လီဗာပူးဟာ ဒီကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် ဒိန်းမတ်ကလပ် Midtjylland ကို အန်ဖီးကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Midtjylland ဟာ ဒိန်းမတ်ပြည်တွင်းက မြို့ခံပြိင်ဘက် နှစ်သင်းကို ပေါင်းစည်းမှုဖြင့် ၁၉၉၉ ခုနှစ်မှာ အသင်းသစ်အဖြစ် တည်ထောင်လာတဲ့ကလပ်ဖြစ်တယ်။ ၎င်းတို့ဟာ ဒိန်းမတ် ပြည်တွင်းကို လွှမ်းမိုးလာခဲ့ပြီး ဒီရာသီဟာ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ပါဝင်ခွင့် ရလာခြင်း ဖြစ်ပါတယ်။

ကလော့ပ်က “ သူတို့ကလပ်ရဲ့ ဇာတ်လမ်းပို ကျနော် သိပါတယ်။ ကိစ္စတွေဖြစ်လာဖို့ သူတို့ ကြိုးစားခဲ့ရတာကိုကောပေါ့။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတ့ ပရော်ဂျက်ပါပဲ။ သူတို့အသင်းအကြောင်းကို လေ့လာခွင့်တွေရထားခဲ့တော့ သူတို့က သိပ်ကောင်းတဲ့အသင်းဆိုတာ ကျနေ်ာတို့ သိပါတယ်။ သိပ်ကောင်းတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။

ကလော့ပ်က ဒေါ့မွန်ကနေ အနားယူနေခဲ့စဉ်တုန်းက Midtjylland ကို သွားဖို့ထိ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ သူက လီဗာပူးနဲ့ လက်မှတ်ထိုးခဲ့တာကြောင့် အဆိုပါ အစီအစဉ်က မဖြစ်ခဲ့ပါဘူး။

ကလော့ပ်ကပဲ ” အတ္တလန်တာကို ၄-၀ နဲ့ အရေးနိမ့်ခဲ့တာကတော့ သူတို့ရဲ့ ပွဲကောင်း မဟုတ်ခဲ့ဘူး။ ကျနော် ဒေါ့မွန်အသင်းကနေ အနားယူခဲ့စဉ်မှာ သူတို့အသင်းထံ သွားဖို့ကိုတောင် စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးအသင်းနဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ အရင် ၅ နှစ်လောက်တည်းက သူတို့က စိတ်ဝင်စားဖို့ ကောင်းခဲ့သေးတာပါ။

အခုတော့ ကျနေ်ာတို့ Midtjylland နဲ့ ရင်ဆိုင်ရတော့မယ်။ ဒိန်းမတ်ဘောလုံးအကြောင်း သိပ်တော့ မသိပေမယ့် သူတို့က ကျနော်ထံက လေးစားမှုကို သူတို့ရမှာပါ။ သူတို့ကို လေးစားပါတယ် ဘာလို့လည်းဆိုတော့ ကျနေ်ာတို့က ဘောလုံးအကြောင်း နားလည်လို့ပါပဲ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်ကလပ်ဟာ ကာလတိုနဲ့ အောင်မြင်လာခဲ့ရာမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ စုဖွဲ့မှုတွေကြောင့်လည်း ပါဝင်တယ်။ ကလော့ပ်ဟာ ကိုယ်တိုင်လည်း ဒေါ့မွန်ကို ပျိုးထောင်ခဲ့သူ၊ လီဗာပူးကို စုဖွဲ့မှုကောင်းအောင် ကြိုးစားခဲ့သူဖြစ်လို့ သူ့နဲ့ အတွေးအမြင်တူတဲ့ ကလပ်တွေကို အတော်လေး လေးစားလေ့ရှိတာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဒိန္းမတ္ကလပ္ Midtjylland ကို အန္ဖီးကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

Midtjylland ဟာ ဒိန္းမတ္ျပည္တြင္းက ျမိဳ႕ခံျပိင္ဘက္ ႏွစ္သင္းကို ေပါင္းစည္းမႈျဖင့္ ၁၉၉၉ ခုႏွစ္မွာ အသင္းသစ္အျဖစ္ တည္ေထာင္လာတဲ့ကလပ္ျဖစ္တယ္။ ၄င္းတို႔ဟာ ဒိန္းမတ္ ျပည္တြင္းကို လႊမ္းမိုးလာခဲ့ျပီး ဒီရာသီဟာ ကလပ္သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ကို ပါဝင္ခြင့္ ရလာျခင္း ျဖစ္ပါတယ္။

ကေလာ့ပ္က “ သူတို႔ကလပ္ရဲ႕ ဇာတ္လမ္းပို က်ေနာ္ သိပါတယ္။ ကိစၥေတြျဖစ္လာဖို႔ သူတို႔ ၾကိဳးစားခဲ့ရတာကိုေကာေပါ့။ အရမ္းကို စိတ္ဝင္စားဖို႔ေကာင္းတ့ ပေရာ္ဂ်က္ပါပဲ။ သူတို႔အသင္းအေၾကာင္းကို ေလ့လာခြင့္ေတြရထားခဲ့ေတာ့ သူတို႔က သိပ္ေကာင္းတဲ့အသင္းဆိုတာ က်ေန္ာတို႔ သိပါတယ္။ သိပ္ေကာင္းတဲ့ စိန္ေခၚမႈၾကီး ျဖစ္လာပါမယ္။ ” လို႔ ဆိုခဲ့တယ္။

ကေလာ့ပ္က ေဒါ့မြန္ကေန အနားယူေနခဲ့စဥ္တုန္းက Midtjylland ကို သြားဖို႔ထိ ၾကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လို႔ သူက လီဗာပူးနဲ႔ လက္မွတ္ထိုးခဲ့တာေၾကာင့္ အဆိုပါ အစီအစဥ္က မျဖစ္ခဲ့ပါဘူး။

ကေလာ့ပ္ကပဲ ” အတၱလန္တာကို ၄-၀ နဲ႔ အေရးနိမ့္ခဲ့တာကေတာ့ သူတို႔ရဲ႕ ပြဲေကာင္း မဟုတ္ခဲ့ဘူး။ က်ေနာ္ ေဒါ့မြန္အသင္းကေန အနားယူခဲ့စဥ္မွာ သူတို႔အသင္းထံ သြားဖို႔ကိုေတာင္ စိတ္ဝင္စားခဲ့ေပမယ့္ လီဗာပူးအသင္းနဲ႔ လက္မွတ္ထိုးခဲ့ပါတယ္။ အရင္ ၅ ႏွစ္ေလာက္တည္းက သူတို႔က စိတ္ဝင္စားဖို႔ ေကာင္းခဲ့ေသးတာပါ။

အခုေတာ့ က်ေန္ာတို႔ Midtjylland နဲ႔ ရင္ဆိုင္ရေတာ့မယ္။ ဒိန္းမတ္ေဘာလံုးအေၾကာင္း သိပ္ေတာ့ မသိေပမယ့္ သူတို႔က က်ေနာ္ထံက ေလးစားမႈကို သူတို႔ရမွာပါ။ သူတို႔ကို ေလးစားပါတယ္ ဘာလို႔လည္းဆိုေတာ့ က်ေန္ာတို႔က ေဘာလံုးအေၾကာင္း နားလည္လို႔ပါပဲ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒိန္းမတ္ကလပ္ဟာ ကာလတိုနဲ႔ ေအာင္ျမင္လာခဲ့ရာမွာ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္မႈနဲ႔ စုဖြဲ႔မႈေတြေၾကာင့္လည္း ပါဝင္တယ္။ ကေလာ့ပ္ဟာ ကိုယ္တိုင္လည္း ေဒါ့မြန္ကို ပ်ိဳးေထာင္ခဲ့သူ၊ လီဗာပူးကို စုဖြဲ႔မႈေကာင္းေအာင္ ၾကိဳးစားခဲ့သူျဖစ္လို႔ သူ႔နဲ႔ အေတြးအျမင္တူတဲ့ ကလပ္ေတြကို အေတာ္ေလး ေလးစားေလ့ရွိတာပဲ ျဖစ္ပါတယ္။