လီဗာပူးအသင်းဟာ ရှက်ဖီးယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် အန်ဖီးကွင်းမှာ နောက်ဆုံး ၆၂ ပွဲဆက်တိုက် အရံှူးမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီသုံးနှစ်ကော် ကာလအတွင်းမှာ ပရီးမီးယားလိဂ် အိမ်ကွင်း ၆၂ ပွဲအနက် ၅၁ ပွဲနိုင် ၁၁ ပွဲ သရေကျထားတာဖြစ်တယ်။ အင်္ဂလန်လိဂ်မှာတော့ အန်ဖီးကွင်းဟာ ကြောက်စရာအကောင်းဆုံး ကွင်းတစ်ကွင်း ဖြစ်လာခဲ့ပြီး ဘယ်လို အသင်းကမှ အနိုင်မရခဲ့တာဟာ ဂန္တဝင်မန်နေဂျာကြီး ဘော့ပီယာစလေရဲ့ မှတ်တမ်းကို လိုက်မှီဖို့တောင် ၁ ပွဲပဲ လိုပါတော့တယ်။

ဝိုက်ဒါက ” စွမ်းဆောင်ရည်က ကောင်းပါတယ်။ အန်ဖီးကွင်းကို လာရောက်ပြီး ရမှတ်အတွက် အခွင့်အရေးရှာဖို့ ကြိုးစားခဲ့တယ်။ အဝတ်လဲခန်းက အသင်းသား အများအပြားက စိတ်ပျက်ခဲ့ရပါတယ်။ ဒီလို ခက်ခဲတဲ့ပွဲမှာ ဘာရလဒ်မှ မရခဲ့ပါဘူး။ လီဗာပူးက ပိုင်ဆိုင်မှု ပိုသားပြီး ပွဲကို ထိန်းချုပ်ခဲ့ပေမယ့် အပြန်အလှန် ကစားမှုတွေ ရှိခဲ့ပါတယ်။

လီဗာပူးက အိမ်ကွင်းမှာ ၁၇ နှစ်လောက်ထိ အရံှူးမရှိမှာတော့ မဟုတ်ပါဘူး။ သူတို့မှာ ထိပ်တန်းကစားသမားတွေ အပြည့်ပါပဲ။ ကျနေ်ာတို့ ပွဲကို အကောင်းဆုံး စတင်ခဲ့ပြီး ပွဲထဲမှာ ဆက်ရျိနေခဲ့တယ်။ ပထမဂိုး ပေးလိုက်ရတာအတွက် စိတ်ပျက်မိပါတယ်။ ပိုကောင်းကောင်း လုပ်နိုင်သင့်တာပါ

အန်ဖီးကွင်းမှာ လွှမ်းမိုးကစားဖို့ကိုလည်း ကျနေ်ာတို့က မမျှော်လင့်ပါဘူး။ ဒါပေမယ့် ထင်ထားတာထက်တော့ ပိုလုပ်နိုင်ခဲ့တယ်။ ဘာရလဒ်မှ မရခဲ့ဘဲ ပြန်ရမှာအတွက်တော့ စိတ်ပျက်ပါတယ်။ သူတို့က အမြဲတမ်း ကြိုးစားနေတဲ့ အသင်းပါ။ ဘာပဲဖြစ်ဖြစ်ပါ ကျနေ်ာရဲ့ အသင်းကို ကြည့်ရတာကိုလည်း သဘောကျပါတယ်။ အရမ်းကွာခဲ့တာ မဟုတ်ဘူး ဒါပေမယ့်လည်း ရလဒ်ကပဲ စကားပြောတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရွက္ဖီးယူႏုိက္တက္ကို ၂-၁ နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ အန္ဖီးကြင္းမွာ ေနာက္ဆံုး ၆၂ ပြဲဆက္တိုက္ အရံွဴးမရွိတဲ့ မွတ္တမ္းကို ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။

ဒီသံုးႏွစ္ေကာ္ ကာလအတြင္းမွာ ပရီးမီးယားလိဂ္ အိမ္ကြင္း ၆၂ ပြဲအနက္ ၅၁ ပြဲႏုိင္ ၁၁ ပြဲ သေရက်ထားတာျဖစ္တယ္။ အဂၤလန္လိဂ္မွာေတာ့ အန္ဖီးကြင္းဟာ ေၾကာက္စရာအေကာင္းဆံုး ကြင္းတစ္ကြင္း ျဖစ္လာခဲ့ျပီး ဘယ္လို အသင္းကမွ အႏုိင္မရခဲ့တာဟာ ဂႏၱဝင္မန္ေနဂ်ာၾကီး ေဘာ့ပီယာစေလရဲ႔ မွတ္တမ္းကို လိုက္မွီဖို႔ေတာင္ ၁ ပြဲပဲ လိုပါေတာ့တယ္။

ဝုိက္ဒါက ” စြမ္းေဆာင္ရည္က ေကာင္းပါတယ္။ အန္ဖီးကြင္းကို လာေရာက္ျပီး ရမွတ္အတြက္ အခြင့္အေရးရွာဖို႔ ၾကိဳးစားခဲ့တယ္။ အဝတ္လဲခန္းက အသင္းသား အမ်ားအျပားက စိတ္ပ်က္ခဲ့ရပါတယ္။ ဒီလို ခက္ခဲတဲ့ပြဲမွာ ဘာရလဒ္မွ မရခဲ့ပါဘူး။ လီဗာပူးက ပိုင္ဆိုင္မႈ ပိုသားျပီး ပြဲကို ထိန္းခ်ဳပ္ခဲ့ေပမယ့္ အျပန္အလွန္ ကစားမႈေတြ ရွိခဲ့ပါတယ္။

လီဗာပူးက အိမ္ကြင္းမွာ ၁၇ ႏွစ္ေလာက္ထိ အရံွဴးမရွိမွာေတာ့ မဟုတ္ပါဘူး။ သူတို႔မွာ ထိပ္တန္းကစားသမားေတြ အျပည့္ပါပဲ။ က်ေန္ာတို႔ ပြဲကို အေကာင္းဆံုး စတင္ခဲ့ျပီး ပြဲထဲမွာ ဆက္ရ်ိေနခဲ့တယ္။ ပထမဂိုး ေပးလိုက္ရတာအတြက္ စိတ္ပ်က္မိပါတယ္။ ပိုေကာင္းေကာင္း လုပ္ႏုိင္သင့္တာပါ

အန္ဖီးကြင္းမွာ လႊမ္းမိုးကစားဖို႔ကိုလည္း က်ေန္ာတို႔က မေမွ်ာ္လင့္ပါဘူး။ ဒါေပမယ့္ ထင္ထားတာထက္ေတာ့ ပိုလုပ္ႏုိင္ခဲ့တယ္။ ဘာရလဒ္မွ မရခဲ့ဘဲ ျပန္ရမွာအတြက္ေတာ့ စိတ္ပ်က္ပါတယ္။ သူတို႔က အျမဲတမ္း ၾကိဳးစားေနတဲ့ အသင္းပါ။ ဘာပဲျဖစ္ျဖစ္ပါ က်ေန္ာရဲ႕ အသင္းကို ၾကည့္ရတာကိုလည္း သေဘာက်ပါတယ္။ အရမ္းကြာခဲ့တာ မဟုတ္ဘူး ဒါေပမယ့္လည္း ရလဒ္ကပဲ စကားေျပာတာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။