လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ အေဂျက်၊ အတ္တလန်တာအသင်းတို့အပြင် ဒိန်းမတ်ကလပ် Midtjylland နဲ့လည်း ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

ဒိန်းမတ်အဆင့်မြင့်တန်း ချန်ပီယံတွေဟာ သူတို့အသင်း သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်တယ်။ ၎င်းတို့အသင်း ဥက္ကဌကတော့ ပထမအသင်းဆိုင်ရာ ကိစ္စတွေကို စီမံပေးရတဲ့ ပုဂ္ဂိုလ်ဟာ မဲခွဲမှုမှာ လီဗာပူးနဲ့ အတွဲကျကြောင်း သိရချိန်မှာ ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။

Jorgen Kjaer လို့ အမည်ရတဲ့ Midtjylland အသင်း ပထမအသင်းဆိုင်ရာ တာဝန်ရှိသူဟာ ဘဝတစ်လျှောက်လုံးမှာ လီဗာပူးကို အမာခံ အားပေးခဲ့သူဖြစ်ကာ သူအားပေးရတဲ့ အသင်းနဲ့ ဒိန်းမတ်ကလပ်တို့ ယှဉ်ပြိုင်ရမှာက သူ့အတွက်တော့ အဓိပ္ပာယ် အများကြီး ရှိခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်ကလပ် ဥက္ကဌက ” သူ့အတွက်တော့ အန်ဖီးကွင်းကို သွားရမယ်ဆိုတဲ့ ကိစ္စက သိပ် သိပ်ပြီးကို ကြီးမားတဲ့ ကိစ္စပဲလေဗျာ။

ဒီလို ဇာတ်လမ်းတွေက ကျနေ်ာတို့ အသင်းမှာ အများကြီး ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကလူတွေအတွက် လီဗာပူးက ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာပါ။ ဒိန်းမတ်မှာ ကျနေ်ာတို့ ကလပ်ဝန်းကျင်က ပုဂ္ဂိုလ်တွေက ကလပ်နှစ်သင်းကိုပဲ အဓိက အားပေးကြပါတယ်။ တစ်သင်းက Midtjylland နဲ့ နောက်တစ်သင်းက လီဗာပူးပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးသမိုင်းမှာ နာမည်ကျော် ဒိန်းမတ်ကစားသမားကောင်းတွေ ရှိခဲ့ကြပြီး ပရီးမီးယားလိဂ်မှာ ထင်ရှားခဲ့သူတွေကတော့ ကွင်းလယ်လူ ဂျန်မိုလ်ဘီနဲ့ ခံစစ်မှူး အဂ္ဂါတို့ ဖြစ်ကြတယ်။

လီဗာပူးကနေ မထွက်ဘူးဆိုတာကို သက်သေပြဖို့ လက်ချောင်းမှာ တက်တူးထိုးတဲ့ထိ အသင်းပေါ် ချစ်စိတ်ပြင်းပြခဲ့တဲ့ အဂ္ဂါဟာ လီဗာပူးပရိသတ်တွေအတွက်တော့ သစ္စာတရားဆိုတာကို ကိုယ်စားပြုတဲ့ ကစားသမားဟောင်းကြီးလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာေတာ့ ေအဂ်က္၊ အတၱလန္တာအသင္းတို႔အျပင္ ဒိန္းမတ္ကလပ္ Midtjylland နဲ႔လည္း ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

ဒိန္းမတ္အဆင့္ျမင့္တန္း ခ်န္ပီယံေတြဟာ သူတို႔အသင္း သမိုင္းမွာ ပထမဆံုး အၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ကို ပါဝင္ယွဥ္ျပိဳင္ခြင့္ ရခဲ့ျခင္းျဖစ္တယ္။ ၄င္းတို႔အသင္း ဥကၠဌကေတာ့ ပထမအသင္းဆိုင္ရာ ကိစၥေတြကို စီမံေပးရတဲ့ ပုဂၢိဳလ္ဟာ မဲခြဲမႈမွာ လီဗာပူးနဲ႔ အတြဲက်ေၾကာင္း သိရခ်ိန္မွာ ဝမ္းသာလြန္းလို႔ ငိုေၾကြးခဲ့တယ္လို႔ ထုတ္ေျပာခဲ့တယ္။

Jorgen Kjaer လို႔ အမည္ရတဲ့ Midtjylland အသင္း ပထမအသင္းဆိုင္ရာ တာဝန္ရွိသူဟာ ဘဝတစ္ေလွ်ာက္လံုးမွာ လီဗာပူးကို အမာခံ အားေပးခဲ့သူျဖစ္ကာ သူအားေပးရတဲ့ အသင္းနဲ႔ ဒိန္းမတ္ကလပ္တို႔ ယွဥ္ျပိဳင္ရမွာက သူ႔အတြက္ေတာ့ အဓိပၸာယ္ အမ်ားၾကီး ရွိခဲ့တာ ျဖစ္ပါတယ္။

ဒိန္းမတ္ကလပ္ ဥကၠဌက ” သူ႔အတြက္ေတာ့ အန္ဖီးကြင္းကို သြားရမယ္ဆိုတဲ့ ကိစၥက သိပ္ သိပ္ျပီးကို ၾကီးမားတဲ့ ကိစၥပဲေလဗ်ာ။

ဒီလို ဇာတ္လမ္းေတြက က်ေန္ာတို႔ အသင္းမွာ အမ်ားၾကီး ရွိပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒီကလူေတြအတြက္ လီဗာပူးက ၾကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့တာပါ။ ဒိန္းမတ္မွာ က်ေန္ာတို႔ ကလပ္ဝန္းက်င္က ပုဂၢိဳလ္ေတြက ကလပ္ႏွစ္သင္းကိုပဲ အဓိက အားေပးၾကပါတယ္။ တစ္သင္းက Midtjylland နဲ႔ ေနာက္တစ္သင္းက လီဗာပူးပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးသမိုင္းမွာ နာမည္ေက်ာ္ ဒိန္းမတ္ကစားသမားေကာင္းေတြ ရွိခဲ့ၾကျပီး ပရီးမီးယားလိဂ္မွာ ထင္ရွားခဲ့သူေတြကေတာ့ ကြင္းလယ္လူ ဂ်န္မိုလ္ဘီနဲ႔ ခံစစ္မွဴး အဂၢါတို႔ ျဖစ္ၾကတယ္။

လီဗာပူးကေန မထြက္ဘူးဆိုတာကို သက္ေသျပဖို႔ လက္ေခ်ာင္းမွာ တက္တူးထိုးတဲ့ထိ အသင္းေပၚ ခ်စ္စိတ္ျပင္းျပခဲ့တဲ့ အဂၢါဟာ လီဗာပူးပရိသတ္ေတြအတြက္ေတာ့ သစၥာတရားဆိုတာကို ကိုယ္စားျပဳတဲ့ ကစားသမားေဟာင္းၾကီးလည္း ျဖစ္ပါတယ္။