ဂျိုတာဟာ အန်ဖီးကွင်းမှာ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ၂ ပွဲလုံးမှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က မာနေးပြီးနောက် ပထမဆုံး လုပ်နိုင်တဲ့ လီဗာပူးအသင်းသား ဖြစ်လာပါတယ်။

ရှက်ဖီးဘက်က ဆန်ဒါဘက်ဂ်ျရဲ့ အငြင်းပွားဖွယ် ပင်နယ်တီကို ခွင့်ပြုခဲ့ရတဲ့နောက် လီဗာပူးက နောက်က လိုက်ကစားခဲ့ရပေမယ့် ပထမပိုင်း ၄၁ မိနစ်မှာ ဖာမီနိုက ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအတွင်းက ဂျိုတာရဲ့ ၆၄မိနစ် ခေါင်းတိုက်ဂိုးက လီဗာပူးကို ၃မှတ်ရရှိစေခဲ့တာပဲဖြစ်ပါတယ်။

အန်ဖီးမှာ ဂျိုတာရဲ့ ပထမဆုံးသွင်းဂိုး ၂ဂိုးဟာ ပရိသတ်တွေ မရှိတဲ့ကာလမှာ ရရှိခဲ့တာဖြစ်သလို ဒါက အပြည့်အဝတော့ မပျော်ရဘူးလို့ တိုက်စစ်မှူးက ဝန်ခံခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှု မြင့်တက်ခြင်းကြောင့် အောက်တိုဘာလမှာ ပရိသတ်တွေ ဝင်ခွင့်ပြုဖို့ စီစဉ်ထားမှုကို ရုတ်သိမ်းခဲ့ပြီး ကွင်းပိတ် အစီအစဉ်ဖြင့် ဆက်ကစားစေခဲ့တယ်။

ဂျိုတာက “ ကျွန်တော် အရင်က ပြောခဲ့သလိုပေါ့၊ ကျွန်တော့် ပထမဆုံးဂိုးကို သွင်းယူတဲ့အချိန်မှာ ပွဲကြည့်စင်မှာ လူအပြည့်ရှိစေချင်တယ်၊ သူတို့တွေနဲ့အတူ အောင်ပွဲခံရတာက ပိုပြီးတော့ ထူးခြားစေတယ်လေ၊ ဒါပေမယ့် အဆုံးသတ်မှာတော့ အရေးအကြီးဆုံးအရာက ဘာလဲဆိုတာ ကျွန်တော်နားလည်ခဲ့တယ်။ ကျွန်တော့်ဂိုးနဲ့ အသင်းနိုင်ပွဲရခဲ့တာက အဓိကကျတဲ့ အရာပဲလေ၊

ကျွန်တော်အရမ်း ကျေနပ်ပါတယ်၊ ပရီးမီးယားလိဂ်မှာ ၂ပွဲ အနိုင်မရခဲ့တဲ့နောက် အခုလို နိုင်ပွဲပြန်ရတာက ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော်တို့ သိခဲ့တယ်၊ ဒီပွဲက တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ အနောက်ကနေ ပြန်လိုက်ကစားခဲ့ရတယ်၊ ဒါကြောင့် အဆုံးသတ်မှာ ၃မှတ်ရတာကပဲ အဓိကလို့ ထင်ပါတယ်၊

ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဦးဆောင်ဂိုးသွင်းဖို့ မဖြစ်မနေ လိုအပ်ခဲ့တယ်ဆိုတာ သိခဲ့ပါတယ်၊ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရခဲ့တယ်၊ တစ်ဂိုးသွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရတယ်၊ ဒါပေမယ့် အဆုံးသတ်အထိ ယုံကြည်မှုထားခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ၃မှတ် ရယူနိုင်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ဂ်ိဳတာဟာ အန္ဖီးကြင္းမွာ ပါဝင္ကစားခြင့္ရတဲ့ ပထမဆုံးေသာ ပရီးမီးယားလိဂ္ ၂ ပြဲလုံးမွာ သြင္းဂိုးေတြ ရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္က မာေနးၿပီးေနာက္ ပထမဆုံး လုပ္ႏိုင္တဲ့ လီဗာပူးအသင္းသား ျဖစ္လာပါတယ္။

ရွက္ဖီးဘက္က ဆန္ဒါဘက္ဂ္်ရဲ႕ အျငင္းပြားဖြယ္ ပင္နယ္တီကို ခြင့္ျပဳခဲ့ရတဲ့ေနာက္ လီဗာပူးက ေနာက္က လိုက္ကစားခဲ့ရေပမယ့္ ပထမပိုင္း ၄၁ မိနစ္မွာ ဖာမီႏိုက ေခ်ပဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းအတြင္းက ဂ်ိဳတာရဲ႕ ၆၄မိနစ္ ေခါင္းတိုက္ဂိုးက လီဗာပူးကို ၃မွတ္ရရွိေစခဲ့တာပဲျဖစ္ပါတယ္။

အန္ဖီးမွာ ဂ်ိဳတာရဲ႕ ပထမဆုံးသြင္းဂိုး ၂ဂိုးဟာ ပရိသတ္ေတြ မရွိတဲ့ကာလမွာ ရရွိခဲ့တာျဖစ္သလို ဒါက အျပည့္အဝေတာ့ မေပ်ာ္ရဘူးလို႔ တိုက္စစ္မႉးက ဝန္ခံခဲ့ပါတယ္။ ကိုဗစ္ကူးစက္မႈ ျမင့္တက္ျခင္းေၾကာင့္ ေအာက္တိုဘာလမွာ ပရိသတ္ေတြ ဝင္ခြင့္ျပဳဖို႔ စီစဥ္ထားမႈကို ရုတ္သိမ္းခဲ့ျပီး ကြင္းပိတ္ အစီအစဥ္ျဖင့္ ဆက္ကစားေစခဲ့တယ္။

ဂ်ိဳတာက “ ကြၽန္ေတာ္ အရင္က ေျပာခဲ့သလိုေပါ့၊ ကြၽန္ေတာ့္ ပထမဆုံးဂိုးကို သြင္းယူတဲ့အခ်ိန္မွာ ပြဲၾကည့္စင္မွာ လူအျပည့္ရွိေစခ်င္တယ္၊ သူတို႔ေတြနဲ႔အတူ ေအာင္ပြဲခံရတာက ပိုၿပီးေတာ့ ထူးျခားေစတယ္ေလ၊ ဒါေပမယ့္ အဆုံးသတ္မွာေတာ့ အေရးအႀကီးဆုံးအရာက ဘာလဲဆိုတာ ကြၽန္ေတာ္နားလည္ခဲ့တယ္။ ကြၽန္ေတာ့္ဂိုးနဲ႔ အသင္းႏိုင္ပြဲရခဲ့တာက အဓိကက်တဲ့ အရာပဲေလ၊

ကြၽန္ေတာ္အရမ္း ေက်နပ္ပါတယ္၊ ပရီးမီးယားလိဂ္မွာ ၂ပြဲ အႏိုင္မရခဲ့တဲ့ေနာက္ အခုလို ႏိုင္ပြဲျပန္ရတာက ဘယ္ေလာက္ အေရးႀကီးလဲဆိုတာ ကြၽန္ေတာ္တို႔ သိခဲ့တယ္၊ ဒီပြဲက တကယ္ကို ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေနာက္ကေန ျပန္လိုက္ကစားခဲ့ရတယ္၊ ဒါေၾကာင့္ အဆုံးသတ္မွာ ၃မွတ္ရတာကပဲ အဓိကလို႔ ထင္ပါတယ္၊

ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ ဦးေဆာင္ဂိုးသြင္းဖို႔ မျဖစ္မေန လိုအပ္ခဲ့တယ္ဆိုတာ သိခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔မွာ အခြင့္အေရးေတြ ရခဲ့တယ္၊ တစ္ဂိုးသြင္းခဲ့ေပမယ့္ ပယ္ဖ်က္ခံခဲ့ရတယ္၊ ဒါေပမယ့္ အဆုံးသတ္အထိ ယုံၾကည္မႈထားခဲ့ၿပီး ကံေကာင္းစြာနဲ႔ပဲ ၃မွတ္ ရယူႏိုင္ခဲ့ပါတယ္”လို ႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။