စပါးမန်နေဂျာ မော်ရင်ညိုက မာဆေးဆိုဒ်ဒါဘီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာ လီဗာပူးနဲ့ ကလော့ပ်ဘက်က ရပ်တည်သွားပါတယ်။

လီဗာပူးအသင်းက VAR က မှားယွင်းတဲ့ ဆုံးဖြတ်မှု လုပ်ခဲ့ခြင်းအပေါ် ဖြေရှင်းချက်ပေးဖို့ အက်ဖ်အေကို တောင်းဆိုခဲ့ပေမယ့် သင့်လျော်တဲ့ အကြောင်းပြန်မှု မရခဲ့ဘူး။ မန်နေဂျာကလော့ပ်ကလည်း အဲဗာတန်နဲ့ ရှက်ဖီးပွဲတွေမှာ ဆက်တိုက် ရရှိခဲ့တဲ့ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တွေအတွက် VAR ကို မတရားမှုအဖြစ်ပါ ကင်ပွန်းတပ်ခဲ့တယ်။

မော်ရင်ညိုက သူဟာ လူသားဆန်တဲ့ ကွင်းလယ်ဒိုင်ရဲ့ အမှားလုပ်မိမှုတွေကို လက်ခံပေးနိုင်ကြောင်းနဲ့ ဒါပေမယ့်လို့ ကင်မရာရှုထောင့်ပေါင်း များစွာက သုံးသပ်မှု လုပ်နေရတဲ့ VAR ဒိုင်လူကြီးတွေရဲ့ အမှားကိုတော့ လက်ခံပေးလို့ မရဘူးဆိုပြီး လီဗာပူးနဲ့အတူ ရပ်တည်သွားတာဖြစ်တယ်။

မော်ရင်ညိုက “ မတော်တဆမှုတွေကို ပြန်လည်း သုံးသပ်မှုတွေမှာ လူတွေရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတာက ဒီနေရာမှာ VAR ရှိလာပြီ ဖြစ်လို့ပါပဲ။ အကယ်လိ့ VAR မရှိဘူးဆိုရင် ကွင်းထဲမှာ ကွင်းလယ်ဒိုင်က လူသားဆန်တဲ့ အမှားတွေကို လုပ်လိုက်တာဆိုပြီး လက်ခံလို့ရပါတယ်။

ကုန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကွင်းထဲမှာ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော် လက်ခံပေးဖို့ ခက်ခဲခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာက ဒိုင်လူကြီးတွေရဲ့ အမှားကို အမြဲတမ်း လက်ခံပေးခဲ့တာပါပဲ။

VAR က အမှားတွေ လုပ်လာတာကိုတော့ ကျနော်တို့ လက်ခံပေးလို့ မရပါဘူး။ မာဆေးဆိုဒ်ဒါဘီမှာ ကွင်းထဲ ဒိုင်လူကြီးရှိနေမယ်ဆိုရင် ပွဲရဲ့ မြန်နှုန်းအရ ကိစ္စတွေက ဖြစ်သွားနိုင်ပါတယ်။ လူတိုင်းကလည်း ဖြတ်ထုတ်မှုက ကြမ်းပေမယ့် ပြီးတာလည်း ပြီးသွားပါပြီဆိုပြီး လက်ခံပေးလို့ရပါတယ်။

ပြဿနာက ကွင်းထဲမှာ VAR ရှိနေခဲ့တာပါ။ အကယ်လို့ ဒိုင်လူကြီးက အမှား လုပ်မိတယ်ဆိုရင် ပွဲရဲ့ မြန်နှုန်းကြောင့်ဆိုတာ လက်ခံပေးလို့ရပေမယ့် အခုက ကွင်းထဲမှာ VAR ရှိနေတယ်။ VAR က ဘယ်လိုတောင် အမှားတွေကို ခွင့်ပြုနိုင်ရတာလဲ? ကျနော်အတွက်တော့ ပစ်ဖိုဒ့်ရဲ့ ကိစ္စမှာလည်း အတူတူပါပဲ။ ဒါက VAR က ဆုံးဖြတ်တာပါ၊ ကွင်းလယ်ဒိုင်လူကြီး မဟုတ်ပါဘူး။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက မာေဆးဆိုဒ္ဒါဘီမွာ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွာ လီဗာပူးနဲ႔ ကေလာ့ပ္ဘက္က ရပ္တည္သြားပါတယ္။

လီဗာပူးအသင္းက VAR က မွားယြင္းတဲ့ ဆံုးျဖတ္မႈ လုပ္ခဲ့ျခင္းအေပၚ ေျဖရွင္းခ်က္ေပးဖို႔ အက္ဖ္ေအကို ေတာင္းဆိုခဲ့ေပမယ့္ သင့္ေလ်ာ္တဲ့ အေၾကာင္းျပန္မႈ မရခဲ့ဘူး။ မန္ေနဂ်ာကေလာ့ပ္ကလည္း အဲဗာတန္နဲ႔ ရွက္ဖီးပြဲေတြမွာ ဆက္တိုက္ ရရွိခဲ့တဲ့ အံ့အားသင့္ဖြယ္ ဆံုးျဖတ္ခ်က္ေတြအတြက္ VAR ကို မတရားမႈအျဖစ္ပါ ကင္ပြန္းတပ္ခဲ့တယ္။

ေမာ္ရင္ညိဳက သူဟာ လူသားဆန္တဲ့ ကြင္းလယ္ဒိုင္ရဲ႕ အမွားလုပ္မိမႈေတြကို လက္ခံေပးႏုိင္ေၾကာင္းနဲ႔ ဒါေပမယ့္လို႔ ကင္မရာရႈေထာင့္ေပါင္း မ်ားစြာက သံုးသပ္မႈ လုပ္ေနရတဲ့ VAR ဒိုင္လူၾကီးေတြရဲ႕ အမွားကိုေတာ့ လက္ခံေပးလို႔ မရဘူးဆိုျပီး လီဗာပူးနဲ႔အတူ ရပ္တည္သြားတာျဖစ္တယ္။

ေမာ္ရင္ညိဳက “ မေတာ္တဆမႈေတြကို ျပန္လည္း သံုးသပ္မႈေတြမွာ လူေတြရဲ႕ စိတ္ဝင္စားမႈေတြ ျမင့္တက္လာတာက ဒီေနရာမွာ VAR ရွိလာျပီ ျဖစ္လို႔ပါပဲ။ အကယ္လိ႔ VAR မရွိဘူးဆိုရင္ ကြင္းထဲမွာ ကြင္းလယ္ဒိုင္က လူသားဆန္တဲ့ အမွားေတြကို လုပ္လိုက္တာဆိုျပီး လက္ခံလို႔ရပါတယ္။

ကုန္ခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ကြင္းထဲမွာ ကြင္းလယ္ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ကို က်ေနာ္ လက္ခံေပးဖို႔ ခက္ခဲခဲ့တာေတြ ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္ ေျပာႏုိင္တာက ဒိုင္လူၾကီးေတြရဲ႕ အမွားကို အျမဲတမ္း လက္ခံေပးခဲ့တာပါပဲ။

VAR က အမွားေတြ လုပ္လာတာကိုေတာ့ က်ေနာ္တို႔ လက္ခံေပးလို႔ မရပါဘူး။ မာေဆးဆိုဒ္ဒါဘီမွာ ကြင္းထဲ ဒိုင္လူၾကီးရွိေနမယ္ဆိုရင္ ပြဲရဲ႕ ျမန္ႏႈန္းအရ ကိစၥေတြက ျဖစ္သြားႏုိင္ပါတယ္။ လူတိုင္းကလည္း ျဖတ္ထုတ္မႈက ၾကမ္းေပမယ့္ ျပီးတာလည္း ျပီးသြားပါျပီဆိုျပီး လက္ခံေပးလို႔ရပါတယ္။

ျပႆနာက ကြင္းထဲမွာ VAR ရွိေနခဲ့တာပါ။ အကယ္လို႔ ဒိုင္လူၾကီးက အမွား လုပ္မိတယ္ဆိုရင္ ပြဲရဲ႕ ျမန္ႏႈန္းေၾကာင့္ဆိုတာ လက္ခံေပးလို႔ရေပမယ့္ အခုက ကြင္းထဲမွာ VAR ရွိေနတယ္။ VAR က ဘယ္လိုေတာင္ အမွားေတြကို ခြင့္ျပဳႏုိင္ရတာလဲ? က်ေနာ္အတြက္ေတာ့ ပစ္ဖိုဒ့္ရဲ႕ ကိစၥမွာလည္း အတူတူပါပဲ။ ဒါက VAR က ဆံုးျဖတ္တာပါ၊ ကြင္းလယ္ဒိုင္လူၾကီး မဟုတ္ပါဘူး။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။