လီဗာပူးမန်နေဂျာ ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ဘက် Midtjylland အသင်းကို လေးစားကြောင်းနဲ့ သူတို့ဟာ အန်ဖီးကို အရံှူးပေးဖို့ လာရောက်မယ့်သူတွေ မဟုတ်ကြောင်း အားလုံးကို သတိပေးလိုက်ပါတယ်။

Midtjylland အသင်းဟာ ၎င်းတို့ကလပ်ရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီရာသီမှာ ပါဝင်ယှဉ်ပြိုင်လာတာပါ။ ဒါပေမယ့် ဒိန်းမတ်ကလပ်ကို အသင်းငယ်အဖြစ် စကားပြောဖို့ထက် လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်အဖြစ် ကလော့ပ်က နွေးထွေးစွာ ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။

ကလော့ပ်က ” ငါတို့က သူတို့ကို အသင်းငယ်လေး တစ်သင်းလို့ မမြင်ပါဘူး။ သူတို့ကို အသင်းတစ်သင်းအဖြစ်ပဲ မြင်ပါတယ်။ ဒီအုပ်စုတွင်းမှာ တကယ်ကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းပါ။ ဒီအုပ်စုတွင်းက ကလပ်တွေက သူတို့ရဲ့ မြို့တွေက သိပ်လှတာကြောင့်ဆိုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲထဲကို ရောက်လာတာ မဟုတ်ပါဘူး။

သူတို့က ဘောလုံးအသင်းကောင်းတွေ ဖြစ်တာကြောင့်ပဲ အုပ်စုတွင်းကို ရောက်လာခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ဒီရာသီ မတိုင်ခင်မှာ ချန်ပီယံလိဂ်ထဲ ရောက်လာအောင် သူတို့ မှန်ကန်စွာ လုပ်နိုင်လို့ပါပဲ။ Brondby အသင်းနဲ့ ရင်ဆိုင်ကစားရာမှာ သူတို့ သိပ်ကို အထင်ကြီးဖို့ ကောင်းခဲ့တယ်။

အဲ့တာကပဲ သူတို့က မနှစ်က အသင်းကောင်းဖြစ်ခဲ့တာတင် မဟုတ်ဘဲ ဒီရာသီမှာလည်း အသင်းကောင်း ဖြစ်နေဆဲဆိုတာ ပြသပါတယ်။ သူတို့ ကစားသမားကောင်းတွေ ဘယ်လောက်ထိ ဆုံးရံှူးထားသလဲဆိုတာ ငါမသိဘူး။ မနှစ်က သူတို့ရဲ့ပွဲတွေကို မကြည့်ခဲ့ရဘူး။ ငါတို့အတွက်က ဒီနှစ်ရဲ့ သူတို့ပွဲတွေကိုပဲ ကြည့်ဖို့ လိုအပ်တာဖြစ်တယ်။

သူတို့က ဘောလုံးအသင်းပါ။ ငါတို့အားလုံး မြတ်နိုးရပြီး ပွဲတွေထဲမှာ အားလုံးက ဖြစ်နိုင်သလောက် အရာအားလုံး ရလိုတဲ့ အရာပဲဖြစ်ပါတယ်။ ငါတို့က အနိုင်ရလိုသလိုပဲ Midtjylland ဘက်ကလည်း အနိုင်ရလိုမယ်လို့ မြင်ပါတယ်။ သူတို့က အလံဖြူမထောင်သေးပါဘူး။ သူတို့က အန်ဖီးကို လာရောက်ပြီး အစွမ်းကုန် ကြိုးစားမှာပါ။

ပြိုင်ပွဲတိုင်းက ဒီလိုပဲဖြစ်ပြီး ငါတို့က အဲ့တာကို လေးစားပါတယ်။ ချန်ပီယံလိဂ်မှာ အသင်းငယ်ဆိုတာ မရှိပါဘူး။ ဘောလုံးအသင်းတွေပဲ ရှိပါတယ်။ ကိုယ်က အသင်းကြီးလား၊ အသင်းငယ်လားဆိုတာ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ မဟုတ်ဘဲ ကွင်းထဲမှာ ပြသရတာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္က ခ်န္ပီယံလိဂ္ျပိဳင္ဘက္ Midtjylland အသင္းကို ေလးစားေၾကာင္းနဲ႔ သူတို႔ဟာ အန္ဖီးကို အရံွဴးေပးဖို႔ လာေရာက္မယ့္သူေတြ မဟုတ္ေၾကာင္း အားလံုးကို သတိေပးလိုက္ပါတယ္။

Midtjylland အသင္းဟာ ၄င္းတို႔ကလပ္ရဲ႕ ခ်န္ပီယံလိဂ္သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ဒီရာသီမွာ ပါဝင္ယွဥ္ျပိဳင္လာတာပါ။ ဒါေပမယ့္ ဒိန္းမတ္ကလပ္ကို အသင္းငယ္အျဖစ္ စကားေျပာဖို႔ထက္ ေလးစားဖို႔ေကာင္းတဲ့ ျပိဳင္ဘက္အျဖစ္ ကေလာ့ပ္က ေႏြးေထြးစြာ ၾကိဳဆိုလိုက္တာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” ငါတို႔က သူတို႔ကို အသင္းငယ္ေလး တစ္သင္းလို႔ မျမင္ပါဘူး။ သူတို႔ကို အသင္းတစ္သင္းအျဖစ္ပဲ ျမင္ပါတယ္။ ဒီအုပ္စုတြင္းမွာ တကယ္ကို စိန္ေခၚႏုိင္မယ့္ အသင္းတစ္သင္းပါ။ ဒီအုပ္စုတြင္းက ကလပ္ေတြက သူတို႔ရဲ႕ ျမိဳ႔ေတြက သိပ္လွတာေၾကာင့္ဆိုျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲထဲကို ေရာက္လာတာ မဟုတ္ပါဘူး။

သူတို႔က ေဘာလံုးအသင္းေကာင္းေတြ ျဖစ္တာေၾကာင့္ပဲ အုပ္စုတြင္းကို ေရာက္လာခဲ့တာပါ။ ဘာလို႔လည္းဆိုေတာ့ ဒီရာသီ မတိုင္ခင္မွာ ခ်န္ပီယံလိဂ္ထဲ ေရာက္လာေအာင္ သူတို႔ မွန္ကန္စြာ လုပ္ႏုိင္လို႔ပါပဲ။ Brondby အသင္းနဲ႔ ရင္ဆိုင္ကစားရာမွာ သူတို႔ သိပ္ကို အထင္ၾကီးဖို႔ ေကာင္းခဲ့တယ္။

အဲ့တာကပဲ သူတို႔က မႏွစ္က အသင္းေကာင္းျဖစ္ခဲ့တာတင္ မဟုတ္ဘဲ ဒီရာသီမွာလည္း အသင္းေကာင္း ျဖစ္ေနဆဲဆိုတာ ျပသပါတယ္။ သူတို႔ ကစားသမားေကာင္းေတြ ဘယ္ေလာက္ထိ ဆံုးရံွဴးထားသလဲဆိုတာ ငါမသိဘူး။ မႏွစ္က သူတို႔ရဲ႕ပြဲေတြကို မၾကည့္ခဲ့ရဘူး။ ငါတုိ႔အတြက္က ဒီႏွစ္ရဲ႕ သူတို႔ပြဲေတြကိုပဲ ၾကည့္ဖို႔ လိုအပ္တာျဖစ္တယ္။

သူတို႔က ေဘာလံုးအသင္းပါ။ ငါတို႔အားလံုး ျမတ္ႏိုးရျပီး ပြဲေတြထဲမွာ အားလံုးက ျဖစ္ႏုိင္သေလာက္ အရာအားလံုး ရလိုတဲ့ အရာပဲျဖစ္ပါတယ္။ ငါတို႔က အႏုိင္ရလိုသလိုပဲ Midtjylland ဘက္ကလည္း အႏုိင္ရလိုမယ္လို႔ ျမင္ပါတယ္။ သူတို႔က အလံျဖဴမေထာင္ေသးပါဘူး။ သူတို႔က အန္ဖီးကို လာေရာက္ျပီး အစြမ္းကုန္ ၾကိဳးစားမွာပါ။

ျပိဳင္ပြဲတိုင္းက ဒီလိုပဲျဖစ္ျပီး ငါတုိ႔က အဲ့တာကို ေလးစားပါတယ္။ ခ်န္ပီယံလိဂ္မွာ အသင္းငယ္ဆိုတာ မရွိပါဘူး။ ေဘာလံုးအသင္းေတြပဲ ရွိပါတယ္။ ကိုယ္က အသင္းၾကီးလား၊ အသင္းငယ္လားဆိုတာ ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ မဟုတ္ဘဲ ကြင္းထဲမွာ ျပသရတာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။