အာဆင်နယ်အသင်းက ဂီတာဖေး နောက်ခံလူ ဒီဂျန်နီ ဒါကွန်ဂျမ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေ ပါတယ်။ ဂီတာဖေး ဗဟို ခံစစ်မှူးဟာ အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီရဲ့ ထိပ်တန်း အဓိကပစ်မှတ်ဖြစ်နေပြီး ကစားသမားရဲ့ စာချုပ်ပါလျော်ကြေးဟာ ပေါင် ၃၁ သန်း ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်မှ ၀ဲဘတ်နဲ့ ချယ်ဆီးမှ ကာဟေးတို့ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူသွားရန် မျှော်လင့်နေပါတယ်။

အမ်မရီအနေနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီးချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ပြောင်းရွှေ့ကြေး အသုံးစရိတ် အများအပြားရရှိမှာဖြစ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်သာ မရရှိခဲ့ပါက ကစားသမားသစ် ခေါ်ယူဖို့အတွက် အခုလိုမျိုး ပေါင်သန်း (၄၀) သာ အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။

ဘီဘီစီက ဖော်ထုတ်လိုက်တဲ့ အချက်များအရ အာဆင်နယ်အသင်း အပြောင်းအရွှေ့မှာ အဓိက ပစ်မှတ်ထားနေတာက ပီအက်စ်ဂျီမှ Nkunku နဲ့ ရာဘီရော့ ဖြစ်တယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ VAR စနစ်ကို စတင်ကာ ကျင့်သုံးသွားမှာဖြစ်ပေမယ့် အဆိုပါ စနစ်မှာ အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ပွဲကစားနေစဉ်မှာ အသင်းသားတွေဟာ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်ဖြစ်လာတဲ့အခါ VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြောင်း လက်ဟန်ခြေဟန် အမူအရာနဲ့ ဖိအားပေးခဲ့မယ် ဆိုရင် အဝါကတ် ပြသခံရမှာဖြစ်တယ်။

ဘာစီလိုနာက အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီရဲ့ ကိုယ်စားလှယ်တွေနဲ့ ကနဦး ဆွေးနွေးမှုများ ရှိထားပါတယ်။ တကယ်လို့ ဂရစ္စမန်းကို မခေါ်နိုင်ခဲ့ရင် အနီးစပ်ဆုံး ဖြည့်ဆည်းဖို့ ဂန်းနား တိုက်စစ်မှူးကို ပစ်မှတ်ထား ထားတာပါ။ လာကာဇက်တီက အာဆင်နယ်ထံ ၂၀၁၇ က လိုင်ယွန်မှ ရောက်လာတာ ဖြစ်ပြီး ၈၇ ပွဲ ကစား ၃၆ ဂိုး သွင်းထားပါတယ်။