ဆောက်သမ်တန်နဲ့ပွဲမှာ အစွန်သမား လူးကပ်ဒင်းကို တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့တာက လီဗာပူးနဲ့ပွဲက ဖိအားတွေကြောင့်လို့ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက စွပ်စွဲပြောဆိုမှု လုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာ အဲဗာတန်ကစားသမားက ဆောက်သမ်တန် ခံစစ်သမားကို ဘောလုံးဆွဲပြေးနေစဉ် နောက်ကနေ တက်နင်းခဲ့တာပါ။ အငြင်းပွားဖွယ် ဒီဖြစ်ရပ်မှာတော့ ဒင်းက အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အဲဗာတန်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ကစားပုံ အညစ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ အဆိုပါဖြစ်ရပ်ကို မကျေနပ်ဘဲ ပွဲအပြီးမှာတော့ ဒင်းကိစ္စကို အယူခံဝင်မှာ ဖြစ်ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ဟာ လီဗာပူးနဲ့ပွဲက ဖြစ်ရပ်တွေကြောင့် ပိုမို ဆုံးဖြတ်ခဲ့တာလို့ ဝေဖန်ခဲ့တယ်။ မာဆေးဆိုဒ်ဒါဘီမှာတော့ အဲဗာတန် ကစားသမားတွေဖြစ်တဲ့ ပစ်ဖိုဒ့်နဲ့ ရစ်ချာလီဆန်တို့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေ လုပ်ခဲ့ကာ ဗန်ဒိုက် ကာလရှည် နားခဲ့ရပြီး သီယာဂိုလည်း ပွဲထွက်ကစားမှု မလုပ်နိုင်သေးပါဘူး။

လူးကပ် ဒင်းရဲ့ အနီကဒ်နဲ့ ပက်သက်ပြီး အန်ဆယ်လော့တီက ” အနီကဒ်ကတော့ တကယ်ကို ဟာသပါကွာ။ ဒါက ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာမှ မဟုတ်တာ၊ ကြမ်းတမ်းစွာ ကစားလိုတာကြောင့် မဟုတ်ဘူးဆိုတာ သေချာပါတယ်။

လီဗာပူးနဲ့ပွဲက ပစ်ဖိုဒ့်ရဲ့ ကိစ္စ၊ ရစ်ချာလီဆန်ရဲ့ ကိစ္စတွေကြောင့် တစ်ပတ်လုံး စကားပြောထားရတာတွေက ဒီဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ထင်ပါတယ်။ အဲ့လိုဆိုရင်တော့ မမှန်ပါဘူး၊ ဒါက မမျှတပါဘူး။ ငါတို့ သေချာပေါက် အယူခံဝင်မှာပါ ” လို့ ထုတ်ပြောခဲ့တယ်။

အဲဗာတန်ဟာ ရစ်ချာလီဆန်ကိုလည်း အနီကဒ်ကြောင့် မသုံးနိုင်ချိန်မှာ အရေးပါတဲ့ ဒင်းကိုလည်း လက်လွတ်ရတာဖြစ်တယ်။ လက်ရှိမှာတော့ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက် နှစ်သင်းလုံးက ရမှတ်တူတွေဖြင့် အဆင့် ၁ နဲ့ အဆင့် ၂ နေရာတွေမှာ ရပ်တည်နေပါတယ်။

ZAWGYI

ေဆာက္သမ္တန္နဲ႔ပြဲမွာ အစြန္သမား လူးကပ္ဒင္းကို တိုက္ရိုက္အနီျဖင့္ ထုတ္ပယ္ခဲ့တာက လီဗာပူးနဲ႔ပြဲက ဖိအားေတြေၾကာင့္လို႔ အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက စြပ္စြဲေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

အဆိုပါပြဲမွာ အဲဗာတန္ကစားသမားက ေဆာက္သမ္တန္ ခံစစ္သမားကို ေဘာလံုးဆြဲေျပးေနစဥ္ ေနာက္ကေန တက္နင္းခဲ့တာပါ။ အျငင္းပြားဖြယ္ ဒီျဖစ္ရပ္မွာေတာ့ ဒင္းက အနီကဒ္နဲ႔ ထုတ္ပယ္ခံခဲ့ရျပီး အဲဗာတန္ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ကစားပံု အညစ္ဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အန္ဆယ္ေလာ့တီကေတာ့ အဆိုပါျဖစ္ရပ္ကို မေက်နပ္ဘဲ ပြဲအျပီးမွာေတာ့ ဒင္းကိစၥကို အယူခံဝင္မွာ ျဖစ္ေၾကာင္းနဲ႔ ဒီဆံုးျဖတ္ခ်က္ဟာ လီဗာပူးနဲ႔ပြဲက ျဖစ္ရပ္ေတြေၾကာင့္ ပိုမို ဆံုးျဖတ္ခဲ့တာလို႔ ေဝဖန္ခဲ့တယ္။ မာေဆးဆိုဒ္ဒါဘီမွာေတာ့ အဲဗာတန္ ကစားသမားေတြျဖစ္တဲ့ ပစ္ဖိုဒ့္နဲ႔ ရစ္ခ်ာလီဆန္တို႔ ၾကမ္းတမ္းတဲ့ ျဖတ္ထုတ္မႈေတြ လုပ္ခဲ့ကာ ဗန္ဒိုက္ ကာလရွည္ နားခဲ့ရျပီး သီယာဂိုလည္း ပြဲထြက္ကစားမႈ မလုပ္ႏုိင္ေသးပါဘူး။

လူးကပ္ ဒင္းရဲ႕ အနီကဒ္နဲ႔ ပက္သက္ျပီး အန္ဆယ္ေလာ့တီက ” အနီကဒ္ကေတာ့ တကယ္ကို ဟာသပါကြာ။ ဒါက ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္တာမွ မဟုတ္တာ၊ ၾကမ္းတမ္းစြာ ကစားလိုတာေၾကာင့္ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။

လီဗာပူးနဲ႔ပြဲက ပစ္ဖိုဒ့္ရဲ႕ ကိစၥ၊ ရစ္ခ်ာလီဆန္ရဲ႕ ကိစၥေတြေၾကာင့္ တစ္ပတ္လံုး စကားေျပာထားရတာေတြက ဒီဆံုးျဖတ္ခ်က္ေတြအေပၚ သက္ေရာက္မႈရွိခဲ့တယ္လို႔ ထင္ပါတယ္။ အဲ့လိုဆိုရင္ေတာ့ မမွန္ပါဘူး၊ ဒါက မမွ်တပါဘူး။ ငါတို႔ ေသခ်ာေပါက္ အယူခံဝင္မွာပါ ” လို႔ ထုတ္ေျပာခဲ့တယ္။

အဲဗာတန္ဟာ ရစ္ခ်ာလီဆန္ကိုလည္း အနီကဒ္ေၾကာင့္ မသံုးႏုိင္ခ်ိန္မွာ အေရးပါတဲ့ ဒင္းကိုလည္း လက္လြတ္ရတာျဖစ္တယ္။ လက္ရွိမွာေတာ့ မာေဆးဆိုဒ္ ဒါဘီျပိဳင္ဘက္ ႏွစ္သင္းလံုးက ရမွတ္တူေတြျဖင့္ အဆင့္ ၁ နဲ႔ အဆင့္ ၂ ေနရာေတြမွာ ရပ္တည္ေနပါတယ္။