တနင်္ဂနွေနေ့က လိုင်ယွန်ရဲ့ အမှတ်ပေးပွဲမှာ တိုက်စစ်သမား ဒီပေးက ဂိုးသွင်းယူပြီးနောက် ကင်မရာတွေဘက်ကို လှည့်လာကာ ဗန်ဒိုက်ကို မက်ဆေ့ပေးမှု ပြုလုပ်သွားပါတယ်။

အရင်အပတ်က အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်နဲ့ ထိခိုက်မိတဲ့ ဒဏ်ရာကြောင့် ဗန်ဒိုက်ရဲ့ ညာဘက်ဒူး ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာက ပြင်းထန်နိုင်ပြီး ရာသီဝက်မှာ ပြန်လည်ကစားနိုင်ဖို့ထက် ယူရိုပြိုင်ပွဲကို မလွဲဖို့၊ နောက်ရာသီ ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်ဖို့ကိုတော့ စိတ်ပူနေရတဲ့ အနေအထား ဖြစ်ပါတယ်။

နယ်သာလန်အသင်းဖော်ဖြစ်တဲ့ ဒီပေးက ပွဲအစ ၁၂ မိနစ်မှာတင် ဂိုးရယူပြီးတဲ့နောက် သူ့ရဲ့ တီရှပ်အောက်မှာ ရေးထားတဲ့ ‘ ဗာဂျယ် အားတင်းထားပါ ငါ့အကို’ ဆိုတဲ့ စာသားနဲ့အတူ ဗန်ဒိုက်ကို အားပေးခဲ့တာဖြစ်တယ်။

ဗန်ဒိုက်ရဲ့ ဖြစ်ရပ်အတွက် လီဗာပူးက အက်ဖ်အေကို တိုင်ကြား တောင်းဆိုမှုတွေ ရှိပေမယ့်လည်း အကူအညီ မရခဲ့ပါဘူး။ ကစားသမားတစ်ယောက် ဘဝတုံးသွားနိုင်တဲ့ ဖြစ်ရပ်အတွက် မည်သူကမှ အကူအညီ မပေးသလို ပြိုင်ဘက်အသင်း အားပေးသူ အများအပြားက ဗန်ဒိုက် ဒဏ်ရာရသွားခြင်းကို ပျော်ရွှင်စွာ အောင်ပွဲခံနေခဲ့ကြတာပါ။

လီဗာပူးဟာ လက်ရှိမှာတော့ ဗန်ဒိုက်နေရာအတွက် ကွင်းလယ်လူ ဖာဘင်ညိုကို နေရာပြောင်း ကစားနေစေတယ်။ ဇန်နဝါရီမှာလည်း ခံစစ်သမားသစ်ရဖို့ ကြိုးစားနေပြီး ရှော်ကေး ခံစစ်သမား ဂါဘက်ကို ချိတ်ဆက်နေမှုတွေ ရှိနေပါတယ်။

ဗန်ဒိုက် မပါနိုင်ခဲ့တဲ့နောက် အေဂျက်၊ ရှက်ဖီးပွဲတွေကို အနိုင်ရအောင် ကစားထားပြီး အသင်းဖော်တွေကတော့ နယ်သာလန်သားကို ဆုဖလားတွေနဲ့ လက်ဆောင်ပြန်ပေးနိုင်ဖို့ ကြိုးစားလိုနေတာ ဖြစ်ပါတယ်။

ZAWGYI

တနဂၤေႏြေန႔က လိုင္ယြန္ရဲ႕ အမွတ္ေပးပြဲမွာ တိုက္စစ္သမား ဒီေပးက ဂိုးသြင္းယူျပီးေနာက္ ကင္မရာေတြဘက္ကို လွည့္လာကာ ဗန္ဒိုက္ကို မက္ေဆ့ေပးမႈ ျပဳလုပ္သြားပါတယ္။

အရင္အပတ္က အဲဗာတန္ဂိုးသမား ပစ္ဖိုဒ့္နဲ႔ ထိခုိက္မိတဲ့ ဒဏ္ရာေၾကာင့္ ဗန္ဒိုက္ရဲ႕ ညာဘက္ဒူး ဒဏ္ရာရခဲ့တာပါ။ ဒဏ္ရာက ျပင္းထန္ႏုိင္ျပီး ရာသီဝက္မွာ ျပန္လည္ကစားႏုိင္ဖို႔ထက္ ယူရိုျပိဳင္ပြဲကို မလြဲဖို႔၊ ေနာက္ရာသီ ရာသီၾကိဳ ျပင္ဆင္မႈမွာ ပါဝင္ဖို႔ကိုေတာ့ စိတ္ပူေနရတဲ့ အေနအထား ျဖစ္ပါတယ္။

နယ္သာလန္အသင္းေဖာ္ျဖစ္တဲ့ ဒီေပးက ပြဲအစ ၁၂ မိနစ္မွာတင္ ဂိုးရယူျပီးတဲ့ေနာက္ သူ႔ရဲ႕ တီရွပ္ေအာက္မွာ ေရးထားတဲ့ ‘ ဗာဂ်ယ္ အားတင္းထားပါ ငါ့အကို’ ဆိုတဲ့ စာသားနဲ႔အတူ ဗန္ဒိုက္ကို အားေပးခဲ့တာျဖစ္တယ္။

ဗန္ဒိုက္ရဲ႕ ျဖစ္ရပ္အတြက္ လီဗာပူးက အက္ဖ္ေအကို တိုင္ၾကား ေတာင္းဆိုမႈေတြ ရွိေပမယ့္လည္း အကူအညီ မရခဲ့ပါဘူး။ ကစားသမားတစ္ေယာက္ ဘဝတံုးသြားႏုိင္တဲ့ ျဖစ္ရပ္အတြက္ မည္သူကမွ အကူအညီ မေပးသလို ျပိဳင္ဘက္အသင္း အားေပးသူ အမ်ားအျပားက ဗန္ဒိုက္ ဒဏ္ရာရသြားျခင္းကို ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံေနခဲ့ၾကတာပါ။

လီဗာပူးဟာ လက္ရွိမွာေတာ့ ဗန္ဒိုက္ေနရာအတြက္ ကြင္းလယ္လူ ဖာဘင္ညိဳကို ေနရာေျပာင္း ကစားေနေစတယ္။ ဇန္နဝါရီမွာလည္း ခံစစ္သမားသစ္ရဖို႔ ၾကိဳးစားေနျပီး ေရွာ္ေကး ခံစစ္သမား ဂါဘက္ကို ခ်ိတ္ဆက္ေနမႈေတြ ရွိေနပါတယ္။

ဗန္ဒိုက္ မပါႏုိင္ခဲ့တဲ့ေနာက္ ေအဂ်က္၊ ရွက္ဖီးပြဲေတြကို အႏုိင္ရေအာင္ ကစားထားျပီး အသင္းေဖာ္ေတြကေတာ့ နယ္သာလန္သားကို ဆုဖလားေတြနဲ႔ လက္ေဆာင္ျပန္ေပးႏုိင္ဖို႔ ၾကိဳးစားလိုေနတာ ျဖစ္ပါတယ္။