လီဗာပူးအသင်းဟာ ကီရာဘီမှာရှိတဲ့ လေ့ကျင့်ရေးစင်တာအသစ်အတွက် နာမည် သုံးစွဲခွင့်နဲ့ ပက်သက်ပြီး AXA နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကွင်းသစ်ကိုတော့ AXA Training Centre လို့ သုံးစွဲသွားမှာဖြစ်တယ်။ AXA ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး ဝတ်စုံ စပွန်ဆာ ကုမ္ပဏီဖြစ်ကာ အခုဆိုရင်တော့ လေ့ကျင့်ရေးပိုင်းမှာ စင်တာ အပါအဝင် အလုံးစုံသော တွဲဘက်ဖြစ်လာပါမယ်။

ဒီလက်တွဲမှုအတွက် လီဗာပူးအသင်းဘက်ကကော၊ AXA ဘက်ကပါ ဝမ်းမြောက်ကြောင်းတွေ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ကလပ်ဘက်ကတော့ စင်တာသစ်ကို နိုဝင်ဘာလ အလယ်မှာ မိတ်ဆက်မှာဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာခဲ့ရင်တော့ မဲဝုဒ်အစား အက်ဆာ လေ့ကျင့်ရေးစင်တာကို စတင်ကာ သုံးစွဲမှာဖြစ်ပါတယ်။

အက်ဆာ လေ့ကျင့်ရေးစင်တာကိုတော့ တည်ဆောက်မှု ပုံရိပ်တွေ၊ အကြမ်းထည် ပုံရိပ်တွေနဲ့ ဗီဒီယို အချို့ကလွဲလို့ ပရိသတ်တွေက တစ်ကြိမ်မှ မြင်တွေ့ရခြင်း မရှိသေးပါဘူး။ ဒီကနေ့ စင်တာရဲ့ နာမည်ကို အတည်ပြုမှုနဲ့အတူ အတွင်းပိုင်း ပုံတွေကို အနည်းငယ် ဖော်ပြလာခဲ့တယ်။

အဆိုပါ စင်တာမှာ အန်းဖီးကွင်းက အဓိက မြက်ခင်းကွင်းအရွယ် ကွင်းကြီး ၃ ကွင်း၊ ဂိုးသမားနဲ့ အသင်းလိုက် သွေးပူလေ့ကျင့်ရေး ဧရိယာ၊ gym နှစ်ခု အပါအဝင် မိုးလုံလေလုံ အားကစားခန်းမ ၂ ခု၊ အားကစား ဟောခန်းမကြီး တစ်ခု၊ ရေကူးကန်၊ အားကစား-သိပ္ပံဆိုင်ရာ အထောက်အကူ နေရာတွေ ပါဝင်ပါမယ်။

လီဗာပူးအသင်းဟာ ရာသီစတုန်းက Western Union နဲ့ လမ်းခွဲထားခဲ့ပြီး လက်မောင်း စပွန်ဆာ မပါဘဲ ရာသီသစ် စတင်လာတာပါ။ ဒါပေမယ့်လို့ မကြာသေးခင်ကပဲ ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Expedia နဲ့ လက်တွဲထားပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လက်မောင်းအတွင်း Expedia လိုဂိုကို တပ်ဆင်ကစားနေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကီရာဘီမွာရွိတဲ့ ေလ့က်င့္ေရးစင္တာအသစ္အတြက္ နာမည္ သံုးစြဲခြင့္နဲ႔ ပက္သက္ျပီး AXA နဲ႔ သေဘာတူညီမႈ ရရွိခဲ့ျပီျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းသစ္ကိုေတာ့ AXA Training Centre လို႔ သံုးစြဲသြားမွာျဖစ္တယ္။ AXA ဟာ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရး ဝတ္စံု စပြန္ဆာ ကုမၸဏီျဖစ္ကာ အခုဆိုရင္ေတာ့ ေလ့က်င့္ေရးပိုင္းမွာ စင္တာ အပါအဝင္ အလံုးစံုေသာ တြဲဘက္ျဖစ္လာပါမယ္။

ဒီလက္တြဲမႈအတြက္ လီဗာပူးအသင္းဘက္ကေကာ၊ AXA ဘက္ကပါ ဝမ္းေျမာက္ေၾကာင္းေတြ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တယ္။ ကလပ္ဘက္ကေတာ့ စင္တာသစ္ကို ႏိုဝင္ဘာလ အလယ္မွာ မိတ္ဆက္မွာျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္ကေန ျပန္လာခဲ့ရင္ေတာ့ မဲဝုဒ္အစား အက္ဆာ ေလ့က်င့္ေရးစင္တာကို စတင္ကာ သံုးစြဲမွာျဖစ္ပါတယ္။

အက္ဆာ ေလ့က်င့္ေရးစင္တာကိုေတာ့ တည္ေဆာက္မႈ ပံုရိပ္ေတြ၊ အၾကမ္းထည္ ပံုရိပ္ေတြနဲ႔ ဗီဒီယို အခ်ိဳ႔ကလြဲလို႔ ပရိသတ္ေတြက တစ္ၾကိမ္မွ ျမင္ေတြ႔ရျခင္း မရွိေသးပါဘူး။ ဒီကေန႔ စင္တာရဲ႕ နာမည္ကို အတည္ျပဳမႈနဲ႔အတူ အတြင္းပိုင္း ပံုေတြကို အနည္းငယ္ ေဖာ္ျပလာခဲ့တယ္။

အဆိုပါ စင္တာမွာ အန္းဖီးကြင္းက အဓိက ျမက္ခင္းကြင္းအရြယ္ ကြင္းၾကီး ၃ ကြင္း၊ ဂိုးသမားနဲ႔ အသင္းလိုက္ ေသြးပူေလ့က်င့္ေရး ဧရိယာ၊ gym ႏွစ္ခု အပါအဝင္ မိုးလံုေလလံု အားကစားခန္းမ ၂ ခု၊ အားကစား ေဟာခန္းမၾကီး တစ္ခု၊ ေရကူးကန္၊ အားကစား-သိပၸံဆိုင္ရာ အေထာက္အကူ ေနရာေတြ ပါဝင္ပါမယ္။

လီဗာပူးအသင္းဟာ ရာသီစတုန္းက Western Union နဲ႔ လမ္းခြဲထားခဲ့ျပီး လက္ေမာင္း စပြန္ဆာ မပါဘဲ ရာသီသစ္ စတင္လာတာပါ။ ဒါေပမယ့္လို႔ မၾကာေသးခင္ကပဲ ခရီးသြားလာမႈဆိုင္ရာ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီၾကီးျဖစ္တဲ့ Expedia နဲ႔ လက္တြဲထားျပီး ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြမွာ လက္ေမာင္းအတြင္း Expedia လိုဂိုကို တပ္ဆင္ကစားေနျပီျဖစ္ပါတယ္။