လီဗာပူးဟာ ရှော်ကေးခံစစ်သမား ဂါဘက်ကို စိတ်ဝင်စားနေတဲ့ သတင်းတွေက ပိုမို ခိုင်မာလာခဲ့ပြီး ပြောင်းရွှေကြေးက ပေါင် သန်း ၂၀ ဝန်းကျင်မှာ ရှိနိုင်မယ်လို့ သိရတယ်။ ဒါပေမယ့် တရားဝင် ချိတ်ဆက်မှုတွေတော့ မရှိသေးပါဘူး။

မာဆေးဆိုဒ်ဒါဘီမှာ ဗန်ဒိုက်ကြောင့် ဒဏ်ရာရသွားတယ်လို့ အန်ဆယ်လော့တီ ထုတ်ပြောထားတဲ့ ဂျိမ်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ကြံ့ခိုင်မှု ကင်းကင်းနဲ့ ပွဲထွက် လူစာရင်းကနေကို ပါဝင်ကစားပါတယ်။

မာဆေးဆိုဒ်နဲ့ ဗြိတိန်မှ လီဗာပူးပရိသတ်တွေက ရှက်ဖီးနဲ့ပွဲကို PPV နဲ့ မကြည့်ဘဲ အဆိုပါအတွက် ပေးရမယ့် ၁၅ ပေါင်ကို စုဆောင်းကြရာ ပေါင် ၁ သိန်းနီးပါး ရခဲ့ပြီး ကလေးသူငယ်ဆိုင်ရာ အစားအသောက်ကိစ္စတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဂျိုတာဟာ အန်ဖီးကွင်းမှာ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ၂ ပွဲလုံးမှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က မာနေးပြီးနောက် ပထမဆုံး လုပ်နိုင်တဲ့ လီဗာပူးအသင်းသား ဖြစ်လာပါတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က ရှက်ဖီးနဲ့ပွဲကို အနိုင်ရပေမယ့်လို့ VAR ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့ ကိစ္စကို ပင်နယ်တီး ပေးရတာက မတရားခံခဲ့ရတာပါလို့ ဝေဖန်ခဲ့တယ်။

ရှက်ဖီးတိုက်စစ်မှူး ဘရူးစတားက အန်ဖီးကွင်းကို ပြန်လာရတာအတွက် ပျော်ရွှင်သလို အသင်းဖော်ဟောင်းတွေကို မြင်ရတာအတွက်လည်း ကျေနပ်မိတယ်လို့ ထုတ်ပြောခဲ့တယ်။

အန်ဖီးမှာ ဂိုးတွေသွင်းနေပေမယ့် အတူအောင်ပွဲခံဖို့ ပရိသတ်တွေ မရှိတဲ့ကာလမှာ ရရှိခဲ့တာဖြစ်သလို အပြည့်အဝတော့ မပျော်ရဘူးလို့ ဂျိုတာက ဝန်ခံခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပုခုံးဒဏ်ရာကြောင့် အယ်လီဆန် မကစားနိုင်တဲ့ အချိန်တွေကို စောင့်ရတာက ပွဲ ၅၀ လောက် ကြာတယ်လို့တောင် ခံစားရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်သမား ကော်တင်ညိုဟာ သူကိုယ်တိုင် မောင်းနေတဲ့ ကားရဲ့ ကားနံပါတ်ပြားကို LFC နာမည်နဲ့ သုံးစွဲနေဆဲဖြစ်ကြောင်း ကက်တလန်မြေမှ လီဗာပူးပရိသတ် တစ်ဦးက ဖော်ထုတ်လိုက်ပါတယ်။

ဇန်နဝါရီမှ ခံစစ်မှူးသစ်ရှာရင် ခက်ခဲမယ်ဆိုတာကို လီဗာပူးက နားလည်ထားကာ ဒီရာသီကို အရမ်းကြီး မခက်ခဲစေဖို့ ဇန်နဝါရီလ ၁ ရက်နေ့မှာတင် ဗဟိုခံစစ်သမားသစ် ရဖို့က ကလပ်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သိလာရပါတယ်။

VAR ဒိုင်လူကြီးက ဖာဘင်ညိုရဲ့ ဘောလုံးရှင်းထုတ်မှုက ဧရိယာအတွင်းစည်းလား အပြင်စည်းလားကို စစ်ဆေးခဲ့တဲ့အပြင် ပြစ်ဒဏ်ဘော ဟုတ်ရဲ့လား မဟုတ်ဘူးလားဆိုတာကိုပါ စစ်ဆေးခဲ့ပြီးမှ ပင်နယ်တီအဖြစ် သက်မှတ်တာပါလို့ အကြောင်းပြန်ကြောင်း The Athletic က ဖော်ပြတယ်။

ZAWGYI

လီဗာပူးဟာ ေရွာ္ေကးခံစစ္သမား ဂါဘက္ကို စိတ္ဝင္စားေနတဲ့ သတင္းေတြက ပိုမို ခိုင္မာလာခဲ့ျပီး ေျပာင္းေရႊေၾကးက ေပါင္ သန္း ၂၀ ဝန္းက်င္မွာ ရွိႏုိင္မယ္လို႔ သိရတယ္။ ဒါေပမယ့္ တရားဝင္ ခ်ိတ္ဆက္မႈေတြေတာ့ မရွိေသးပါဘူး။

မာေဆးဆိုဒ္ဒါဘီမွာ ဗန္ဒိုက္ေၾကာင့္ ဒဏ္ရာရသြားတယ္လို႔ အန္ဆယ္ေလာ့တီ ထုတ္ေျပာထားတဲ့ ဂ်ိမ္းဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ၾကံ႕ခိုင္မႈ ကင္းကင္းနဲ႔ ပြဲထြက္ လူစာရင္းကေနကို ပါဝင္ကစားပါတယ္။

မာေဆးဆိုဒ္နဲ႔ ျဗိတိန္မွ လီဗာပူးပရိသတ္ေတြက ရွက္ဖီးနဲ႔ပြဲကို PPV နဲ႔ မၾကည့္ဘဲ အဆိုပါအတြက္ ေပးရမယ့္ ၁၅ ေပါင္ကို စုေဆာင္းၾကရာ ေပါင္ ၁ သိန္းနီးပါး ရခဲ့ျပီး ကေလးသူငယ္ဆုိင္ရာ အစားအေသာက္ကိစၥေတြအတြက္ လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရွက္ဖီးနဲ႔ပြဲကို အႏုိင္ရေပမယ့္လို႔ VAR ဆံုးျဖတ္ခ်က္ကို မေက်နပ္ဘဲ ျပစ္ဒဏ္ေဘာေတာင္ မေပးသင့္တဲ့ ကိစၥကို ပင္နယ္တီး ေပးရတာက မတရားခံခဲ့ရတာပါလို႔ ေဝဖန္ခဲ့တယ္။

ဂ်ိဳတာဟာ အန္ဖီးကြင္းမွာ ပါဝင္ကစားခြင့္ရတဲ့ ပထမဆုံးေသာ ပရီးမီးယားလိဂ္ ၂ ပြဲလုံးမွာ သြင္းဂိုးေတြ ရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္က မာေနးၿပီးေနာက္ ပထမဆုံး လုပ္ႏိုင္တဲ့ လီဗာပူးအသင္းသား ျဖစ္လာပါတယ္။

ရွက္ဖီးတိုက္စစ္မွဴး ဘရူးစတားက အန္ဖီးကြင္းကို ျပန္လာရတာအတြက္ ေပ်ာ္ရႊင္သလို အသင္းေဖာ္ေဟာင္းေတြကို ျမင္ရတာအတြက္လည္း ေက်နပ္မိတယ္လို႔ ထုတ္ေျပာခဲ့တယ္။

အန္ဖီးမွာ ဂိုးေတြသြင္းေနေပမယ့္ အတူေအာင္ပြဲခံဖို႔ ပရိသတ္ေတြ မရွိတဲ့ကာလမွာ ရရွိခဲ့တာျဖစ္သလို အျပည့္အဝေတာ့ မေပ်ာ္ရဘူးလို႔ ဂ်ိဳတာက ဝန္ခံခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပုခံုးဒဏ္ရာေၾကာင့္ အယ္လီဆန္ မကစားႏုိင္တဲ့ အခ်ိန္ေတြကို ေစာင့္ရတာက ပြဲ ၅၀ ေလာက္ ၾကာတယ္လို႔ေတာင္ ခံစားရပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဘာစီလိုနာ တိုက္စစ္သမား ေကာ္တင္ညိဳဟာ သူကိုယ္တိုင္ ေမာင္းေနတဲ့ ကားရဲ႕ ကားနံပါတ္ျပားကို LFC နာမည္နဲ႔ သံုးစြဲေနဆဲျဖစ္ေၾကာင္း ကက္တလန္ေျမမွ လီဗာပူးပရိသတ္ တစ္ဦးက ေဖာ္ထုတ္လုိက္ပါတယ္။

ဇန္နဝါရီမွ ခံစစ္မွဴးသစ္ရွာရင္ ခက္ခဲမယ္ဆိုတာကို လီဗာပူးက နားလည္ထားကာ ဒီရာသီကို အရမ္းၾကီး မခက္ခဲေစဖို႔ ဇန္နဝါရီလ ၁ ရက္ေန႔မွာတင္ ဗဟိုခံစစ္သမားသစ္ ရဖို႔က ကလပ္ရဲ႕ ရည္ရြယ္ခ်က္ျဖစ္တယ္လို႔ သိလာရပါတယ္။

VAR ဒိုင္လူၾကီးက ဖာဘင္ညိဳရဲ႕ ေဘာလံုးရွင္းထုတ္မႈက ဧရိယာအတြင္းစည္းလား အျပင္စည္းလားကို စစ္ေဆးခဲ့တဲ့အျပင္ ျပစ္ဒဏ္ေဘာ ဟုတ္ရဲ႕လား မဟုတ္ဘူးလားဆိုတာကိုပါ စစ္ေဆးခဲ့ျပီးမွ ပင္နယ္တီအျဖစ္ သက္မွတ္တာပါလို႔ အေၾကာင္းျပန္ေၾကာင္း The Athletic က ေဖာ္ျပတယ္။