက္ ထူးကဲတဲ့ ပေရာ္ဖက္ရွင္နယ္တစ္ဦး ျဖစ္ေနလို႔ပါပဲ။ သူက ျပန္လာရံုတင္ မဟုတ္ပါဘူး ပိုလည္း ေကာင္းလာဦးမယ္ဆိုတာကို က်ေနာ္ သိပါတယ္။

သူက ကုန္ဆုံးသြားတဲ့ အခ်ိန္ေတါကို ပိုေကာင္းလာဖို႔၊ တိုးတက္လာဖို႔အတြက္ အသံုးခ်မယ့္ သူမ်ိဳးျဖစ္ပါတယ္။ သူ႔ကို ေစာင့္ေနတဲ့ အေတာအတြင္းမွာ က်ေန္ာတို႔ေတြက ရပ္ေနမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။