လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပုခုံးဒဏ်ရာကြောင့် အယ်လီဆန် မကစားနိုင်တဲ့ အချိန်တွေကို စောင့်ရတာက ပွဲ ၅၀ လောက် ကြာတယ်လို့တောင် ခံစားရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

အယ်လီဆန်ဟာ လေ့ကျင့်ရေးမှာ အသင်းဖော်က သူ့ကို ဖိမိရာကနေ ပုခုံးမှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာက ခွဲစိတ်မှုတွေ မလုပ်ရပေမယ့်လည်း နာကျင်မှုဒဏ် သက်သာလာဖို့ ၃ ပတ်လောက် အချိန်ယူခဲ့ရတာဖြစ်တယ်။ အယ်လီဆန် မပါဝင်ချိန်မှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရေးနိမ့်ခဲ့တာက လီဗာပူးအတွက် ခါးသီးတဲ့ရလဒ် ဖြစ်ခဲ့ပါတယ်။

ကလော့ပ်က ” ဒီအခြေအနေတွေမှာ အတ်ဒရီယန်က ကောင်းကောင်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လီဆန် ပြန်လာတာက ငါတို့အတွက် အရမ်းကို ကောင်းပြီး အသင်းအတွက် တကယ်ကို တွန်းအားကောင်းဖြစ်ပါတယ်။

သူ မကစားနိုင်ခဲ့တာ သုံးပတ်ဝန်းကျင်လောက် ရှိပါမယ်။ ငါထင်တယ် ဒီကာလတွေကို ငါတို့က ပွဲ ၅၀ လောက် သူ့ကို လက်လွတ်ရတယ်လို့တောင် ခံစားခဲ့ရတယ်။ အယ်လီက ‘ကျနော် ပြန်ကစားနိုင်ပြီ’ ဆိုပြီး အတည်ပြုပေးကို ကြားရတာက နားဝင်ချိုလွန်းလို့ ငါ့မှာ အရမ်းကို ပျော်ခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ပွဲကစားမလား မကစားဘူးလားဆိုတာ ကာယကံရှင်ဖြစ်တဲ့ သူက ဆုံးဖြတ်ပေးရမှာလေ။

ငါက အယ်လီ မင်း ကစားပေးရမယ်လို့ ဆုံးဖြတ်လို့ မရပါဘူး။ ‘မင်းကွင်းထဲ ဝင်ပေးမယ်ဆိုရင် အရမ်းနာမှာလား၊ ဒဏ်ရာက နာနေသေးလား၊ အခြေအနေ ဘယ်လိုလဲ?’ ဆိုတာလောက်ပဲ ငါ မေးလို့ရခဲ့တာ။ သူက ပြန်ကစားဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆုံးဖြတ်လိုက်ပြီး ပါဝင်ပေးခဲ့တာအတွက် ပျော်မိပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပုခံုးဒဏ္ရာေၾကာင့္ အယ္လီဆန္ မကစားႏုိင္တဲ့ အခ်ိန္ေတြကို ေစာင့္ရတာက ပြဲ ၅၀ ေလာက္ ၾကာတယ္လို႔ေတာင္ ခံစားရပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

အယ္လီဆန္ဟာ ေလ့က်င့္ေရးမွာ အသင္းေဖာ္က သူ႔ကို ဖိမိရာကေန ပုခံုးမွာ ဒဏ္ရာရခဲ့တာပါ။ ဒဏ္ရာက ခြဲစိတ္မႈေတြ မလုပ္ရေပမယ့္လည္း နာက်င္မႈဒဏ္ သက္သာလာဖို႔ ၃ ပတ္ေလာက္ အခ်ိန္ယူခဲ့ရတာျဖစ္တယ္။ အယ္လီဆန္ မပါဝင္ခ်ိန္မွာ အက္စတြန္ဗီလာကို ၇-၂ နဲ႔ အေရးနိမ့္ခဲ့တာက လီဗာပူးအတြက္ ခါးသီးတဲ့ရလဒ္ ျဖစ္ခဲ့ပါတယ္။

ကေလာ့ပ္က ” ဒီအေျခအေနေတြမွာ အတ္ဒရီယန္က ေကာင္းေကာင္း ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ အယ္လီဆန္ ျပန္လာတာက ငါတို႔အတြက္ အရမ္းကို ေကာင္းျပီး အသင္းအတြက္ တကယ္ကို တြန္းအားေကာင္းျဖစ္ပါတယ္။

သူ မကစားႏုိင္ခဲ့တာ သံုးပတ္ဝန္းက်င္ေလာက္ ရွိပါမယ္။ ငါထင္တယ္ ဒီကာလေတြကို ငါတို႔က ပြဲ ၅၀ ေလာက္ သူ႔ကို လက္လြတ္ရတယ္လို႔ေတာင္ ခံစားခဲ့ရတယ္။ အယ္လီက ‘က်ေနာ္ ျပန္ကစားႏုိင္ျပီ’ ဆိုျပီး အတည္ျပဳေပးကို ၾကားရတာက နားဝင္ခ်ိဳလြန္းလို႔ ငါ့မွာ အရမ္းကို ေပ်ာ္ခဲ့တာပါ။ ဘာလို႔လည္းဆိုေတာ့ ပြဲကစားမလား မကစားဘူးလားဆိုတာ ကာယကံရွင္ျဖစ္တဲ့ သူက ဆံုးျဖတ္ေပးရမွာေလ။

ငါက အယ္လီ မင္း ကစားေပးရမယ္လို႔ ဆံုးျဖတ္လို႔ မရပါဘူး။ ‘မင္းကြင္းထဲ ဝင္ေပးမယ္ဆိုရင္ အရမ္းနာမွာလား၊ ဒဏ္ရာက နာေနေသးလား၊ အေျခအေန ဘယ္လိုလဲ?’ ဆိုတာေလာက္ပဲ ငါ ေမးလို႔ရခဲ့တာ။ သူက ျပန္ကစားဖို႔ အဆင္သင့္ျဖစ္ျပီလို႔ ဆံုးျဖတ္လိုက္ျပီး ပါဝင္ေပးခဲ့တာအတြက္ ေပ်ာ္မိပါတယ္ ” လို႔ ကေလာ့ပ္က ဆိုခဲ့တာ ျဖစ္ပါတယ္။