လီဗာပူးအသင်းဟာ လာမယ့်လမှာပဲ မဲဝုဒ်ကို စွန့်ခွာကာ ကီရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ ပြောင်းရွှေ့တော့မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ အတည်ပြုပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ မနှစ်ကတည်းက ပေါင် သန်း ၅၀ အကုန်အကျခံ တည်ဆောက်နေတဲ့ လေ့ကျင့်ရေးကွင်းကို အပြီးသတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့်လို့ ကိုရိုနာကပ်ဘေးကြောင့် တည်ဆောက်မှု လုပ်ငန်းတွေ နှောင့်နှေးခြင်းက လေ့ကျင့်ရေးကွင်းသစ် အပြီးသတ်ဖို့ ကိစ္စတွေကို ကြံ့ကြာစေခဲ့ပါတယ်။

မဲဝုဒ်ကိုတော့ အိမ်ခြေံမြေ လုပ်ငန်းထံ ပေါင် ၁၀ သန်းဖြင့် ရောင်းချခဲ့ပြီဖြစ်ကာ အဆိုပါ လေ့ကျင့်ရေးကွင်းကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အကုန်ထိ အသုံးပြုခွင့်တော့ ရယူထားတယ်။ လာမယ့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာပဲ လေ့ကျင့်ရေးကွင်းပြောင်းဖို့ ကိစ္စကို စတင်ဖို့ မန်နေဂျာကလော့ပ်နဲ့ တိုင်ပင်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၈ ရက်နေ့ မန်စီးတီးနဲ့ပွဲ မတိုင်ခင်မှာ မဲဝုဒ်ကို နောက်ဆုံးအကြိမ် အသုံးပြုမှာဖြစ်တယ်။ ဒါကြောင့် ဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေ အစပြုခဲ့တဲ့ နှစ်ပေါင်း ၆၀ ကြာ ပထမအသင်း လေ့ကျင့်ရေးအခြေစိုက်ဌာနေဟာ နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်။

မဲဝုဒ်ကို စွန့်ခွာရတဲ့ အကြောင်းရင်းက လူငယ်အသင်းနဲ့ စီနီယာအသင်းကို ပူးပေါင်း အုပ်ချုပ်ဖို့ အခက်တွေ့မှုကြောင့်ဖြစ်တယ်။ လီဗာပူးက လူငယ်တွေကို ကီရာဘီက အကယ်ဒမီကျောင်းမှာ သင်ကြားမှုတွေ လုပ်ပေမယ့် စီနီယာအသင်းက မဲဝုဒ်မှာ လေ့ကျင့်နေရတယ်။ ဒီနှစ်ဖွဲ့ကို တစ်နေရတည်းမှာပဲ မန်နေဂျာက စီမံခွင့်ဟာ ကလော့ပ် ဆန္ဒရှိတဲ့ ကိစ္စဖြစ်ပါတယ်။

ဒါကြောင့် မဲဝုဒ်ထက် များစွာ ကျယ်ဝန်းတဲ့ ကီရာဘီမှာ လေ့ကျင့်ရေးကွင်းကို တည်ဆောက်နေခဲ့တာဖြစ်တယ်။ ဒီကွင်းသစ်အတွက် ယာဂင်ကလော့ပ်က အဓိက ဦးဆောင်ခဲ့ပြီး အဝတ်လဲခန်းဆိုင်ရာ ကိစ္စတွေအတွက် ဟန်ဒါဆန်၊ မီလ်နာလို ကစားသမာားတွေက ကူညီပေးခဲ့ပါတယ်။

မော်ဒန် ဘောလုံးလောကမှာ ကလပ်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ အထောက်အကူပြု ပစ္စည်းတွေ ပါဝင်သလို ပွဲကြို တွေ့ဆုံမှုတွေလည်း အဆိုပါ လေ့ကျင့်ရေးကွင်းသစ်မှာ စတင်သွားတော့မှာဖြစ်တယ်။ ကြီးမားတဲ့ အားကစားဟောခန်းမ၊ ကြံ့ခိုင်ရေးရုံ၊ ရေကူးကန် အပြင် မဲဝုဒ်ကွင်းနဲ့ ပုံစံတူ မြက်ခင်းတွေကို သုံးထားတဲ့ ကွင်းကျယ် သုံးခုလည်း ပါဝင်ပါမယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္လမွာပဲ မဲဝုဒ္ကို စြန္႔ခြာကာ ကီရာဘီ ေလ့က်င့္ေရးကြင္းသစ္ထံ ေျပာင္းေရႊ႔ေတာ့မယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က The Athletic ကေန အတည္ျပဳပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ မႏွစ္ကတည္းက ေပါင္ သန္း ၅၀ အကုန္အက်ခံ တည္ေဆာက္ေနတဲ့ ေလ့က်င့္ေရးကြင္းကို အျပီးသတ္ဖို႔ ၾကိဳးစားေနတာပါ။ ဒါေပမယ့္လို႔ ကိုရိုနာကပ္ေဘးေၾကာင့္ တည္ေဆာက္မႈ လုပ္ငန္းေတြ ေႏွာင့္ေႏွးျခင္းက ေလ့က်င့္ေရးကြင္းသစ္ အျပီးသတ္ဖို႔ ကိစၥေတြကို ၾကံ႕ၾကာေစခဲ့ပါတယ္။

မဲဝုဒ္ကိုေတာ့ အိမ္ေျခံေျမ လုပ္ငန္းထံ ေပါင္ ၁၀ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီျဖစ္ကာ အဆိုပါ ေလ့က်င့္ေရးကြင္းကို ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အကုန္ထိ အသံုးျပဳခြင့္ေတာ့ ရယူထားတယ္။ လာမယ့္ ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္မွာပဲ ေလ့က်င့္ေရးကြင္းေျပာင္းဖို႔ ကိစၥကို စတင္ဖို႔ မန္ေနဂ်ာကေလာ့ပ္နဲ႔ တိုင္ပင္ျပီး ျဖစ္ပါတယ္။

ဒါေၾကာင့္ ေအာက္တိုဘာလ ၈ ရက္ေန႔ မန္စီးတီးနဲ႔ပြဲ မတိုင္ခင္မွာ မဲဝုဒ္ကို ေနာက္ဆံုးအၾကိမ္ အသံုးျပဳမွာျဖစ္တယ္။ ဒါေၾကာင့္ ဂႏၱဝင္မန္ေနဂ်ာၾကီး ဘီရွန္ကေလ အစျပဳခဲ့တဲ့ ႏွစ္ေပါင္း ၆၀ ၾကာ ပထမအသင္း ေလ့က်င့္ေရးအေျခစိုက္ဌာေနဟာ နိဂံုးခ်ဳပ္ေတာ့မွာ ျဖစ္ပါတယ္။

မဲဝုဒ္ကို စြန္႔ခြာရတဲ့ အေၾကာင္းရင္းက လူငယ္အသင္းနဲ႔ စီနီယာအသင္းကို ပူးေပါင္း အုပ္ခ်ဳပ္ဖို႔ အခက္ေတြ႔မႈေၾကာင့္ျဖစ္တယ္။ လီဗာပူးက လူငယ္ေတြကို ကီရာဘီက အကယ္ဒမီေက်ာင္းမွာ သင္ၾကားမႈေတြ လုပ္ေပမယ့္ စီနီယာအသင္းက မဲဝုဒ္မွာ ေလ့က်င့္ေနရတယ္။ ဒီႏွစ္ဖြဲ႔ကို တစ္ေနရတည္းမွာပဲ မန္ေနဂ်ာက စီမံခြင့္ဟာ ကေလာ့ပ္ ဆႏၵရွိတဲ့ ကိစၥျဖစ္ပါတယ္။

ဒါေၾကာင့္ မဲဝုဒ္ထက္ မ်ားစြာ က်ယ္ဝန္းတဲ့ ကီရာဘီမွာ ေလ့က်င့္ေရးကြင္းကို တည္ေဆာက္ေနခဲ့တာျဖစ္တယ္။ ဒီကြင္းသစ္အတြက္ ယာဂင္ကေလာ့ပ္က အဓိက ဦးေဆာင္ခဲ့ျပီး အဝတ္လဲခန္းဆိုင္ရာ ကိစၥေတြအတြက္ ဟန္ဒါဆန္၊ မီလ္နာလို ကစားသမာားေတြက ကူညီေပးခဲ့ပါတယ္။

ေမာ္ဒန္ ေဘာလံုးေလာကမွာ ကလပ္ေတြအတြက္ လိုအပ္တဲ့ အသံုးအေဆာင္ေတြနဲ႔ အေထာက္အကူျပဳ ပစၥည္းေတြ ပါဝင္သလို ပြဲၾကိဳ ေတြ႔ဆံုမႈေတြလည္း အဆိုပါ ေလ့က်င့္ေရးကြင္းသစ္မွာ စတင္သြားေတာ့မွာျဖစ္တယ္။ ၾကီးမားတဲ့ အားကစားေဟာခန္းမ၊ ၾကံ႕ခိုင္ေရးရံု၊ ေရကူးကန္ အျပင္ မဲဝုဒ္ကြင္းနဲ႔ ပံုစံတူ ျမက္ခင္းေတြကို သံုးထားတဲ့ ကြင္းက်ယ္ သံုးခုလည္း ပါဝင္ပါမယ္။