လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက ဒီရာသီမှာ သီယာဂိုကို ခေါ်ယူခဲ့တာက ကွင်းလယ်မှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်စေမယ်ဆိုတာ နားလည်ပေမယ့် အသင်းအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်မှုလို့ ပြောဆိုပါတယ်။

ဖာဘင်ညိုက ” ကွင်းလယ်မှာ နေရာပြိုင်ဆိုင်မှုက အရမ်းကို ပြင်းထန်လာတယ်ဆိုတာ မှန်ပါတယ်။ အသင်းကို ကျနော် ရောက်လာကတည်းက ပွဲအများအပြားမှာ မန်နေဂျာက အလှည့်ကျပုံစံတွေကို ကစားစေတာပါ။

ပွဲတွေနဲ့ ပက်သက်လို့ ဘယ်ကစားသမားက သက်ရောက်မှု အကြီးဆုံးဖြစ်မလဲ၊ ဘယ်သူတွေက ပွဲမှာ လှုပ်အားနှုန်း အမြင့်ဆုံး ကစားပေးနိုင်မလဲဆိုတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

ကျနေ်ာတို့ လူစာရင်းက တောင့်တင်းပါတယ်။ ဒါပေမယ့် အရည်အချင်းရှိ ကစားသမားတွေကို လက်မှတ်ထိုးလိုက်တာက အသင်းကို ပိုမို အင်အားကောင်းလာစေတယ်။ သီယာဂို ရောက်လာတာက အရမ်းကို အကောင်းမြင်စရာ ကောင်းပါတယ်။

မနှစ်တုန်းက ဘိုင်ယန်မြူးနစ်မှာ သူက အရမ်းကို ကောင်းပြခဲ့တယ်။ သူက သူအောင်မြင်ခဲ့တဲ့ ကိစ္စတိုင်းအတွက် ယုံကြည်မှုရှိပြီး လုံ့ဆော်နိုင်တဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်တယ်။ ကျနေ်ာတို့ အသင်းအတွက် အသင်းမှာ အရင်က မရှိခဲ့တဲ့ အရည်အချင်းတွေကို အားဖြည့်ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဘောလုံးပေးနိုင်စွမ်းက သိပ်ကို ထူးခြားလွန်းပါတယ်။ လိုင်းတွေကြားမှာ ဘောလုံးကို ကောင်းမွန်စွာ လက်ခံရယူပြီး ကောင်းကောင်းလုပ်ပြနိုင်သူ တစ်ဦးဖြစ်တယ်။ ဒီတော့ သူရောက်လာတာနဲ့ ဂျိုတာ ရောက်လာတာက ကျနေ်ာတို့အတွက် အရမ်းကို အရေးပါတယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဟာ လီဗာပူးရဲ့ စွမ်းဆောင်ရည်အပေး တိုက်ရိုက် သက်ရောက်မှုက မကြီးသေးပါဘူး။ သူအသင်းကို ရောက်လာပြီးနောက် ၄၅ မိနစ်ပဲ ကစားခဲ့ရကာ ကိုဗစ်ကြောင့် အနားယူခဲ့ရပြီး အဲဗာတန်နဲ့ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တယ်။ ဒါပေမယ့်လို့ သီယာဂိုကို ခေါ်ယူနိုင်တာက လီဗာပူးအသင်းရဲ့ စိတ်ဓါတ်ပိုင်းကိုတော့ လွှမ်းမိုးမှု ကြီးမားခဲ့ပါတယ်။

ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးကို ခေါ်ယူနိုင်ခဲ့တာကြောင့် လီဗာပူးရဲ့ အားနည်းချက်တွေက လျော့နည်းလာခဲ့ပြီး ဖန်တီးမှုရှိတဲ့ ကွင်းလယ်ပိုင်းအတွက်ပါ မျှော်လင့်လို့ ရလာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳက ဒီရာသီမွာ သီယာဂိုကို ေခၚယူခဲ့တာက ကြင္းလယ္မွာ ျပိဳင္ဆိုင္မႈ ပိုျပင္းထန္ေစမယ္ဆိုတာ နားလည္ေပမယ့္ အသင္းအတြက္ ေကာင္းမြန္တဲ့ အင္အားျဖည့္မႈလို႔ ေျပာဆိုပါတယ္။

ဖာဘင္ညိဳက ” ကြင္းလယ္မွာ ေနရာျပိဳင္ဆိုင္မႈက အရမ္းကို ျပင္းထန္လာတယ္ဆိုတာ မွန္ပါတယ္။ အသင္းကို က်ေနာ္ ေရာက္လာကတည္းက ပြဲအမ်ားအျပားမွာ မန္ေနဂ်ာက အလွည့္က်ပံုစံေတြကို ကစားေစတာပါ။

ပြဲေတြနဲ႔ ပက္သက္လို႔ ဘယ္ကစားသမားက သက္ေရာက္မႈ အၾကီးဆံုးျဖစ္မလဲ၊ ဘယ္သူေတြက ပြဲမွာ လႈပ္အားႏႈန္း အျမင့္ဆံုး ကစားေပးႏုိင္မလဲဆိုတဲ့ အခ်က္ေတြေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

က်ေန္ာတို႔ လူစာရင္းက ေတာင့္တင္းပါတယ္။ ဒါေပမယ့္ အရည္အခ်င္းရွိ ကစားသမားေတြကို လက္မွတ္ထိုးလိုက္တာက အသင္းကို ပိုမို အင္အားေကာင္းလာေစတယ္။ သီယာဂို ေရာက္လာတာက အရမ္းကို အေကာင္းျမင္စရာ ေကာင္းပါတယ္။

မႏွစ္တုန္းက ဘိုင္ယန္ျမဴးနစ္မွာ သူက အရမ္းကို ေကာင္းျပခဲ့တယ္။ သူက သူေအာင္ျမင္ခဲ့တဲ့ ကိစၥတိုင္းအတြက္ ယံုၾကည္မႈရွိျပီး လံု႔ေဆာ္ႏုိင္တဲ့ ဝါရင့္ကစားသမားတစ္ဦးျဖစ္တယ္။ က်ေန္ာတို႔ အသင္းအတြက္ အသင္းမွာ အရင္က မရွိခဲ့တဲ့ အရည္အခ်င္းေတြကို အားျဖည့္ေပးႏုိင္မယ့္သူ ျဖစ္ပါတယ္။

သူ႔ရဲ႕ ေဘာလံုးေပးႏုိင္စြမ္းက သိပ္ကို ထူးျခားလြန္းပါတယ္။ လိုင္းေတြၾကားမွာ ေဘာလံုးကို ေကာင္းမြန္စြာ လက္ခံရယူျပီး ေကာင္းေကာင္းလုပ္ျပႏုိင္သူ တစ္ဦးျဖစ္တယ္။ ဒီေတာ့ သူေရာက္လာတာနဲ႔ ဂ်ိဳတာ ေရာက္လာတာက က်ေန္ာတို႔အတြက္ အရမ္းကို အေရးပါတယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သီယာဂိုဟာ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္အေပး တိုက္ရိုက္ သက္ေရာက္မႈက မၾကီးေသးပါဘူး။ သူအသင္းကို ေရာက္လာျပီးေနာက္ ၄၅ မိနစ္ပဲ ကစားခဲ့ရကာ ကိုဗစ္ေၾကာင့္ အနားယူခဲ့ရျပီး အဲဗာတန္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ ကစားခဲ့တယ္။ ဒါေပမယ့္လို႔ သီယာဂိုကို ေခၚယူႏုိင္တာက လီဗာပူးအသင္းရဲ႕ စိတ္ဓါတ္ပိုင္းကိုေတာ့ လႊမ္းမိုးမႈ ၾကီးမားခဲ့ပါတယ္။

ကမၻာအေကာင္းဆံုး ကြင္းလယ္လူေတြထဲက တစ္ဦးကို ေခၚယူႏုိင္ခဲ့တာေၾကာင့္ လီဗာပူးရဲ႕ အားနည္းခ်က္ေတြက ေလ်ာ့နည္းလာခဲ့ျပီး ဖန္တီးမႈရွိတဲ့ ကြင္းလယ္ပိုင္းအတြက္ပါ ေမွ်ာ္လင့္လို႔ ရလာခဲ့ျပီ ျဖစ္ပါတယ္။